Sales Hotline : 09448001653       Download App



မူကြိုကျောင်းမျာအားလုံး မေလ (၁၅) ရက်ထိဆက်လက်ပိတ်ထား

** Unicode **


တစ်နိုင်လုံးအတိုင်းအတာဖြင့် အစိုးရမူကြိုကျောင်းများနှင့် ပုဂ္ဂလိကမူကြိုကျောင်းများအားလုံး မေလ (၁၅) ရက်အထိ ဆက်လက်ပိတ်ထားရန် ညွှန်ကြားထားကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာန အောက်က မူကြိုများအားလုံးကို မေလ (၁၅) ရက်အထိ ပိတ်ထားဖို့ဆက်လက်ညွှန်ကြားထားပါတယ်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးကို ညွှန်ကြားထားပြီးဖြစ်ကြောင်းကို လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရပါတယ်။

တစ်နိုင်လုံးအတိုင်းအတာဖြင့် ပုဂ္ဂလိကမူကြိုများအပါအဝင် မူကြိုအားလုံး မတ်လ (၁၆) ရက်မှစတင်ကာ ဧပြီလကုန်အထိ ပိတ်ရန်ညွှန်ကြားခဲ့ပြီး ယခု မေလ (၁၅) ရက်အထိ ထပ်တိုးပိတ်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Pre-School (811) မူကြိုကျောင်းများနှင့် ပတ်သက်ပြီး (၈၁၁) ခု ရှာရန်နှိပ်ပါ။

COVID-19 သည် လူစုလူဝေးများပြားနေရာတွင် လျင်မြန်စွာ ကူးစက်နိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ၊ ပွဲလမ်းသဘင်များမပြုလုပ်ကြရန်နှင့် ထိုသို့အခမ်းအနားများ၊ ပွဲလမ်းသဘင်များ ယနေ့မှစ၍ ၂၀၂၀ ပြည့်နှစ် ဧပြီ (၃၀) ရက်အထိ ကျင်းပခွင့်မပြုပဲ ရပ်ဆိုင်းထားရေးကိုလည်း သက်ဆိုင်ရာဌာနများသို့ ညွှန်ကြားထားပြီး လိုအပ်ပါက ရပ်ဆိုင်းကာလကို တိုးမြှင့်သတ်မှတ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက မတ်လ (၁၃) ရက်တွင် ထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။

Credit: The Standard Time Daily
Photo: Credit
 

** Zawgyi **







Photo: Credit
 

News Tips News Tips Latest Post Read 4686 times