Sales Hotline : 09448001653       Download App



တရုတ်နိုင်ငံရှိ ဦးဆောင်ဆေးရုံများနှင့် ဆေးကောလိပ်များ၏ စာရင်းများကို ဆေးသိပ္ပံအကယ်ဒမီမှ ထုတ်ပြန်

တရုတ်နိုင်ငံ ဆေးသိပ္ပံအကယ်ဒမီက ပြည်တွင်းဆေးရုံ ၁,၆၀၀ ကျော်နှင့် ဆေးကောလိပ် ၁၀၀ ကျော်တို့၏ ၂၀၁၉ ခုနှစ်အတွင်း သိပ္ပံပညာရပ်ဆိုင်ရာနှင့် နည်းပညာဆိုင်ရာ စွမ်းဆောင်နိုင်မှုပေါ် မူတည်၍ သတ်မှတ်ချက်အဆင့်စာရင်းများ ထုတ်ပြန်လိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံရှိ ဦးဆောင်ဆေးရုံများတွင် စီချွမ်းတက္ကသိုလ် West China ဆေးရုံ၊ ပီကင်း ယူနီယံ ဆေးကောလိပ်ဆေးရုံနှင့် ကျဲ့ကျန်း ဆေးပညာသင်တက္ကသိုလ်၏ ပထမမိတ်ဖက်ဆေးရုံတို့လည်း ပါဝင်ကြောင်းသိရသည်။ ထိပ်တန်း ဆေးကောလိပ်သုံးခုမှာ ပီကင်း ယူနီယံ ဆေးကောလိပ်၊ ပီကင်းတက္ကသိုလ် သိပ္ပံပညာရပ်ဆိုင်ရာ ကျန်းမာရေးစင်တာနှင့် ရှန်ဟိုင်း ကျောင်းထုံဆေး ပညာသင်တက္ကသိုလ်တို့ ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ဆေးရုံများအတွက် ၂၀၁၉ ခုနှစ် သတ်မှတ်ချက်များသည် သိပ္ပံပညာရှင်များနှင့် ပညာရှင်များက အထူးအလေးပေးဖော်ပြမှုကဲ့သို့သော နိုင်ငံတကာလွှမ်းမိုးမှုအပေါ် သက်ရောက်မှုရှိစေသည့် တိုက်ရိုက်ညွှန်ပြမှုကိုလည်း မီးမောင်းထိုးပြထားခြင်း ဖြစ်ကြောင်း အကယ်ဒမီက ဆိုသည်။

ထို့ပြင် အဆင့်သတ်မှတ်ချက် တွက်ချက်မှုသည် လက်တွေ့သုတေသနပြုလုပ်ရန် အလွန်အရေးကြီးကြောင်းလည်း အကယ်ဒမီက ဖြည့်စွက်ဖော်ပြထားသည်။ ဆေးကောလိပ်များအတွက် သတ်မှတ်ချက်များအတွက်မူ ထုတ်ပြန်ထားသော စာတမ်းများအပေါ် အလေးထားမည့်အစား ၎င်းတို့၏ သိပ္ပံပညာရပ်ဆိုင်ရာ ဘက်စုံသုတေသန အားကောင်းမှုများအပေါ် ဦးတည်ထားခြင်းဖြစ်ကြောင်း အကယ်ဒမီက ပြောကြားခဲ့သည်။

Source: xinhuamyanmar.com

Latest Post News Read 437 times