Sales Hotline : 09448001653       Download App



 ဂျပန်နိုင်ငံ Takarazuka ဂီတကျောင်း၏ စိတ်ဝင်စားဖွယ်ရာ တော်လှန်ရေး 

ဂျပန်နိုင်ငံမှ Takarazuka ဂီတကျောင်းသည် ရာစုနှစ် တစ်ခုကျော်ကျော် အချိန်တိုင်အောင် ထောင်ပေါင်းများစွာသော ဂျပန်အမျိုးသမီးငယ်လေးများကို အရောင်မတင်ရသေးသည့် သာမန်ရွက်ပုန်းသီးဘဝ မှ အနှစ်အရသာမရှိသော်လည်း တစ်နည်းနည်းဖြင့် လူကြိုက်များ ထင်ရှားသည့် ဂျပန်ရုပ်ပြမှ စ၍ အနောက်တိုင်း ဂန္တဝင် ဝတ္ထုတော်တော်များများတွင်ပါဝင်နိင်သည့် အနုပညာရှင်များ၊ အကပညာရှင်များ နှင့် သရုပ်ဆောင်ပညာရှင်များ ဖြစ်‌အောင် ပြောင်းလဲပေးနိုင်ခဲ့သည့် ကျောင်းတစ်ကျောင်း ဖြစ်ပါသည်။ 

သို့သော် ဂျပန် ရေပူစမ်းတစ်ခု၏ အမည်ကို အစွဲပြု ခေါ်ဆိုထားသည့် ၎င်းကျောင်းသည် ပင်ကိုယ် စွမ်းဆောင်ရည်များကို ပြုစုပျိုးထောင်ပေးနေသည့် စီးပွားရေးလုပ်ငန်းတစ်မျိုးတည်း မဟုတ်ခဲ့ပါဘူး။ 

စက်မှုလုပ်ငန်းရှင် တစ်ဖြစ်လဲ နိုင်ငံရေးသမား တစ်ဦး ဖြစ်သည့် Hankyu မီးရထားလမ်းလုပ်ငန်း၏ ဥက္ကဌ ဖြစ်သူ Ichizo Kobayashi မှ တည်ထောင်ထားသည့် အဆိုပါကျောင်းတွင် စည်းကမ်း ပြည့်ဝမှုနှင့် နာခံမှုတို့ ပူးပေါင်းပါဝင်နေသည့် တင်ဆက်ပြသရသည့် အနုပညာကို သင်ကြားပေးပြီး ကျောင်း၏ ဆောင်ပုဒ်မှာ“ စင်ကြယ်မှု၊ ရိုးသားမှု နှင့် အလှအပ” တို့ ဖြစ်ပါသည်။

နှစ်ပေါင်းများစွာ နာမည်ပျက်မရှိ ရပ်တည်လာခဲ့ရာမှ ပြီးခဲ့သည့် လမှစ၍ ပြောင်းလဲမှုများ စတင် ဖြစ်ပွားလာခဲ့သည်။ ၎င်းအကြောင်းအရာမှာ နှစ်ပေါင်း များစွာ တရားဝင်ရေးသားထားခြင်းမရှိသော်လည်း လက်ခံကျင့်သုံးနေသည့် ကျောင်း၏ စည်းမျဉ်းစည်းကမ်းများကို လာမည့် လူသစ်စုဆောင်းရေးလုပ်ငန်းစဉ်တွင် ထည့်သွင်း မသုံးတော့မည့် အချက်ပင် ဖြစ်သည်။ 

