AI နဲ့ အင်္ဂလိပ်စကားပြော လေ့ကျင့်နိုင်မယ့် App (၁၀) ခု

အင်္ဂလိပ်စကားပြော လေ့ကျင့်တဲ့အခါ အထိရောက်ဆုံး နည်းလမ်းကတော့ Real Conversation တွေကို Role Play လုပ်ပြီး အပြန်အလှန် ပြောကြည့်ခြင်းပဲ ဖြစ်ပါတယ်။

တချို့လူတွေက လူအစစ်တွေနဲ့ တိုက်ရိုက် စကားပြောရမယ်ဆိုရင် ပြောမထွက်တာမျိုး၊ ရှက်တာမျိုး၊ ကြောက်တာမျိုး ဖြစ်တတ်ပါတယ်။

ဒါကြောင့် စကားလည်း Real Conversation အတိုင်း ပြောလို့ရမယ်၊ တကယ့်လူအစစ်ကြီးလည်း မဖြစ်စေချင်ဘူးဆိုရင်တော့ ဒီ AI Apps တွေက သင့်အတွက် အများကြီး အသုံးဝင်ပါလိမ့်မယ်။

၁။ Spearkly

Topic တစ်ခုချင်းစီကို ရွေးပြီး လေ့ကျင့်လို့ရသလို Daily Chat အနေနဲ့လည်း ပြောလို့ရပါတယ်။ ကိုယ်ပြောတဲ့အပေါ် မူတည်ပြီး လိုက်လျောညီထွေဖြစ်အောင်၊ ကိုယ်သုံးလိုက်တဲ့ စကားစုတွေကို အဆင့်မြှင့်တင်နိုင်အောင် ကူညီပေးပါတယ်။ ကိုယ့်အသံကို Record လုပ်ပြီး Accent၊ Pronunciation နဲ့ Grammar တွေကိုလည်း စစ်ဆေးပေးပါတယ်။ 

၂။ Talkpal AI 

သူက စကားပြောလေ့ကျင့်လို့ရတဲ့ ပုံစံအမျိုးမျိုးကို ရွေးချယ်နိုင်ပါတယ်။ Chat၊ Dialogue Mode၊ Sentence Mode၊ Call Mode၊ Roleplays စတဲ့ ပုံစံအမျိုးမျိုးနဲ့ စကားပြောစွမ်းရည်အပြင် အကြားစွမ်းရည်ကိုပါ လေ့ကျင့်လို့ရပါတယ်။ ဘာသာစကား ပိုမို ကျွမ်းကျင်ဖို့အတွက် အကြုံပြုချက်တွေ၊ အမှားပြင်ဆင်မှုတွေကိုလည်း ချက်ချင်း ပြန်ပေးပါတယ်။ 

၃။ ELSA Speak

Speaking အတွက် လက်တွေ့ကျတဲ့ Topic တွေ၊ Lesson တွေ ရှိတာကြောင့် များများ လေ့ကျင့်လို့ရပါတယ်။ အသံထွက်ကိုလည်း ပိုမို ကောင်းမွန်လာအောင် Feedback ချက်ချင်း ပြန်ပေးပါတယ်။ ကိုယ်ပြောနိုင်တဲ့ Level အလိုက် သင်ခန်းစာတွေကို မလွယ်မခက်အောင် ညှိပေးထားတဲ့အတွက် Beginner ကနေ Advanced အထိ အသုံးဝင်ပါတယ်။ 

၄။ SpeakPal

အပြင်လက်တွေ့ဘ၀မှာ ပြောလေ့ရှိတဲ့ စကားတွေ၊ အသံထွက်လေ့ကျင့်မှုတွေနဲ့ အဖြေမှန် ပြင်ပေးနိုင်တဲ့ AI App တစ်ခုဖြစ်တာကြောင့် ဘာသာစကားစွမ်းရည် မြှင့်တင်နိုင်ပြီး စကားပြောလေ့ကျင့်ရာမှာ လျင်မြန်လွယ်ကူစေပါတယ်။ ကိုယ်ရောက်နေတဲ့ Level နဲ့ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို လိုက်ပြီး လိုက်လျောညီထွေ ဖြစ်စေမယ့် သင်ခန်းစာတွေ လုပ်ပေးထားပါတယ်။

