Sales Hotline : 09448001653       Download App



Australia Awards Scholarships လျှောက်ထားနိုင်ပါပြီ

**Unicode**

Australia Awards Scholarships သည် သြစတြေးလျအစိုးရကပေးအပ်တဲ့ပညာသင်ဆုတစ်ခုဖြစ်ပါတယ်။ (၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်မှ ဧပြီ (၁၀) ရက်နေ့အထိလျှောက်ထားနိုင်ပြီး နှစ်စဉ်နှစ်တိုင်းပေးအပ်တဲ့ Fully Funded Scholarship ဖြစ်ပါတယ်။ မြန်မာကျောင်းသားများအတွက် Master တန်းကိုလျှောက်ထားနိုင်ပါတယ်။

**လျှောက်ထားနိုင်သော ဘာသာရပ်များမှာ**
- Education
- Human Resource Development
- Trade and Private Sector Development
- Social Inclusion and Human Rights
- Regional Stability
- Environment and Natural Resources

ပညာသင်ဆုရရှိတဲ့အခါ အပြန်ခရီးအတွက် ခရီးစရိတ်၊ ကျောင်းလခ၊ နေထိုင်စရိတ်၊ ပညာသင်ဆုကာလအတွင်းကျန်းမာရေးစရိတ်၊ အပိုဆောင်းပညာရေးအထောက်အပံ့၊ သုတေသနကျောင်းသားများနှင့် မာစတာများအတွက် ကွင်းဆင်းစရိတ်များကိုရရှိမှာဖြစ်ပါတယ်။

**Scholarship လျှောက်ထားရန်လိုအပ်သော အချက်များ**
- IELTS/TOEFL အမှတ်ရှိထားဖို့မလိုပါ။
- သြစတြေးလျတက္ကသိုလ်တွေရဲ့ဝင်ခွင့်အတွက် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု (IELTS 6.0 ကနေ 6.5) တော့ရှိဖို့လိုပါတယ်။
- လျှောက်ထားသူသည် မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံတွင်နေထိုင်သူဖြစ်ရပါမည်။ 
- (၂၀၂၀) ခုနှစ်၊ ဧပြီလ (၃၀) ရက်မှာ အသက် (၂၅) နှစ်ပြည့်ပြီးသူဖြစ်ရပါမယ်။
- လုပ်သက် (၂) နှစ်ရှိထားရပါမည်။ (အလုပ်အတွေ့အကြုံနှင့် ဆက်စပ်မှုရှိသော ဘာသာရပ်ရွေးချယ်လျှောက်ထားသူများကို ဦးစားပေးပါမည်။)
- ပညာသင်ဆုအတွက် ရွေးချယ်ခံရတဲ့အခါ IELTS မရှိထားရင် အဲ့ဒီအချိန်အတွင်း ဖြေဆိုရမည်ဖြစ်ပါတယ်။ (DFT က စာမေးပွဲကြေးထောက်ပံ့ပေးပါမည်။)
- ပညာသင်ဆုရရှိပြီး အင်္ဂလိပ်စာအားနည်းနေသေးသောသူများအတွက် အင်္ဂလိပ်ဘာသာစကားအတွက် (၁၂) လထိသင်တန်းပေးမည်ဖြစ်ပါတယ်။

ပညာသင်ဆုအင်တာဗျူးကို (၂၀၂၀) ခုနှစ်၊ ဇူလိုင်လတွင်ပြုလုပ်မည်ဖြစ်ပြီး သြဂုတ်လတွင်ဆုရရှိသူများကို ကြေညာပေးသွားမှာဖြစ်ပါတယ်။

အသေးစိတ်ကိုတော့ (www.studyinaustralia.gov.au) တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။

Source: Internet Journal

 

