Sales Hotline : 09448001653       Download App



တာဝန်ထမ်းဆောင်လိုသောဒေသများရွေးချယ်ခွင့်ပြုမည်

** Unicode **

ဆရာအတတ်ပညာဘွဲ့ သင်တန်းပြီးဆုံးသူများအနေဖြင့် တာဝန်ထမ်းဆောင်လိုသော ဦးစားပေးဒေသရွေးချယ်လျှောက်ထားနိုင်ကြောင်း အခြေခံပညာဦးစီးဌာနက မတ်လပထမပတ်တွင် ကြေညာပါသည်။

ဆရာအတတ်ပညာဘွဲ့သင်တန်းပြီးဆုံးထားသူများသည် အခြေခံပညာတွင် စတင်တာဝန်ထမ်းဆောင်သည့်အခါ ဦးစားပေးဒေသ လျှောက်ထားခွင့်ပြုပြီး ယင်းသို့ လျှောက်ထားရာ၌ လစ်လပ်တစ်နေရာတွင် ဦးစားပေးလျှောက်ထားသူတစ်ဦးထက် ပိုနေပါက သင်တန်းတက်စဉ်က ရရှိခဲ့သော ရမှတ်မြင့်သူကို ဦးစားပေးမည်ဟု အခြေခံပညာဦးစီးဌာနက ကြေညာထားပါသည်။

၂၀၁၉ တွင် ဆရာအတတ်ပညာဘွ့ဲ သင်တန်းပြီးဆုံးထားသူများသည် ဦးစားပေးဒေသလျှောက်ထားသည့်လျှောက်လွှာကို www.dbe.moe.edu.mm မှဒေါင်းလုတ်ရသူကာ မတ်လ (၂၀) ရက်နောက်ဆုံးထား၍ ရုံးအမှတ် (၁၃) အခြေခံပညာဦးစီးဌာန နေပြည်တော်သို့ အရောက်ပို့ချောစနစ်ဖြင့် လျှောက်ထားရမည်ဟု အခြေခံပညာဦးစီးဌာန ကြေညာချက်တွင် ဖော်ပြထားပါသည်။

၎င်းတို့ဦးစားပေးလျှောက်ထားသော ဒေသများတွင် လစ်လပ်နေရာရှိပါက တာဝန်ထမ်းဆောင်ခွင့်ပြုခြင်းဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆိုပါသည်။

Hostels (588) အဆောင်များနှင့် ပတ်သက်ပြီး (၅၈၈) ခုရှာရန်နှိပ်ပါ။

ထိုသို့ ဦးပေးစားဒေသလျှောက်ထားရာတွင် ပါရှိသောနေရပ်လိပ်စာအရ ဒေသခံကို ဦးစားပေးခန့်ထားမည်ဖြစ်သည်။ ဆန္ဒပြုသည့်တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း လစ်လပ်မရှိပါက သင်တန်းတက်စဉ်က စေလွှတ်မြို့နယ်လိပ်စာပါ တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်းခန့်ထားရန်ဦးစားပေး စဉ်းစားမည်ဟုလည်း အခြေခံပညာဦးစီးဌာနကြေညာချက်၌ ဖော်ပြထားပါသည်။

Read More;>>>>  အင်္ဂလိပ်စာ ဒီပလိုမာသင်တန်းများအကြောင်း


ရန်ကုန် ပညာရေးတက္ကသိုလ်၊ စစ်ကိုင်း ပညာရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ်များတွင် ပညာရေးဘွဲ့၊ ဆရာအတတ်ပညာဒီပလိုမာ၊ ဆရာအတတ်ပညာလက်မှတ် သင်တန်းများဖွင့်လှစ်နေပြီး ထိုသင်တန်းများပြီးအောင်မြင်ပါက အခြေခံပညာကျောင်းများတွင် အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြများအဖြစ်ခန့်ထားပါသည်။

Credit: 7Day News

 

** Zawgyi **



၂၀၁၉ တွင် ဆရာအတတ်ပညာဘွဲ့ သင်တန်းပြီးဆုံးထားသူများသည် ဦးစားပေးဒေသလျှောက်ထားသည့်လျှောက်လွှာကို www.dbe.moe.edu.mm မှဒေါင်းလုတ်ရသူကာ မတ်လ (၂၀) ရက်နောက်ဆုံးထား၍ ရုံးအမှတ် (၁၃) အခြေခံပညာဦးစီးဌာန နေပြည်တော်သို့ အရောက်ပို့ချောစနစ်ဖြင့် လျှောက်ထားရမည်ဟု အခြေခံပညာဦးစီးဌာန ကြေညာချက်တွင် ဖော်ပြထားပါသည်။


Hostels (588) အဆောင်များနှင့် ပတ်သက်ပြီး (၅၈၈) ခုရှာရန်နှိပ်ပါ။


Read More;>>>>  အင်္ဂလိပ်စာ ဒီပလိုမာသင်တန်းများအကြောင်း


Credit: 7Day News
 

News Tips Latest Post Read 12046 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176