Sales Hotline : 09448001653       Download App



အာရှကျောင်းသူကျောင်းသားများ ပြည်ပပညာရေးအတွက် အာရှနိုင်ငံကို ရွေးချယ်မှု ပိုများလာမည်

အာရှကျောင်းသားများသည် နောက်လာမည့်နှစ်များတွင် ပြည်ပပညာရေးအတွက် အနောက်တိုင်းရှိ လူကြိုက်များသည့်နေရာများအစား အာရှဒေသတွင်းရှိ တက္ကသိုလ်များကို ပိုမိုရှာဖွေလာကြလိမ့်မည်ဟု QS ၏ ‘Your Higher Education Spotlight on Asia’ အစီရင်ခံစာ အသစ်က ဖော်ပြသည်။
ယင်းအစီရင်ခံစာသည် အာရှနိုင်ငံအချို့ရှိ ကျောင်းသူကျောင်းသားများ မည်သည့် ပြည်ပတက္ကသိုလ်တွင် တက်ရောက်မည်ကို ရွေးချယ်ဆုံးဖြတ်သည့် ဖြစ်စဉ်ကို အခြေခံပြီး စစ်တမ်းကောက်ယူကာ ကောက်ချက်ချထားသည်။ ထို့အတွက် တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် ဆောင်ရွက်ခဲ့သည်။ 

ပြည်ပပညာရေးအတွက် သင်ယူလိုသော တက္ကသိုလ် တည်ရှိသည့် နိုင်ငံကို ဆန္ဒပြုခိုင်းသည့် မေးခွန်းကို ဖြေကြားကြရာ၌ အမေရိကန်ကို အများဆုံး ရွေး ချယ်ကြသည်။ ဒုတိယနေရာတွင် ယူကေ ရှိသည်။ ထို့နောက် ဂျာမနီ၊ ဂျပန်၊  သြစတေးလျနှင့် တရုတ်နိုင်ငံကို ရွေးချယ်သည်။ 

Top 5 ranking တွင် ဂျပန်နှင့် တရုတ်တို့ ပါဝင်နေခြင်းသည် နိုင်ငံတကာပညာရေးတွင် လာမည့်နှစ်များ၌ အာရှဒေသတွင်းရှိ နိုင်ငံတွင် ပြည်ပပညာရေး ဆည်းပူးမှု ပိုများလာမည့် သဘော ရှိသည်။ 
စစ်တမ်းကောက်ယူမှုတွင် မပါဝင်သော နိုင်ငံများတွင်လည်း ပြည်ပပညာရေးအတွက် အာရှနိုင်ငံကို ရွေးချယ်မှု မြင့်တက်လာနေသည်။ နိုင်ငံတကာ ပညာရေးကဏ္ဍမှ လုပ်ငန်းတစ်ခုဖြစ်သော BMI မှ အထူးစီမံကိန်းဒါရိုက်တာ Spencer Hawkes က “အာရှကျောင်းသူကျောင်းသားတွေ အာရှနိုင်ငံမှာ ပြည်ပပညာရေး ဆည်းပူးတဲ့ ခေတ်ရေစီးကြောင်းက ဖြစ်ပေါ်နေပြီးသားပါ” ဟု မှတ်ချက်ပြုသည်။ “ဗီယက်နမ်ကို ကြည့်ရင် အဲဒီက ကျောင်းသူကျောင်းသားတွေအတွက် နံပါတ်(၁) က ဂျပန် ဖြစ်နေတယ်။ ဂျပန်မှာ ပညာသင်ဖို့ ရွေးကြတယ်။ အခုလို ရွေးချယ်မှုကြောင့် အနောက်တိုင်း တက္ကသိုလ်တွေမှာ လာသင်ကြမယ့် အာရှကျောင်းသူကျောင်းသား အရေအတွက် နည်းသွားမလား။ အဲဒီလိုတော့ ဖြစ်မယ် မထင်ဘူး။ ဘာလို့လဲဆိုတော့ ပင်လယ်ရပ်ခြား ပညာရေး သင်ယူသူဦးရေက အာရှမှာ တစ်နှစ်ထက် တစ်နှစ် ပိုများလာနေတော့ အနောက်တိုင်း ပညာရေးဈေးကွက်ထဲ ဝင်လာမယ့်သူ လျော့နည်းမှာ မဟုတ်ဘူး” 
IDP Connect ၏ CEO ဖြစ်သူ Simon Emmett က ပြောကြားသည်မှာ အာရှတွင် ပြည်ပပညာရေး သင်ယူသူတို့အကြား ရေပန်းစားသည့် ယူကေနှင့် သြစတေးလျတို့ထက်တော့ အာရှနိုင်ငံရွေးချယ်မှု ပိုများမည် မဟုတ်။ သို့သော် မလေးရှား၊ စင်ကာပူနှင့် တောင်ကိုရီးယားတို့တွင် လာရောက်သင်ယူသည့် ပြည်ပကျောင်းသူကျောင်းသားဦးရေ ပိုများလာနေသည်။ “တရုတ်နိုင်ငံမှ တက္ကသိုလ်တွေနဲ့ သင်ရိုးတွေမှာ သင်ကြတာ များတယ်။ ပြီးရင် မလေးရှားက ရေပန်းအစားဆုံး ဖြစ်လာနေတယ်” ဟု သူက ဖြည့်စွက်ပြောကြားသည်။ 
“ထိုင်းနိုင်ငံမှ ပြည်ပပညာသင် ထွက်ကြတဲ့သူဦးရေက သိသိသာသာ ကြီးထွားလာတယ်။ ပြည်ပပညာရေးအတွက် ရွေးချယ်ကြတာမှာ တရုတ်နိုင်ငံက စတုတ္ထနေရာမှာ ရောက်နေတယ်” ဟု ဖြည့်စွက်ပြောကြားသည်။ 

