Sales Hotline : 09448001653   Find A Tutor     Download App



မန္တလာတက္ကသိုလ်၏ လိုအပ်လျက်ရှိသော အချိန်ပိုင်း(နည်းပြ၊သရုပ်ပြ) နေရာများ လျှောက်ထားနိုင်

မန္တလာတက္ကသိုလ်တွင် ယာယီ၊ ပုတ်ပြတ် အချိန်ပိုင်း ( နည်းပြ၊ သရုပ်ပြ) များကို ခေါ်ယူမည် ဖြစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသူများ အနေဖြင့် လျှောက်ထားနိုင်ကြောင်း မန္တလာ တက္ကသိုလ် သင်တန်းရေးရာ ဌာနမှ မော်ကွန်းထိန်း ဒေါ်အေးအေးသန့် မှ ပြောပြ၍ သိရသည်။

မန္တလာတက္ကသိုလ်တွင် ဆရာဆရာမ လိုအပ်ချက်ရှိသည့် အတွက်  ယာယီပုတ်ပြတ် အချိန်ပိုင်း (နည်းပြ၊သရုပ်ပြ) များခေါ်ယူခြင်း ဖြစ်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ ခရီးသွားလုပ်ငန်းပညာ၊ ဓာတုဗေဒ၊ ရုက္ခဗေဒ ဘာသာရက်များတွင် ခန့်ထားမည် ဖြစ်ကြောင်းသိရသည်။

“လျှောက်လွှာတွေကိုတော့ Online ကနေယူပြီး Email နဲ့ လျှောက်ရမှာ ဖြစ်ပါသည်။ လျှောက်လွှာတင်မဲ့ရက် တွေကတော့ ဒီနေ့ကနေ ဒီဇင်ဘာ ၃၀ ရက်အထိ သတ်မှတ်ပေးထားပါသည်။”ဟု မန္တလာတက္ကသိုလ် သင်တန်းရေးရာဌာနမှ မော်ကွန်းထိန်း ‌ေဲါ်အေးအေးသန့်က ပြောပြသည်။ 

မန္တလာဒီဂရီ ကောလိပ်မှ မန္တလာတက္ကသိုလ်သို့ တိုးမြှင့်လိုက်သည့် အတွက် ဘာသာရပ်ဆိုင်ရာဌာနများတွင် ဆရာ၊ဆရာမ လိုအပ်ချက်ရှိလာသောကြောင့် ပညာရေး ဝန်ကြီးဌာနသို့ ယာယီ၊ ပုတ်ပြတ် အချိန်ပိုင်း (နည်းပြ၊ သရုပ်ပြ) ခန့်ထားရေးအတွက် စက်တင်ဘာ ဒုတိယပတ်က  တင်ပြခဲ့ကြောင်း သိရသည်။ 

“မန္တလာတက္ကသိုလ်မှာ ဆရာ၊ ဆရာမ ဦးရေ ၃၀၀ လောက် ရှိပါတယ်။ ဆရာ၊ဆရာမတွေ တကယ်လိုအပ်လို့ ပညာရေး ဝန်ကြီးဌာနကို တင်ပြတယ်။ ခွင့်ပြုတဲ့အတွက်ကြောင့် ခေါ်ယူတာဖြစ်ပါတယ်။ လျှောက်ထားတဲ့သူတွေကိုလဲ လူတွေ့ ဖြေဆိုမဲ့ကိစ္စတွေကို လောလောဆယ် Online နဲ့ ပြုလုပ်ဖို့ လျာထားပါတယ်” ဟု မန္တလာ တက္ကသိုလ် ကျောင်းသားများသမ္မဂမှ ဥက္ကဌ ကိုတိုးတိုးအေးဝင်းက ပြောပြထားသည်။

Source: ရတနာပုံ သတင်းစဥ်

By Myanmar Education Guide (EDGE) 

Latest Post News Read 731 times