Sales Hotline : 09448001653       Download App



အလုပ်ထွက်ပြီး လမ်းဘေးမှာ ကြက်ဆီထမင်းရောင်းတဲ့ ဘွဲ့ရလူငယ်

Business Communication အဓိက ဘာသာရပ်ဖြင် ဘွဲ့ရထားတဲ့ လူငယ်တစ်ဦးဟာ ယခုနှစ်မှ အလုပ်စဝင်ခဲ့ပြီး ရတဲ့လစာ ထိုက်ထိုက်တန်တန် မရရှိဘူးလို့ ယူဆတာကြောင့် အလုပ်မှ နုတ်ထွက်လိုက်ပြီး လမ်းဘေးမှာ ကြက်ဆီထမင်း ရောင်းချခဲ့ပါတယ်။

အမည်မဖော်လိုသူ လူငယ်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကောလိပ်တစ်ခုမှ ဘွဲ့ရထားသူ ဖြစ်ပြီး မကြာသေးခင်ကမှ အလုပ်ထွက်လိုက်တယ်။ သူနေထိုင်တဲ့ အိမ်ရှေ့ လမ်းဘေးပလက်ဖောင်းမှာ ကြက်ဆီထမင်း အရောင်းဆိုင်ငယ် ခင်းပြီး ရောင်းချခဲ့ပါတယ်။ အလုပ်ထွက်ရတဲ့အကြောင်းရင်းကတော့ သူ့ရတဲ့ လစာက ထိုက်ထိုက်တန်တန် မရှိဘူးလို့ ယူဆဆုံးဖြတ်တာကြောင့် ဖြစ်ပါတယ်။

China Press မှာ ဖော်ပြထားတဲ့သတင်းအရ သူ့မိခင်က သားဖြစ်သူကို ထောက်ခံအားပေးကြောင့် Facebook မှာ တင်ပြခဲ့ပြီး သူ့သားရဲ့ဆိုင်ကို အားပေးကြဖို့လည်း ပန်ကြားခဲ့ပါတယ်။

မိခင်က အကျိုးအကြောင်း ဖော်ပြတာမှာ သားဖြစ်သူဟာ အခုနှစ်မှ business communications  အဓိကဘာသာရပ်ဖြင့် ကျောင်းပြီးခဲ့သူ ဖြစ်ပြီး COVID-19 ကပ်ရောဂါ စတင်ချိန်မှာ အလုပ် ရရှိခဲ့တယ်။ ဒါပေမဲ့ လအတန်ကြာပြီးချိန်မှာ ဘန်ကောက်မြို့မှာ အလုပ်လုပ်ရတာ မပျော်ပိုက်တာ သူတွေ့ရတယ်။ ထိုက်တန်တဲ့ လစာကို မရရှိတာကြောင့် ဖြစ်ပြီး အလုပ်တက်ဆင်း သွားလာရတာတွေအတွက် ကုန်ကျစရိတ်လည်းရှိနေတယ်လို့ သားက ယူဆတယ်။

သူရထားတဲ့ မေဂျာအတွက် ဘွဲ့ကို ပေးတဲ့ လစာတွေက ပျမ်းမျှအားဖြင့် ဘတ် ၁၃,၀၀၀ ဖြစ်တယ်။ အလုပ်မှာ သူ့ကို ပေးတာ ဘတ် တစ်သောင်း မပြည့်ဘူးလို့ မိခင်က ရေးသားထားပါတယ်။ သူ့သူဌေးကို အပြစ်မဆိုသာဘူး။ လက်ရှိ စီးပွားရေးအခြေအနေတွေက မကောင်းကြတော့ အဲဓီလောက်ပဲ သူတတ်နိုင်တယ် လို့ ရှင်းပြထားပါတယ်။ 

နေ့စဉ် အလုပ်တက်ဆင်းအတွက် ကုန်ကျစရိတ်က ဘတ် ၂၀၀ လောက် ကုန်တယ်။ အချိန်ပေးရတယ်။ လူလည်း ပင်ပန်းနွမ်းနယ်တယ်လို့ မိခင်က အသေးစိတ် ဖော်ပြထားတယ်။

ကြက်ဆီထမင်းဆိုင် ဖွင့်ဖို့ သားအမိနှစ်ယောက် သဘောတူညီကြပြီး  ဈေးအတူဝယ်ကြတယ်။ ချက်တာကိုတော့ မိခင်က လုပ်ပေးတယ်။ သားက ဆိုင်ထိုင် ရောင်းပေးတယ်။ ဆိုင်က ကျမတို့ အိမ်ရှေ့ လမ်းဘေးမှာပဲ ဖွင့်ထားပါတယ်လို့ သူက ရေးသားထားတယ်။

ပထမဆုံးနေ့မှာ ကြက်ဆီထမင်း တစ်ဘူးပဲ ရောင်းရတယ်။ ဒါပေမဲ့ ကျမ အခုရေးတင်ထားတာကို တွေ့ကြတဲ့သူတွေ ကျမသားဆီလာပြီး ဝယ်ယူအားပေးနိုင်ပါတယ်လို့ သူမက ရေးသားထားတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်မှာ သူက Facebook မှာ ပို့စ်တစ်ခု တင်ပြခဲ့ပြီး သူတို့ သားအမိ ကြက်ဆီထမင်း အပြင် ဝက်သားတုတ်ထိုးအကင်ကိုပါ ရောင်းချနေကြောင်း အသိပေးထားတယ်။ 

Ref: says.com
By Myanmar Education Guide - EDGE
 

Latest Post News Read 1743 times