အဆိုပါစည်းမျဉ်းစည်းကမ်း အချို့မှာ -

  • ရထားလာတာတွေ့လျှင် အရိုအသေပြုကာ  ဦးညွှတ်နှုတ်ဆက်ခြင်း (အကြောင်းအရင်းမှာ ဖြတ်သွားသောရထားတွင် ကျောင်းသားဟောင်းများပါနိုင်ခြင်း ကြောင့် ဖြစ်သည်။)
  • ပါးစပ်ထောင့်များကို လျော့ချထားရန်လိုအပ်သည့် မျက်နှာအနေအထားများကို လက်ခံကျင့်သုံးခြင်း၊
  • ကုမ္ပဏီတွင်ရှိသော စီနီယာသင်တန်းသားများကို “ဟုတ်ကဲ့”နှင့် “မဟုတ်ပါဘူး” ကလွဲ၍ အပိုစကားလုံးများ၊ စကားစုများ ပြောခြင်းကို ကန့်သတ်ထားခြင်း စသည့်အချက်များဖြစ်ပါသည်။

ဘွဲ့ရပြီးနောက် ကျောင်းသူများသည် Takarazuka Revue ကို အတူတကွ ဖွဲ့စည်းထားသော ထိပ်တန်းအဖွဲ့ငါးခုများမှ တစ်ခုကို ရွေးချယ်ကြပါသည်။ Takarazuka Revue သည် ဂျပန်ပြဇာတ်ရုံ တစ်ခု ဖြစ်ပြီး ပထမဆုံး ဖျော်ဖြေမှု အနေဖြင့် 1914 တွင် အမျိုးသမီး operetta troupe အနေဖြင့် ကပြတင်ဆက်ခဲ့ပါသည်။ ၎င်းသည် Kobayashi ဂီတကျောင်း ဖွင့်ပြီး တစ်နှစ်အကြာတွင် ဖြစ်ပါသည်။ 

Broadway စတိုင် အပြင်အဆင် နှင့် Takarazuka နှင့် Tokyo ရှိပြဇာတ်ရုံများသည် ကြီးကျယ်ခမ်းနားပြီး အထက်တန်းစာဆန်သည့် အတွက် ကြောင့် တစ်နှစ်လျှင် လူဦးရေ 2.5 သန်းခန့်ကို ဆွဲဆောင်နိုင်ပြီး ထင်ရှားကျော်ကြားသည့် ခေါင်း‌ဆောင်နေရာ အများစုကို ဦးဆောင်ကြသူများမှာ အမျိုးသမီးများဖြစ်ကြပါသည်။ 

ပြောင်းလဲမှုများကို အချို့ သမားရိုးကျသည့် ကျောင်းသားများက အတိုက်အခံပြုကြသော်လည်း ကျောင်းအနေဖြင့် စီနီယာ နှင့် ဂျူနီယာကြား ရှေးရိုးဆန်သည့် စည်မျဉ်းများကို ဖြုတ်ချခဲ့သည့် အပြင် ကျောင်းသူများသည် ဆံပင်အမည်းရောင် အမြဲဆိုးစရာ မလိုတော့ဘဲ ၎င်းတို့ ပင်ကိုယ်ဆံပင်အရောင် သာထားရန် ခွင့်ပြုခဲ့သည်။

သို့‌သော် Takarazuka ၏ သမိုင်းကြောင်းဆိုင်ရာကျွမ်းကျင်သူ ဖြစ်သည့် Tatsuya Kusaba သည် စည်းကမ်းတင်းကြပ်ခြင်းနှင့် အနိုင်ကျင့်ခြင်းကို ကွဲကွဲပြားပြားဖြစ်စေရန် ဝေဖန်နေသူများနှင့် သဘောတူညီမှု မရှိ‌ပေ။ 

“ထိုအချက်များသည် အချိန်ကြာမြင့်စွာ ကျောင်းသားများကိုယ်တိုင်သဘောတူထားတာဖြစ်ပြီး ကျွန်တော့်အနေဖြင့် ဒါဟာ ဆိုးတဲ့အချက် မဟုတ်ဘူးလို့ထင်ပါတယ် ” ဟု လွန်ခဲ့သောရာစုနှစ်ဝက်ကျော်ခန့် က အသက်ငါးနှစ်  အရွယ်တွင် သူ၏ ပထမဆုံး ဖျော်ဖြေမှုကို ကြည့်ခဲ့ရသည့် Kusaba က ပြောခဲ့သည်။ 