Secondary (34) အလယ္္တန္းေက်ာင္းမ်ားႏွင့္ ပတ္သက္ျပီး (၃၄) ခု ရွာရန္ႏွိပ္ပါ။

‘Your Higher Education Spotlight on Asia’ အစီရင်ခံစာတွင် စိတ်ဝင်စားစရာကောင်းသည်မှာ ပြည်ပပညာရေးအတွက် တက္ကသိုလ် ရွေးချယ်သည့် ဖြစ်စဉ်တွင် ကျောင်းသူကျောင်းသားတို့ အကြံဉာဏ် ရယူကြပုံနှင့် သြဇာသက်ရောက်ပုံတို့ ဖြစ်သည်။ ယင်းအကြောင်းကို သီးခြားဆောင်းပါးတစ်ပုဒ်ဖြင် တင်ပြပါဦးမည်။

 

www.edge.com.mm

 

**Zawgyi**

အာရွေက်ာင္းသားမ်ားသည္ ေနာက္လာမည့္ႏွစ္မ်ားတြင္ ျပည္ပပညာေရးအတြက္ အေနာက္တိုင္းရွိ လူႀကိဳက္မ်ားသည့္ေနရာမ်ားအစား အာရွေဒသတြင္းရွိ တကၠသိုလ္မ်ားကို ပိုမိုရွာေဖြလာၾကလိမ့္မည္ဟု QS ၏ ‘Your Higher Education Spotlight on Asia’ အစီရင္ခံစာ အသစ္က ေဖာ္ျပသည္။
ယင္းအစီရင္ခံစာသည္ အာရွႏိုင္ငံအခ်ဳိ႕ရွိ ေက်ာင္းသူေက်ာင္းသားမ်ား မည္သည့္ ျပည္ပတကၠသိုလ္တြင္ တက္ေရာက္မည္ကို ေရြးခ်ယ္ဆုံးျဖတ္သည့္ ျဖစ္စဥ္ကို အေျခခံၿပီး စစ္တမ္းေကာက္ယူကာ ေကာက္ခ်က္ခ်ထားသည္။ ထို႔အတြက္ တ႐ုတ္ႏိုင္ငံ၊ အင္ဒိုနီးရွားႏိုင္ငံႏွင့္ မေလးရွားႏိုင္ငံတို႔တြင္ ေဆာင္ရြက္ခဲ့သည္။ 

ျပည္ပပညာေရးအတြက္ သင္ယူလိုေသာ တကၠသိုလ္ တည္ရွိသည့္ ႏိ္ုင္ငံကို ဆႏၵျပဳခိုင္းသည့္ ေမးခြန္းကို ေျဖၾကားၾကရာ၌ အေမရိကန္ကို အမ်ားဆုံး ေရြး ခ်ယ္ၾကသည္။ ဒုတိယေနရာတြင္ ယူေက ရွိသည္။ ထို႔ေနာက္ ဂ်ာမနီ၊ ဂ်ပန္၊  ၾသစေတးလ်ႏွင့္ တ႐ုတ္ႏိုင္ငံကို ေရြးခ်ယ္သည္။ 