**Zawgyi**

Australia Awards Scholarships သည္ ၾသစေၾတးလ်အစိုးရကေပးအပ္တဲ့ပညာသင္ဆုတစ္ခုျဖစ္ပါတယ္။ (၂၀၂၀) ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁) ရက္မွ ဧၿပီ (၁၀) ရက္ေန႔အထိေလွ်ာက္ထားႏိုင္ၿပီး ႏွစ္စဥ္ႏွစ္တိုင္းေပးအပ္တဲ့ Fully Funded Scholarship ျဖစ္ပါတယ္။ ျမန္မာေက်ာင္းသားမ်ားအတြက္ Master တန္းကိုေလွ်ာက္ထားႏိုင္ပါတယ္။

**ေလွ်ာက္ထားႏိုင္ေသာ ဘာသာရပ္မ်ားမွာ**
- Education
- Human Resource Development
- Trade and Private Sector Development
- Social Inclusion and Human Rights
- Regional Stability
- Environment and Natural Resources

ပညာသင္ဆုရရွိတဲ့အခါ အျပန္ခရီးအတြက္ ခရီးစရိတ္၊ ေက်ာင္းလခ၊ ေနထိုင္စရိတ္၊ ပညာသင္ဆုကာလအတြင္းက်န္းမာေရးစရိတ္၊ အပိုေဆာင္းပညာေရးအေထာက္အပံ့၊ သုေတသနေက်ာင္းသားမ်ားႏွင့္ မာစတာမ်ားအတြက္ ကြင္းဆင္းစရိတ္မ်ားကိုရရွိမွာျဖစ္ပါတယ္။

**Scholarship ေလွ်ာက္ထားရန္လိုအပ္ေသာ အခ်က္မ်ား**
- IELTS/TOEFL အမွတ္ရွိထားဖို႔မလိုပါ။
- ၾသစေၾတးလ်တကၠသိုလ္ေတြရဲ႕ဝင္ခြင့္အတြက္ အဂၤလိပ္ဘာသာစကားကြၽမ္းက်င္မႈ (IELTS 6.0 ကေန 6.5) ေတာ့ရွိဖို႔လိုပါတယ္။
- ေလွ်ာက္ထားသူသည္ ျမန္မာႏိုင္ငံသားျဖစ္ရမည္ျဖစ္ၿပီး လက္ရွိျမန္မာႏိုင္ငံတြင္ေနထိုင္သူျဖစ္ရပါမည္။ 
- (၂၀၂၀) ခုႏွစ္၊ ဧၿပီလ (၃၀) ရက္မွာ အသက္ (၂၅) ႏွစ္ျပည့္ၿပီးသူျဖစ္ရပါမယ္။
- လုပ္သက္ (၂) ႏွစ္ရွိထားရပါမည္။ (အလုပ္အေတြ႕အႀကဳံႏွင့္ ဆက္စပ္မႈရွိေသာ ဘာသာရပ္ေ႐ြးခ်ယ္ေလွ်ာက္ထားသူမ်ားကို ဦးစားေပးပါမည္။)
- ပညာသင္ဆုအတြက္ ေ႐ြးခ်ယ္ခံရတဲ့အခါ IELTS မရွိထားရင္ အဲ့ဒီအခ်ိန္အတြင္း ေျဖဆိုရမည္ျဖစ္ပါတယ္။ (DFT က စာေမးပြဲေၾကးေထာက္ပံ့ေပးပါမည္။)
- ပညာသင္ဆုရရွိၿပီး အဂၤလိပ္စာအားနည္းေနေသးေသာသူမ်ားအတြက္ အဂၤလိပ္ဘာသာစကားအတြက္ (၁၂) လထိသင္တန္းေပးမည္ျဖစ္ပါတယ္။

ပညာသင္ဆုအင္တာဗ်ဴးကို (၂၀၂၀) ခုႏွစ္၊ ဇူလိုင္လတြင္ျပဳလုပ္မည္ျဖစ္ၿပီး ၾသဂုတ္လတြင္ဆုရရွိသူမ်ားကို ေၾကညာေပးသြားမွာျဖစ္ပါတယ္။

အေသးစိတ္ကိုေတာ့ (www.studyinaustralia.gov.au) တြင္ ဝင္ေရာက္ေလ့လာႏိုင္ပါတယ္။

Source: Internet Journal

International Latest Post Read 1391 times