သို့သော်ကျောင်း၏ကိုယ်ပိုင်ဝန်ခံချက်အရ ထိုအပြောင်းအလဲများသည် အမျိုးသမီးများအတွက် အဓိကထားပြီး အနုပညာနယ်ပယ်၊ လုပ်ငန်းခွင် နှင့် မကြာမီက အားကစားလောကတွင် ပြုလုပ်ခဲ့သော လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ရီပို့ များကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို တိုးပွားလာမှုကို အပြုသဘောဆောင်သည့် ပြောင်းလဲမှုများ ဖြစ်စေလိုသောကြောင့် ဖြစ်သည် ဟု ဆိုထားပါသည်။ 

“ ကျွန်တော်တို့ကအစဉ်အလာကောင်းတွေကိုထိန်းသိမ်းချင်တယ်၊ ဒါပေမယ့်ငါတို့လည်းပြောင်းလဲဖို့လိုတယ်။ ဒါမှသာအချိန်ကာလတွေနဲ့တပြေးညီ ဖြစ်မည်ကာ လိုက်လျောညီထွေ ဖြစ်မည်”  ဟုကျောင်းအရာရှိ Naoya Horiuchi က Kyodo သတင်းအေဂျင်စီကိုပြောကြားခဲ့သည်။

အချို့မီဒီယာများ၏ တင်ပြချက်များအရ  လူငယ်အချို့သည် မိမိတို့ အထက်လူကြီးများ၏ အထင်ကြီးလေးစားခြင်းကို ရနိုင်ရန်အတွက် ညအိပ်ချိန်များကို လျော့ချကာ အပိုအိမ်စာများကို လုပ်လေ့ရှိခြင်းကြောင့် ဖိအားများရှိကြောင်း  သိရပါသည်။ 

စည်းမျဉ်းစည်းကမ်းများ ပြင်းထန်သည့် ဂုဏ်သိက္ခာရှိသော်လည်း နှစ်စဉ် အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြား အမျိုးသမီးငယ် ၁၀၀၀ ခန့်သည် လျှောက်ထားပြီး အဆိုပါ လျှောက်ထားသူများထဲမှ အယောက် ၄၀ ဦး ကိုသာ  Takarazuka ၏ "တောက်ပသောကျောက်မျက်" တစ်ပွင့်ဖြစ်လာစေရန် နှစ်နှစ် သင်တန်းအခွင့်အရေးကို ပြန်လည် ကမ်းလှမ်းလေ့ရှိသည်။ 

တိုကျိုရှိ Senshu တက္ကသိုလ်တွင် ဂျပန်လူမျိုးများ၏ ထင်ရှားကျော်ကြားသော ယဉ်ကျေးမှုကို သင်ကြားပေးနေသည့် Patrick W Galbraith မှ Kabuki နှင့်ရိုးရာပြဇာတ်ရုံ၏အခြားပုံစံများနှင့် ဆက်စပ်နေမှုများမှ Takarazukaကို  ခွဲလိုသည့် တည်ထောင်သူ၏ တင်းကြပ်သည့် စည်းကမ်းများကို ဂုဏ်ယူသည်ဟု ဆိုပါသည်။ 

Kobayashi က သူ့အနေဖြင့် ကျောင်းကို “ကောင်းမွန်သော မိသားစုများ” မှ လာသော အမျိုးသမီးများအတွက် “အံဩဖွယ်ကောင်းသာ မိသားစု ဖျော်ဖြေရေး” အဖြစ်နှင့် ကျောင်းပြီးသွားစေရန် အတွက် နေရာကောင်း တစ်ခု အဖြစ် ဖြစ်စေချင် ခြင်း ဖြစ်ပါသည်။ 

