Sales Hotline : 09448001653       Download App



အဆင့်မြင့်ပညာရေးလမ်းကို လျှောက်လမ်းဖို့ အိပ်မက်တွေ ဈေးကြီးနေတုန်းလား

Manipal-SML Institute တွင် ပ‌ရော်ဖက်ရှင်နယ် ဖြစ်သည့်  အဆင့်မြင့် ပညာရေးလမ်းကို လျှောက်လမ်းချင်ပါသလား? အိမ်မက်‌တွေက ဈေးကြီးနေတုန်းလား? မဖြစ်နိုင်တာမရှိပါဘူး။ မဖြစ်သေးတာဘဲ ရှိတာပါ။

ဒါကြောင့် သင်တန်းကြေး အခက်အခဲဖြစ်သူများအတွက် သတင်းကောင်းလေး ယူလာပေးပါပြီ။  

မြန်မာနိုင်ငံ နှင့် နိုင်ငံရပ်ခြားရှိ နာမည်ကျော်ကြားသော တက္ကသိုလ်များနှင့် သင်တန်းကျောင်းများ တွင် ပညာသင်ယူနိုင်ရန် ချေးငွေများ ပေးလျက်ရှိသော uab bank နှင့် Manipal-SML Institute တို့ ပူးပေါင်းကာ ပညာ‌ရေးစရိတ်ဘဏ်ချေးငွေကို အများဆုံး 80 % အထိ ချေးယူနိုင်ပြီ ဖြစ်ပါသည်။ 

2021 ခုနှစ် ဖေဖော်ဝါရီလတွင် Manipal-SML Institute မှ ဖွင့်လှစ်မည့် Bachelor နှင့် Master အတန်းများကို တက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် uab ဘဏ်၏ uab Education Loan ကို အများဆုံး 80% အထိလျှောက်ကာ ပညာ‌ရေး အိမ်မက်ကို ဆက်လျှောက်နိုင်ပြီ ဖြစ်ပါသည်။ သင်တန်းပြီးဆုံး၍ လုပ်ငန်းခွင် ဝင်ရောက်ကာ အများဆုံး (၅) နှစ်အတွင်း ပြန်လည်ပေးဆောင်နိုင်မည့် အခွင့်အရေးလည်း ရှိပါသည်။

ဆက်စပ်ဖတ်ရှုရန် >>> uab ဘဏ်၏ ပညာသင် စရိတ်ချေးငွေ

ချေးငွေလျှောက်လိုသူများအနေဖြင့် အသက် (21) ပြည့်ပြီးသူ ဖြစ်ရပါမည်။ 

၎င်း အသက်ထက် ငယ်ရွယ်သူများအတွက် မိဘ (ဖခင်/ မိခင်) (သို့) အနီးစပ်ဆုံးအုပ်ထိန်းသူ တစ်ဦးဦးက တာဝန်ခံ၍ ချေးယူနိုင်ပါသည်။ 

uab Education Loan များကို ပိုင်ဆိုင်မှုအာမခံ ပေးစရာမလိုအပ်ပဲ သိန်း ၁၅၀ ထိ ချေးငွေ ရယူနိုင်မှာပဲ ဖြစ်ပါသည်။

ချေးငွေပြန်လည်ပေးဆပ်ရာတွင် ကျောင်းတက်နေသူများအတွက် အရင်းပေးချေရန် မလိုအပ်ပဲ အတိုးပေးဖို့သာ လိုအပ်ပြီး ပညာသင်ကာလ ပြီးမြောက်ပြီး တစ်နှစ်အတွင်း (သို့မဟုတ်) လုပ်ငန်းခွင်ကာလ ဝင်ရောက်ပြီး (၆)လ အတွင်းမှသာလျှင် ချေးငွေကို ပြန်လည်ပေးဆပ်ရမှာ ဖြစ်ပါသည်။ 

ထို့နောက် ချေးငွေ ပြန်လည်ပေးဆပ်ရမည့် ကာလမှာ အများဆုံး (၅) နှစ်တာအတွင်း ဖြစ်ပြီး ပညာသင်ကာလပြီးမြောက်သည့်အချိန်မှ အလုပ်ဝင်ပြီးသည့်အချိန်ထိ ပြန်လည်ပေးဆပ်နိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက >>>  Click Here <<<

09 751240777, 09 751240888 (Faculty of Health Sciences Technology) 
09 751240666 (Faculty of Business Management) 

တိုက် (၆၉)၊ အခန်းအမှတ် (၂၀၁, ၂၀၈ ဘီ, ၂၀၉ အေ) ပထမထပ်၊ ယုဇနတာဝါ 

ရွှေဂုံတိုင်လမ်း၊ အနောက်ရွှေဂုံတိုင်ရပ်ကွက်၊  

ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့  

Manipal-SML Institute  မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွင့်လှစ်မည့် သင်တန်းများနှင့် Discount အမျိုးအစားများကို သိရှိလိုပါက  >>>  Click Here <<<

By Myanmar Education Guide (EDGE) 

Local News Read 1704 times