ဂျပန်မှာ စရိတ်ငြိမ်း ဆေးကျောင်းတက်နိုင်မယ့် Fully-funded ပညာသင်ဆု

သင်က ဂျပန်နိုင်ငံမှာ ဆေးကျောင်းကို ပညာသင်စရိတ် အပြည့်အ၀နဲ့ တက်ရောက်ချင်သူဆိုရင်၊ လေယာဉ်စရိတ်ကအစ ဂျပန်ဘာသာစကားသင်တန်းကြေးနှင့် နေထိုင်စားသောက်စရိတ်အထိ ကုန်ကျစရိတ်အားလုံးကို တာဝန်ယူပေးမယ့် ပညာသင်ဆုရှာနေရင် အာဆီယံ-ဂျပန် ဆေးဘက်ဆိုင်ရာ ပညာသင်ဆု အစီအစဉ် (ASEAN–Japan Medical Scholarship Programme) ကို လျှောက်ထားနိုင်ပါတယ်။ 

ဒီပညာသင်ဆုက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဆေးဘက်ဆိုင်ရာ ပညာသင်ဆု အစီအစဉ်ဖြစ်ပြီး အာဆီယံနှင့် အရှေ့အာရှ စီးပွားရေး သုတေသနဌာန (ERIA) နှင့် ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန (MHLW) တို့မှ ပညာသင်စရိတ်အပြည့်အ၀ ထောက်ပံ့ပေးတဲ့ အစီအစဉ် ဖြစ်ပါတယ်။

ပညာသင်ဆု အမျိုးအစား (၂) မျိုး

ဒီပညာသင်ဆုမှာ ရွေးချယ်လျှောက်ထားနိုင်တဲ့ Category (၂) မျိုး ရှိပါတယ်။ 

Category A : ဂျပန်ဘာသာစကားအရည်အချင်းစစ်စာမေးပွဲ ဖြေဆိုထားခြင်းမရှိဘဲ ပညာသင်ဆုလျှောက်ထားခြင်း လုပ်ငန်းစဉ်တစ်လျှောက်လုံး အင်္ဂလိပ်ဘာသာစကားကိုသာ အသုံးပြုမယ့် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ပါတယ်။

Category B : ဂျပန်ဘာသာစကားအရည်အချင်းစစ်စာမေးပွဲအောင်လက်မှတ် ကိုင်ဆောင်ထားပြီး ပညာသင်ဆုလျှောက်ထားခြင်း လုပ်ငန်းစဉ်တစ်လျှောက် ဂျပန်ဘာသာစကားရော အင်္ဂလိပ်ဘာသာစကားပါ အသုံးပြုမယ့် ကျောင်းသူများသာ လျှောက်ထားနိုင်ပါတယ်။

လျှောက်ထားရမယ့် တက္ကသိုလ်

Category A : International University of Health and Welfare

Category B : Tokyo Women’s Medical University

အရည်အချင်း သတ်မှတ်ချက်

- အာဆီယံအဖွဲ့ဝင်နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ ဖြစ်ရပါမယ်။

- Catagory A အတွက် ERIA နှင့် သဘောတူစာချူပ်လက်မှတ်ရေးထိုးထားတဲ့ အာဆီယံဆေးတက္ကသိုလ်တစ်ခုခုမှာ ပထမနှစ် (သို့) ဒုတိယနှစ် တက်ရောက်နေသူဖြစ်ရပါမယ်။

- Category B အတွက် အာဆီယံဆေးတက္ကသိုလ်တစ်ခုခုမှာ ပထမနှစ် (သို့) ဒုတိယနှစ် တက်ရောက်နေသူဖြစ်ရပါမယ်။ (အမျိုးသမီးတွေသာ လျှောက်ထားနိုင်)

ပညာသင်ဆုကြေး

- ကျောင်းလခနှင့် ကျောင်းဝင်ခွင့်ကြေး

- နေထိုင်စားသောက်စရိတ် (up to ¥120,000)

- ဂျပန်ဘာသာစကားသင်တန်းကြေး (Category A လျှောက်ထားသူတွေအတွက်)

- အပြန်လေယာဉ်ခ

- စာအုပ်ကြေး

ပညာသင်ဆုကာလ

ပညာသင်ကာလက (၆) နှစ်ဖြစ်ပြီး နောက်ထပ် (၂) နှစ်ကို လစာရ အလုပ်သင် ဆင်းရမှာဖြစ်တဲ့အတွက် စုစုပေါင်း (၈) နှစ်ကြာမြင့်မယ့် ပညာသင်ဆု ပရိုဂရမ်ဖြစ်ပါတယ်။

နောက်ဆုံးလျှောက်ထားရမယ့်ရက် 

Category A : 30 April 2026 

Category B : 31 August 2026 

လိုအပ်တဲ့စာရွက်စာတမ်းများ

  • ပညာသင်ဆုလျှောက်လွှာ 
  • အထက်တန်းအောင်လက်မှတ်နှင့် အမှတ်စာရင်း
  • ဆေးတက္ကသိုလ်ပထမနှစ် အမှတ်စာရင်း
  • အက်ဆေး
  • တက္ကသိုလ်က ထောက်ခံစာ
  • အင်္ဂလိပ်ဘာသာစကားအရည်အချင်းစစ်စာမေးပွဲရလဒ် (မရှိလည်းရ)
  • ဂျပန်ဘာသာစကားအရည်အချင်းစစ်စာမေးပွဲရလဒ် (Category B လျှောက်ထားသူတွေသာ တင်ပြရပါမယ်။)

လျှောက်ထားရမယ့်ပုံစံ

အထက်ဖော်ပြပါ လျှောက်လွှာဖောင်နှင့် စာရွက်စာတမ်းများကို [email protected] နှင့် [email protected] ၊ [email protected] တို့ကို cc ခံပြီး ပို့ပေးရမှာ ဖြစ်ပါတယ်။

လျှောက်လွှာ ရယူရန်နှင့် ပညာသင်ဆုအကြာင်း အသေးစိတ်ဖတ်ရှုရန် 

> https://www.eria.org/publications/call-for-applications

==================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International Latest Post Read 385 times