“ကျောင်းက ကတိပေးသည်မှာ ကျောင်းသူများကို လုံခြုံစေဖို့ ဖြစ်ပြီး သို့သော် သမာသမတ်ကျ စေရန် လည်း ပါဝင်တယ် “ ဟုသူက ဆိုပါသည်။ 

“Kobayashi အမြင်အရ Takarazukaနှင့် သူ၏ကျောင်းမှ ဝန်ဆောင်မှုပေးသည်မှာ မိန်းမငယ်လေးများကို စည်းကမ်းရှိရှိနှင့် လူမှုဆက်ဆံရေးဘဝတွင် ဝင်ဆန့်လာအောင် ကူညီပေးသည့်အပြင် နောင်တွင် ကောင်းမွန်သော ဇနီးကောင်းများ ဖြစ်လာစေရန် အထောက်အကူ ဖြစ်စေပေသည်။”


ဂျပန်နိုင်ငံ၏ ဖျော်ဖြေ‌ရေး နယ်ပယ်တွင် အမျိုးသမီးများ အကြမ်းဖက် စော်ကားခံရမှုများနှင့် ပတ်သက်၍ သက်သေအထောက်အထားခိုင်လံမှုစွာ ထွက်ပေါ်လာခြင်းသည် ကျောင်း၏ ရှေးရိုးဆန်သော စည်းမျဉ်းစည်းကမ်းများကို ပြောင်းလဲစေမည့် ဆုံးဖြတ်ချက်များကို သက်ရောက်သော်လည်း Galbraith က ကျောင်းအကြီးအကဲများ၏ အတွေးအခေါ်များသည် နဂို အတိုင်းရှိနေသေးသည်ဟု ယုံကြည်နေသေးသည်။

“စည်းကမ်းဖောက်ဖျက်မှုများ နှင့် အပြစ်ဒဏ်ပေးခြင်းများနှင့် ပတ်သက်၍ ခြိမ်းခြောက်နေမှုများသာရှိနေဦးမည် ဆိုပါက သူတို့ဟာ ဘယ်နေရာမှာမှ အဆင်ပြေနိုင်မှာ မဟုတ်ဘူး “ လို့ ၎င်းမှ ဆက်လက်ပြောကြားသည်။

Kusaba မှ အပြောင်းအလဲများကို မလွဲသာ မရှောင်သာပြုလုပ်ခဲ့ရခြင်း ဖြစ်ပြီး ၎င်းအနေဖြင့် စိုးရိမ်သည်မှာ နှစ်ပေါင်းများစွာ တည်ရှိလာသည့် ငယ်ရွယ်သောကျောင်းသားများအကြားအခွင့်အာဏာကိုလေးစားမှု စည်းကမ်းများကို ပြောင်းလဲလိုက်ခြင်းသည် ကျောင်း၏ အရေးပါသော ဂုဏ်သိက္ခာ တစ်စိတ်တစ်ပိုင်းကို စွန့်လွှတ်လိုက်ရတာမျိုး ဖြစ်မည်ဟု ဖြစ်သည်။

“ အကယ်၍ ကျောင်းအနေဖြင့် ပိုမိုခေတ်မီအောင် သို့မဟုတ် စီးပွားရေးအရ စည်းကမ်းချက်များကို ပိုမိုလျော့ချရန် ကြိုးစားမည် ဆိုပါက ကျောင်းသားများအကြားတွင် အဆင့်အတန်းကွာခြားမှုနှင့် ပတ်သက်၍ အရည်အသွေးများဆုံးရှုံးသွားမှုများပိုများလာမည် ဖြစ်နိုင်ပါသည်။”

“ကျွန်တော့အနေဖြင့် Takarazuka ကို အမျိုးသမီးများ၏ အိမ်မက်ကို အကောင်အထည်ဖော်ရာနေရာကောင်း တစ်ခု ဖြစ်စေလိုပါတယ် “ ဟု Kusaba မှ ဆိုပါသည်။

By Myanmar Education Guide -EDGE 

Ref: The Guardian 

Latest Post Read 556 times