Sales Hotline : 09448001653       Download App



Austalia Awards Scholarships, 2022 ကို စတင်လျှောက်ထားနိုင်တော့မည်

သြစတေးလျအစိုးရပညာသင်ဆုတစ်ခုဖြစ်တဲ့ Australia Awards Scholarships ကို ခုလာမယ့် ဖေဖော်ဝါရီ ၁ရက်ကနေ စတင်လျှောက်ထားနိုင်ပါတော့မယ်။ ကြိုပြင်ဆင်ထားနိူင်အောင်ကြိုတင်ပေးလိုက်ပါတယ်။

AAS ကနှစ်စဉ်နှစ်တိုင်း Annually ပေးတဲ့ Full ပညာသင်ဆုဖြစ်ပြီး ဖေဖော်ဝါရီ ၁ရက်နေ့ကနေ ဧပရယ်လ ၃၀ ထိလျှောက်ထားနိုင်ပါတယ်။ 

မာစတာတန်းနဲ့ PhD တွက်ပေးပေမယ့် မြန်မာကျောင်းသားတွေတွက် Master တန်းဘဲလျှောက်ထားလို့ရပါတယ်။ 

Australia Awards Scholarsips လျှောက်ဖို့တွက် IELTS/TOEFL အမှတ်ရှိထားဖို့မလိုပါဘူး။ 

သို့ပေမယ့် သြစတေးလျတက္ကသိုလ်တွေရဲ့ဝင်ခွင့်တွက် အင်္ဂလိပ်ဘာသာစကားကျွမ်းကျွမ်းကျင်ကျင် (IELTS 6.0 ကနေ 6.5) ရှိဖို့လိုပါတယ်။ 

လျှောက်ထားသူသည် မြန်မာနိုင်ငံသားဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံတွင်နေထိုင်နေသူ ဖြစ်ရပါမည်။

လာမယ့် ဧပရယ်လ ၃၀ရက်နေ့တွင် အသက် ၂၅နှစ် ပြည့်ပြီးသူဖြစ်ရပါမည်။ အသက် ၂၅ နှစ်နှင့် အထက် ရှိသူဖြစ်ရပါမည်။ လုပ်သက် ၂ နှစ်ရှိထားရပါမည်။ အလုပ်တွေ့ကြုံနှင့်ဆက်စပ်မှုရှိသော ဘာသာရပ်ရွေးချယ်လျှောက်ထားသူများကိုဦးစားပေးပါမည်။

အင်တာဗျူး ပါတဲ့သူတွေက IELTS မရှိထားရင် အဲတောတွင်းဖြေရပါမယ်။ DEFT ကစာမေးပွဲကြေးထောက်ပေးပါမည်။ စကော်လားရှစ်ရသွားတဲ့ခါ အင်္ဂလိပ်စာအားနည်းနေသေးတဲ့သူတွေတွက် အင်္ဂလိပ်ဘာသာစကားတွက် ၆ လ ထိ သင်တန်းပေးပါမည်။ 

မြန်မာကျောင်းသားတွေလျှောက်ထားလို့ရသောဘာသာရပ်များ

ဘာသာရပ်တွေက တစ်နှစ်နဲ့တစ်နှစ်အနည်းငယ်ကွဲနိူင်ပေမယ့် ယခုနှစ်တွက် Public Health တွက်ပါ လျှောက်ထားခွင့် ထပ်ပေးထားပါတယ်။

• Education (education policy, quality assurance and statistics, student learning assessment, education economics, technical and vocational education and training (TVET), curriculum studies)
• Human resource development (public administration, human resource management, labour market economics, information management)
• Trade and private sector development (economics, financial analysis, international business, infrastructure, trade policy, public policy, tax, energy engineering, mining)
• Gender equality, Social inclusion and human rights (gender, disability, development, international human rights law, peace/conflict)
• Regional stability (international relations, diplomacy, transnational crime)
• Environment and natural resources (natural resource management, water resources, climate change, disaster risk management, environment, conservation)
• Public Health (epidemiology, public health, 
health security, health economics, disease control, bio 
security)
Application Deadline - 30 April, 2021

လိုအပ်သောစာရွက်စာတမ်းများနှင့် လျှောက်ထားနည်းအသေးစိတ်သိရှိလိုပါက အောက်ပြပါပညာသင်ဆုလင့်ထဲ သို့ဝင်ရောက်လေ့လာနိုင်ပါတယ်။

Scholarship Link >>>> Click Here

International Scholarships for Myanmar Students

Latest Post International Read 992 times