Sales Hotline : 09448001653       Download App



နည်းပညာတက္ကသိုလ် ကျောင်းသားကျောင်းသူများအတွက် ယာယီအွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းများကြေညာခြင်း

လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus disease 2019 - COVID-19) ဖြစ်ပွားနေသောကာလအတွင်း ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပညာရေးဆိုင်ရာအထောက်အထား စာရွက်စာတမ်းလျှောက်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ယာယီအွန်လိုင်းဝန်ဆောင်မှုများဖြင့် လျှောက်ထားနိုင်ပါသည်။

ကိုရိုနာဗိုင်းရပ်ရောဂါပိုး ဖြစ်ပွားနေစဉ်ကာလအတွင်း ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဦးကြည်စိုး ဦးဆောင်သည့် ပညာရေးအဖွဲ့၊ စီမံခန့်ခွဲရေးအဖွဲ့၊ သင်ကြားရေးဝန်ထမ်း ဆရာဆရာမများနှင့် ဌာနဆိုင်ရာရုံးဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာမှထုတ်ပြန်ထားသော ကြေညာချက်များနှင့်အညီ ပိုမိုကောင်းမွန်အောင် ဆက်လက်လုပ်ဆောင်လျက်ရှိနေပါသည်။

 

- လျှောက်လွှာတင်ရာတွင် မိမိဆောင်ရွက်လိုသည့်အကြောင်းအရာအလိုက်ဖောင်ကို (www.wytu.edu.mm)တွင် ဒေါင်းလုပ်ရယူ၍ ပြည့်စုံစွာဖြည့်စွက်ပြင်ဆင်ပြီး ဖောင်နှင့်အတူ ပူးတွဲ လိုအပ်ချက်များကို Scan ဖတ်၍ဖြစ်စေ၊ ကြည်လင်ပြတ်သားစွာ ဓါတ်ပုံရိုက်၍ ဖြစ်စေ Email ပို့၍ လျှောက်ထားနိုင်ပါသည်။ လျှောက်လွှာနမူနာကိုလည်း ကြည့်ရှုနိုင်ပါသည်။

လျှောက်ထားရမည့် 
Email address - [email protected]
စုံစမ်းရန်ဖုန်းနံပါတ် - 09-250073996

- လျှောက်ထားပြီး (၁)ပတ်ပြည့်ပါက ဆောင်ရွက်ပြီးစီးမှုကို ဖုန်းဆက်၍ မေးမြန်းစုံစမ်းနိုင်ပါသည်။
- ရရှိပြီဆိုပါက လျှောက်ထားစဉ်က ပြင်ဆင်ခဲ့သော hard copy မူရင်းများကို ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ ကျောင်းသားရေးရာဌာနသို့ ယူဆောင်ခဲ့ရပါမည်။
- ငွေစာရင်းဌာနတွင် ဦးစွာငွေပေးသွင်းပြီး ငွေသွင်းပြေစာပြသကာ ကျောင်းသားရေးရာဌာနတွင် လျင်မြန်စွာထုတ်ယူနိုင်ပြီ ဖြစ်ပါသည်။
- ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို မဖြစ်မနေထည့်သွင်းဖြည့်စွက်ရမည်။
- အခါအားလျော်စွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဒေသန္တရထုတ်ပြန်သော ကြေညာချက်များအရ အစီအစဉ်ပြောင်းလဲမှုရှိမရှိကိုလည်း ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်

Latest Post News Read 1491 times