၅။ SmallTalk2Me

Business၊ Academic နဲ့ Daily Conversation တွေကို ပြောကြည့်ဖို့ မတူညီတဲ့ ခေါင်းစဉ်တွေ ပေးထားပါတယ်။ IELTS Speaking ပိုင်းအတွက် Mock Test ဖြေပြီး လေ့ကျင့်ချင်သူတွေအတွက်လည်း အသုံးဝင်ပါတယ်။ Record လုပ်ထားတဲ့ အသံဖိုင်ကို တင်ပြပြီး ကိုယ့်ရဲ့ Grammar ၊ Pronunciation နဲ့ Vocabulary တို့ကို စစ်ခိုင်းလို့ ရပါတယ်။

၆။ Langua

အင်္ဂလိပ်စကားပြော လေ့ကျင့်ဖို့ လက်တွေ့ကျပြီး စိတ်ဝင်စားစရာကောင်းတဲ့ ခေါင်းစဉ်တွေကို ရွေးချယ်လို့ရပါတယ်။ AI Tutor ကနေ သင့်အမှားတွေကို ပြန်ပြင်ပေးပြီး ဘာလို့ မှားတာလဲဆိုတာကိုပါ ရှင်းလင်းချက်နဲ့တကွ ဖော်ပြပေးပါတယ်။ အင်္ဂလိပ်စာ ကျွမ်းကျင်ဖို့အတွက် ပိုကောင်းတဲ့ စကားစုတွေကိုလည်း အကြုံပြုပေးပါတယ်။ 

၇။ Speak & Learn English (Learna)

အင်္ဂလိပ်စကားကို ယုံကြည်မှုရှိရှိ ပြောဆိုနိုင်ဖို့ ဒီဇိုင်းလုပ်ထားတဲ့ AI App တစ်ခု ဖြစ်ပါတယ်။ Real Conversation တွေ ပြောလို့ရသလို Grammar နဲ့ Vocabulary သင်ခန်းစာတွေကိုလည်း လေ့ကျင့်လို့ ရပါတယ်။ ကိုယ့်ရဲ့ အင်္ဂလိပ်စကားပြောစွမ်းရည်ကို တိုးတက်စေပြီး အသံထွက်ကောင်းစေမယ့် Feedback တွေကိုလည်း ပြန်ပေးနိုင်ပါတယ်။

၈။ Praktika

Speaking နဲ့ Real-life Conversation တွေကို အထူး လေ့ကျင့်ပေးတဲ့ App ဖြစ်ပါတယ်။ AI Avatars တွေကနေ တကယ့်လူအစစ်အတိုင်း သင်နဲ့ စကားအပြန်အလှန် ပြောပေးမှာပါ။ Travel၊ Work၊ Daily Life တို့လို ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ပြောနိုင်ပြီး သင့်အသံထွက်နဲ့ သဒ္ဒါအမှားတွေကို ဆရာတစ်ယောက်လို ပြင်ပေးမှာ ဖြစ်ပါတယ်။

၉။ Loora

အင်္ဂလိပ်စကားပြောစွမ်းရည်၊ အသံထွက်နဲ့ သဒ္ဒါပိုင်းတို့ကို လေ့ကျင့်ပေးမယ့် AI Tutor ဖြစ်ပါတယ်။ အားကစား၊ နည်းပညာ၊ ဖက်ရှင်၊ စီးပွားရေး နယ်ပယ်အစုံကို သင်စိတ်ဝင်စားတဲ့ Topic အလိုက် ဘာမဆို အပြန်အလှန် ပြောပြီး လေ့ကျင့်နိုင်ပါတယ်။ သင်ပြောတာတွေမှာ အမှားတွေ ပါရင်လည်း ပြင်ဆင်ပေးပြီး ပိုကောင်းစေမယ့် Feedback တွေ ပြန်ပေးနိုင်ပါတယ်။

၁၀။ EF Hello

သင့်အင်္ဂလိပ်စာ Level အလိုက် Topic အစုံအလင်ကို ရွေးချယ်ပြီး လေ့လာလို့ရပါတယ်။ Pronunciation ကို လေ့ကျင့်လို့ရသလို Conversation တွေ ပြောကြည့်ပြီး Grammar တွေကိုလည်း သင်ယူနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ပြောလိုက်တာကို AI က အမှန်ပြင်ပေးမှာ ဖြစ်ပြီး Speaking လေ့ကျင့်ရင်း AI က ပြန်ပြောတာတွေကိုလည်း နားထောင်ရမှာ ဖြစ်တဲ့အတွက် Listening လည်း တိုးတက်စေမှာပါ။ 

=============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Vocational Read 16 times