Sales Hotline : 09448001653       Download App



အမေရိကန်နိုင်ငံ ကျောင်းသားဗီဇာ နှုန်းထား လေးဆနီးပါတက်

အမေရိကန်နိုင်ငံ ကျောင်းသားဗီဇာ နှုန်းထား လေးဆနီးပါတက်

ပြီးခဲ့တဲ့ မတ်လမှာ ထုတ်ပြန်လိုက်တာရဲ့ နောက်ဆက်တွဲအဖြစ် အမေရိကန်သံရုံးမှာ ကျောင်းသားဗီဇာ(F1)ကြေး လေးဆ နီးပါး မြင့်တက်သွားပါတယ်။

ယခု ဧညီ့လ ၉ ရက် တနင်္လာနေ့မှာ စတင်သက်ရောက်မယ့် student visa နှုန်းထားဟာ တစ်နှစ်(၁၂ လ) စာအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၀၀ ဖြစ်သွားပါတယ်။

ယခင်နှုန်းထားက အမေရိကန်ဒေါ်လာ ၁၆၀ မျှသာ ဖြစ်ပါတယ်။

တက္ကသိုလ်ပညာရေးကို သင်ယူမယ့် ကျောင်းသူကျောင်းသားတွေအနေဖြင့် အနည်းဆုံး ၄ နှစ် ပညာသင်ယူကြရမှာမို့ ၄ နှစ်စာ ကျသင့်တဲ့ ပမာဏမှာ

အမေရိကန်ဒေါ်လာ ၂၄၀၀ ဖြစ်ပါတယ်။ အဲဒါ ဗီဇာဖိုးသက်သက်အတွက် ကုန်ကျမှာ ဖြစ်ပါတယ်။

သက်မွေးပညာ vocational (M1)အတွက်လည်း ဗီဇာနှုန်းထားစာ တစ်နှစ်စာအတွက် အမရိကန်ဒေါ်လာ ၆၀၀ အတူတူပဲ ဖြစ်တာ တွေ့ရပါတယ်။

နှုန်းထားသစ် ကြေညာချက်ကို အောက်ပါလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

 https://mm.usembassy.gov/message-u-s-visa-applicants-fee-and-validity-change/

american visa21

International/Private Read 2511 times