Top 5 ranking တြင္ ဂ်ပန္ႏွင့္ တ႐ုတ္တို႔ ပါ၀င္ေနျခင္းသည္ ႏိုင္ငံတကာပညာေရးတြင္ လာမည့္ႏွစ္မ်ား၌ အာရွေဒသတြင္းရွိ ႏိုင္ငံတြင္ ျပည္ပပညာေရး ဆည္းပူးမႈ ပိုမ်ားလာမည့္ သေဘာ ရွိသည္။ 
စစ္တမ္းေကာက္ယူမႈတြင္ မပါ၀င္ေသာ ႏိုင္ငံမ်ားတြင္လည္း ျပည္ပပညာေရးအတြက္ အာရွႏိုင္ငံကို ေရြးခ်ယ္မႈ ျမင့္တက္လာေနသည္။ ႏိုင္ငံတကာ ပညာေရးက႑မွ လုပ္ငန္းတစ္ခုျဖစ္ေသာ BMI မွ အထူးစီမံကိန္းဒါ႐ိုက္တာ Spencer Hawkes က “အာရွေက်ာင္းသူေက်ာင္းသားေတြ အာရွႏိုင္ငံမွာ ျပည္ပပညာေရး ဆည္းပူးတဲ့ ေခတ္ေရစီးေၾကာင္းက ျဖစ္ေပၚေနၿပီးသားပါ” ဟု မွတ္ခ်က္ျပဳသည္။ “ဗီယက္နမ္ကို ၾကည့္ရင္ အဲဒီက ေက်ာင္းသူေက်ာင္းသားေတြအတြက္ နံပါတ္(၁) က ဂ်ပန္ ျဖစ္ေနတယ္။ ဂ်ပန္မွာ ပညာသင္ဖို႔ ေရြးၾကတယ္။ အခုလို ေရြးခ်ယ္မႈေၾကာင့္ အေနာက္တိုင္း တကၠသိုလ္ေတြမွာ လာသင္ၾကမယ့္ အာရွေက်ာင္းသူေက်ာင္းသား အေရအတြက္ နည္းသြားမလား။ အဲဒီလိုေတာ့ ျဖစ္မယ္ မထင္ဘူး။ ဘာလို႔လဲဆိုေတာ့ ပင္လယ္ရပ္ျခား ပညာေရး သင္ယူသူဦးေရက အာရွမွာ တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုမ်ားလာေနေတာ့ အေနာက္တိုင္း ပညာေရးေဈးကြက္ထဲ ၀င္လာမယ့္သူ ေလ်ာ့နည္းမွာ မဟုတ္ဘူး” 
IDP Connect ၏ CEO ျဖစ္သူ Simon Emmett က ေျပာၾကားသည္မွာ အာရွတြင္ ျပည္ပပညာေရး သင္ယူသူတို႔အၾကား ေရပန္းစားသည့္ ယူေကႏွင့္ ၾသစေတးလ်တို႔ထက္ေတာ့ အာရွႏိုင္ငံေရြးခ်ယ္မႈ ပိုမ်ားမည္ မဟုတ္။ သို႔ေသာ္ မေလးရွား၊ စင္ကာပူႏွင့္ ေတာင္ကိုရီးယားတို႔တြင္ လာေရာက္သင္ယူသည့္ ျပည္ပေက်ာင္းသူေက်ာင္းသားဦးေရ ပိုမ်ားလာေနသည္။ “တ႐ုတ္ႏိုင္ငံမွ တကၠသိုလ္ေတြနဲ႔ သင္႐ိုးေတြမွာ သင္ၾကတာ မ်ားတယ္။ ၿပီးရင္ မေလးရွားက ေရပန္းအစားဆုံး ျဖစ္လာေနတယ္” ဟု သူက ျဖည့္စြက္ေျပာၾကားသည္။ 
“ထိုင္းႏိုင္ငံမွ ျပည္ပပညာသင္ ထြက္ၾကတဲ့သူဦးေရက သိသိသာသာ ႀကီးထြားလာတယ္။ ျပည္ပပညာေရးအတြက္ ေရြးခ်ယ္ၾကတာမွာ တ႐ုတ္ႏိုင္ငံက စတုတၳေနရာမွာ ေရာက္ေနတယ္” ဟု ျဖည့္စြက္ေျပာၾကားသည္။ 

Secondary (34) အလယ္္တန္းေက်ာင္းမ်ားႏွင့္ ပတ္သက္ျပီး (၃၄) ခု ရွာရန္ႏွိပ္ပါ။

‘Your Higher Education Spotlight on Asia’ အစီရင္ခံစာတြင္ စိတ္၀င္စားစရာေကာင္းသည္မွာ ျပည္ပပညာေရးအတြက္ တကၠသိုလ္ ေရြးခ်ယ္သည့္ ျဖစ္စဥ္တြင္ ေက်ာင္းသူေက်ာင္းသားတို႔ အၾကံဉာဏ္ ရယူၾကပုံႏွင့္ ၾသဇာသက္ေရာက္ပုံတို႔ ျဖစ္သည္။ ယင္းအေၾကာင္းကို သီးျခားေဆာင္းပါးတစ္ပုဒ္ျဖင္ တင္ျပပါဦးမည္။

Latest Post News Read 822 times