မြန်မာအထက်တန်းကျောင်းသားများအတွက် စင်္ကာပူမှာ အခမဲ့ ကျောင်းတက်ခွင့်

စင်္ကာပူအစိုးရက မြန်မာအထက်တန်းကျောင်းသားတွေကို သီးသန့်ရည်ရွယ်ပြီး ထောက်ပံ့ပေးတဲ့ "ASEAN Scholarship for Myanmar" ဆိုတဲ့ ပညာသင်ဆုကို လာမယ့် ဧပြီလ (၃) ရက်နေ့မှာ စတင် လျှောက်ထားလို့ရတော့မှာ ဖြစ်ပါတယ်။

ဒီပညာသင်ဆုရရင် စင်္ကာပူအထက်တန်းကျောင်းတွေမှာ စရိတ်ငြိမ်း ပညာသင်ယူနိုင်ပြီး နိုင်ငံတကာ အသိအမှတ်ပြု Singapore-Cambridge GCE A-Level တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်ကို ရရှိမှာ ဖြစ်ပါတယ်။ 

သတ်မှတ်အရည်အချင်းများ

  • ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီ (၂) ရက်မှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်အတွင်း မွေးဖွားသူ ဖြစ်ရပါမယ်။
  • အနည်းဆုံး Grade (9) အောင်မြင်ပြီးသူ ဖြစ်ရပါမည်။
  • အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ရပါမယ်။
  • ကျောင်းစာမေးပွဲတွေမှာ အမှတ်ကောင်းပြီး စာတော်သူ ဖြစ်ရပါမယ်။
  • ကျောင်းသင်ရိုးပြင်ပလှုပ်ရှားမှုတွေမှာလည်း တက်ကြွပါဝင်သူ ဖြစ်ရပါမယ်။

ပညာသင်ဆုကာလ

  • Secondary 3
  • Secondary 4
  • Pre-University 1
  • Pre-University 2 တို့ကို (၄) နှစ် တက်ရောက်ရမှာဖြစ်ပြီး Singapore-Cambridge GCE A-Level အောင်လက်မှတ်ကို ရရှိမှာ ဖြစ်ပါတယ်။

ပညာသင်ဆု အကျိုးခံစားခွင့်

  • နေစရိတ်
  • အခြေချစရိတ်
  • အပြန်လေယာဉ်စရိတ်
  • ကျောင်းလခ
  • GCE O-Level နှင့် A-Level စာမေးပွဲကြေးတစ်ကြိမ်စာ
  • ကျန်းမာရေးအာမခံကြေး

လျှောက်ထားရမယ့်ပုံစံ

၂၀၂၆ ခုနှစ် ဧပြီလ (၃) ရက်မှာ အွန်လိုင်းလျှောက်လွှာ စတင် ဖွင့်ပေးမှာ ဖြစ်ပြီး မေလ (၁၅) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရပါမယ်။ ဇွန်လမှာ ပထမအဆင့် ရွေးချယ်ခံရသူတွေကို အကြောင်းကြားပေးမှာဖြစ်ပြီး အင်္ဂလိပ်စာ၊ သင်္ချာနဲ့ အထွေထွေစွမ်းရည် စာမေးပွဲတို့ကို ရန်ကုန်မှာ သတ်မှတ်ရက်အတိုင်း မပျက်မကွက် ဖြေဆိုရမှာ ဖြစ်ပါတယ်။ 

English Selection Test

Mathmetics Selection Test

ဇူလိုင်လလောက်ကျရင် စာမေးပွဲ ဖြေဆိုနိုင်သူတွေကို ရန်ကုန်မှာပဲ လူတွေ့အင်တာဗျုးခေါ်တွေ့မှာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့် ရွေးချယ်ခံရသူတွေကို စက်တင်ဘာလမှာ ကြေညာပေးမှာ ဖြစ်ပြီး နိုဝင်ဘာလမှာ စင်္ကာပူနိုင်ငံကို အရောက်သွားရမှာ ဖြစ်ပါတယ်။

Application Form >> https://www.moe.gov.sg

ဧပြီလ (၃) ရက်နေ့မှ လျှောက်လွှာဖောင် ဖွင့်မှာဖြစ်တဲ့အတွက် ဒီပညာသင်ဆုကို လျှောက်မယ့်သူတွေက လိုအပ်တာတွေကို အခုထဲက ပြင်ဆင်ထားနိုင်ပါပြီ။

======================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International Latest Post Read 12082 times