Sales Hotline : 09448001653   Find A Tutor     Download App



AI ရဲ့ အကူအညီနဲ့ စာရေးခိုင်းလို့ရမယ့် You.com ရဲ့ Feature တစ်ခုဖြစ်တဲ့ You Write

 

 

You.com က အသုံးပြုသူ user တွေကို ဦးစားပေးအလေးအနက်ထားပြီး လက်ရှိမှာ လူသိနည်းသေးတဲ့ search engine တစ်ခုဖြစ်ပါတယ်။ သင်က အင်တာနက်သုံးတာများတဲ့သူ လိုင်းပေါ်မှာပဲ အချိန်ကုန်နေတတ်တဲ့သူဆိုရင်တော့ ဒီ search engine လေးကို အသုံးပြုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ 

 

ဒါ့အပြင် သူ့ရဲ့ Feature တစ်ခုအနေနဲ့ ပါဝင်လာတဲ့ You Write ကလည်း သင်အင်္ဂလိပ်လို ရေးချင်တဲ့ အကြောင်းအရာတွေကို ကိုယ်တိုင်စဥ်းစားပြီး မရေးရပဲ ရေးချင်တဲ့ အကြောင်းအရာ အကျဥ်းချုပ်ကို ပေးရုံဖြင့် AI ရဲ့ အကူအညီနဲ့ စာရေးခိုင်းလို့ရမှာပါ။ 

 

သင့်ရဲ့ ကိုယ်ရေးကိုယ်တာ Privacy အချက်အလက်များကိုလည်း you.com က လုံခြုံစွာထိန်းသိမ်းပေးထားပါတယ်။ ဒါဆို You Write မှာ ဘယ်လို Feature တွေပါလဲ ဘယ်လိုစာရေးခိုင်းလို့ရလဲ ကြည့်ရအောင်။

 

You Write ဟာ ကိုယ်ရေးချင်တဲ့ အကြောင်းအရာကို အချိန်တိုအတွင်းမှာ အချိန်ကုန် လူအင်အား သက်သက်သာသာနဲ့ ပြီးမြောက်မှုမြန်ဆန်စွာ ရေးသားနိုင်ဖို့ရာ ရည်ရွယ်ဖန်တီးထားတာပါ။ Essay ရေးချင်လား၊ ဆောင်းပါးရေးချင်တာလား AI ရဲ့ အကူအညီနဲ့ ရေးပေးမှာပါ။ 

 

အရင်ဆုံး You.com ကနေ You Write ထဲကိုဝင်ပါ။ အဲဒီမှာ ကိုယ်ရေးချင်တဲ့ စာအမျိုးအစားကိုရွေးချယ်လို့ရပါတယ်။Email, Paragraph, Social Media Post, Title, Blog, Essay ဆိုပြီး ပါပါတယ်။Blog နဲ့ Essay ကတော့ စာကြောင်းရေ ပိုရှည်တဲ့ ရလာဒ်ထွက်ပါတယ်။

 

နောက်ပြီးရင်တော့ ကိုယ်ရေးမယ့် စာရဲ့ Type ကို ရွေးချယ်လို့ရပါတယ် စာကို Neutral ပုံစံနဲ့ သွားချင်တာလား၊ Friendly ပုံစံနဲ့ရေးချင်တာလား၊ Professional ပုံစံနဲ့ သွားမှာလား စတဲ့ Option ၅ ခုပါပါတယ်။ နောက် (Audience/Receiver) ဆိုတဲ့ နေရာမှာ ကိုယ်ရေးမယ့်စာကို ဘယ်သူတွေကဖတ်မှာလဲ (E.g-  CEOs, co-workers, teachers, developers, scientists, foodies, etc.) ကိုယ်ကြိုက်တာဖြည့်လို့ရပါတယ်။ 

 

နောက် Text Box ထဲမှာတော့ AI ကို ကိုယ်ရေးစေချင်တဲ့ အကြောင်းအရာ အတိုချုံးရှင်းပြပါ။ စကားလုံး၊ စကားစု၊ ဝါကျ၊ စာပိုဒ် သင်အဆင်ပြေသလို ထည့်သွင်းနိုင်ပါတယ်။ ပြီးရင် “Write” ကိုနှိပ်လိုက်တာနဲ့ AI က ရေးပေးတဲ့ စာတွေကို သင်စက္ကန့်ပိုင်းအတွင်းမှာ ရရှိနိုင်ပြီပဲဖြစ်ပါတယ်။ “More like this” ဆိုတဲ့ button လေးကို နှိပ်ရင်တော့ AI က အကြောင်းအရာတူပြီး စာသားမတူတဲ့ content မျိုးကို ထပ်မံရေးသားပေးမှာပဲဖြစ်ပါတယ်။ 

 

You Write ကို အသုံးပြုပြီးတော့ ကိုယ့်ရဲ့ Essay,Blog,Email,Social Media Post တွေကို အဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။ ဒီ Feature ရဲ့ ကောင်းခြင်း၊ ဆိုးခြင်းကတော့ အသုံးချသူရဲ့ရည်ရွယ်ချက်အပေါ်ပဲ မူတည်ပါလိမ့်မယ်။ ဒါကိုတော့ ဗဟုသုတ အနေနဲ့ မျှဝေပေးလိုက်ရပါတယ်။

 

Ref: Introducing YouWrite — an AI writing assistant on You.com

 

Knowledge Latest Post Read 365 times