Sales Hotline : 09448001653       Download App



Home-based Learning ဖြင့် ဆက်လက် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်နေ

ကိုဗစ်ကပ်ရိုက်ခတ်မှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာသင်ကျောင်းတွေကို ပိတ်ထားပေမယ့် နေအိမ်တွေကနေသင်ကြားတဲ့စနစ်နဲ့ ဆက်လက်သင်ယူနိုင်ဖို့ ရုပ်သံလိုင်းတွေ၊ ရေဒီယိုတွေ ၊ အွန်လိုင်း ပလက်ဖောင်းကတဆင့် သင်ခန်းစာတွေပို့ချထုတ်လွှင့်သွားဖို့ စီစဉ်နေတယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဘီဘီစီကိုပြောပါတယ်။

လက်ရှိမှာလည်း Education ရုပ်သံလိုင်းကနေ သင်ခန်းစာအချို့ပို့ချထုတ်လွှင့်တာတွေကိုလုပ်နေသလို မကြာခင်ကာလမှာ နိုင်ငံပိုင်ရုပ်သံလိုင်းတွေဖြစ်တဲ့ မြန်မာ့အသံ၊ မြဝတီစတဲ့ ရုပ်သံလိုင်းတွေနဲ့ ပုဂ္ဂလိကရုပ်သံလိုင်းတွေမှာ သင်ခန်းစာအသစ်တွေထုတ်လွှင့်နိုင်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

ဆက်စပ်ဖတ်ရှရန် >>> မြန်မာ့ပညာရေးရုပ်သံလိုင်း ထုတ်လွှင့်မှုအစီအစဉ်ပြ အချိန်ဇယား <<<

 'အဓိက ကလေးတွေသင်ယူခွင့် အခွင့်အရေးမဆုံးရှုံးစေရေးဆိုတဲ့ မူဝါဒအရ Home based -learning လုပ်မယ် မူလတန်း၊အလယ်တန်း၊ အထက်တန်းအတွက် ဒစ်ဂျစ်တယ် သင်ခန်းစာတွေကို သက်ဆိုင်ရာဌာန တွေနဲ့ မကြာခင်ရိုက်ထုတ်မယ်။ အခုလောလောဆယ်တော့ Grade 11 ကရိုက်ပြီးသားသင်ခန်းစာတွေ ကိုလည်း လွှင့်မယ်။ ဒါက ကာလတိုအတွက်ရော ကာလရှည်အတွက်ရောရည်ရွယ်ပါတယ်။''လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

ပုံမှန် ပညာသင်နှစ်ကို ဇွန် ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ရတာဖြစ်ပေမယ့် ဒီနှစ်မှာတော့ ကိုဗစ်ကပ်ကြောင့် အထက်တန်းတွေကို ဇူလိုင် ၂၁ ရက်မှ စဖွင့်လှစ်ခဲ့ပြီး သြဂုတ်လအတွင်းမှာ ပြန်ပိတ်ခဲ့ရတာဖြစ်ပါတယ်။

ပညာသင်နှစ်အဖြစ် ၁၀ လတာကာလကို သင်ကြားရတာဖြစ်ပေမယ့် ဒီနှစ်အတွက် အောက်တိုဘာလအထိ ပိတ်ထားရတာဖြစ်ပြီး ပုံမှန် သင်ကြားရေးကာလ ၅လတာသာ ကျန်တော့တာ ဖြစ်ပေမယ့် အခုချိန်ထိ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တစ်နှစ်လုံးကို ပိတ်လိုက်တာမဟုတ်သေးဘူးလို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းကပြောပါတယ်။

' အခု စာသင်ကာလက ၅လတာပဲကျန်တော့တယ်ဆိုပေမယ့် ကိုဗစ်ထိန်းချုပ်ရေးအခြေအနေ ကောင်းလို့ ရှိရင် ကျန်တဲ့ ၅လတာမှာ လိုအပ်ရင် ပိတ်ရက်တွေကိုပါ ယူပြီးသင်မလား။ ဒါကလည်း အခုထိပြောမရ သေးဘူး။ ကပ်ရောဂါအခြေအနေပေါ်မူတည်ပြီး နိုင်ငံတော်အဆင့်က ဆုံးဖြတ်ရမှာဖြစ်တယ်။ သင်ယူဖို့ အခွင့်အရေးမရှိရင် သင်ယူချင်စိတ်တွေပါ ပျောက်သွား လိမ့်မယ်။ ပညာသင်နှစ်ကရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ သင်ယူဖို့ကတော့ ပျောက်သွားလို့မဖြစ်ဘူး။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် လေ့လာလို့ ရသလောက် တော့ ဘယ်လိုနည်းလမ်းပဲဖြစ်ဖြစ် ဆက်ပြီး ဆောင်ရွက်သင့်တယ်။''လို့လည်း ဦးကိုလေးဝင်းက အကြံပြုပါ တယ်။

ဆက်စပ်ဖတ်ရှရန် >>>မြန်မာ့ပညာရေး ရုပ်သံအစီအစဉ်များ တိုးချဲ့ထုတ်လွှင့်မည် <<<

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းတွေကို ကိုဗစ်ကပ်ဂေါရာဂါကြောင့်ယာယီပိတ်ထားကာ ကပ်ရောဂါ ဖြစ်ပွားမှုအခြေအနေကိုထိန်းချုပ်နိုင်ပြီဆိုပါက ကျောင်းတွေပြန်ဖွင့်သွားမှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီး ဌာနက နေသိရပါတယ်။

Source : BBC News 

Image Source: Ye Aung Thu/ AFP Via Getty Images 

Government School Latest Post News Read 1032 times