Sales Hotline : 09448001653       Download App



Association of Accounting Technicians (AAT) စာရင်းကိုင်ကျွမ်းကျင်အသင်း

** Unicode **

AAT ဆိုသည်မှာ စာရင်းကိုင်ကျွမ်းကျင်အသင်း (Association of Accounting Technicians)ဖြစ်ပါတယ်။

ယူကေ၏ ကမ္ဘာ့ထိပ်တန်းအရည်အချင်းပြည့်မီသည့် စာရင်းကျွင်းကျင်ပညာရှင်များနှင့် စာရင်းအင်းပြုစုသူအဖွဲ့ဝင်ပေါင်း (၁၃၀,၀၀၀) ကျော်ပါဝင်ပြီး နိုင်ငံပေါင်း (၁၀၀) ကျော်မှာတည်ရှိသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။

ပညာအရည်အချင်းနှင့် အသက်အရွယ်များကို အခြေခံခြင်းမပြုဘဲ အသိအမှတ်ပြုကျွမ်းကျင်လက်မှတ်များအတွက် စာရင်းအင်းနဲ့ပတ်သက်တဲ့ပညာရပ်များကို မည်သူမဆိုသင်ယူနိုင်ပါတယ်။

** AAT စာရင်းကိုင်တစ်ဦးအနေဖြင့် လုပ်ဆောင်နိုင်သောအလုပ်များ
- ဘဏ္ဍာရေးဆိုင်ရာစာရင်းကိုင် (Financial Accountant)
- စီးပွားရေးဆိုင်ရာဆန်းစစ်လေ့လာသူ (Commercial Analyst)
- အကြီးတန်းဘဏ္ဍာရေးမှူး (Senior Finance Officer)
- လစာစီမံခန့်ခွဲရေးမန်နေဂျာ (Payroll Manager)
- VAT စာရင်းကိုင် (VAT Accountant)
- အခွန်ကြီးကြပ်ရေးမှူး (tax Supervisor) များအဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်ပါသည်။

** အသိအမှတ်ပြုခြင်း
- AAT အဖွဲ့အစည်းသည် ပညာသင်ယူတတ်မြောက်မှု အရည်အချင်းလက်မှတ်များကို ယူကေနိုင်ငံတစ်ဝန်းရှိ စာရင်းအင်းပညာရေးနယ်ပယ်တွင် (၈၀ %) ထိပေးဆပ်ခဲ့ပြီးဖြစ်ပါတယ်။

Read More:>>>>  B.Ed စာပေးစာယူသင်တန်းများကို ဧပြီ (၁၉) ရက်တွင်စတင်ဖွင့်လှစ်မည်

** မြန်မာနိုင်ငံတွင် AAT ၏ ရပ်တည်မှု
- စီမံခန့်ခွဲမှုစာရင်းကိုင်သင်တန်းကျောင်းတစ်ခုဖြစ်သော MAS Education သည်စာရင်းကိုင်ပညာရှင်များအသင်း (AAT)မှ အသိအမှတ်ပြုထားသော ပထမဦးဆုံးသင်တန်း ကျောင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် AAT Level 2 စာရင်းကိုင်ပညာနှင့် Level 3 စာရင်းကိုင်ပညာကိုင်များကို သင်ကြားပို့ချပေးလျက်ရှိပါတယ်။

School Furniture (3) ကျောင်းသုံးပရိဘောဂပစ္စည်းများနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။

** AAT ရဲ့ထောက်ခံမှုကို ရရှိထားသောကျောင်းများ
- Excellent Choice Institute 
- Strategy First Institute
- Everdone Business School

Credit: Internet

 

** Zawgyi **





** အသိအမှတ်ပြုခြင်း

Read More:>>>>  B.Ed စာပေးစာယူသင်တန်းများကို ဧပြီ (၁၉) ရက်တွင်စတင်ဖွင့်လှစ်မည်


School Furniture (3) ကျောင်းသုံးပရိဘောဂပစ္စည်းများနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။


Credit: Internet

Latest Post News Tips Read 973 times