Sales Hotline : 09448001653   Find A Tutor     Download App



အင်ဂျင်နီယာ (၃၀၀) မွေးထုတ်ပေးနိုင်မည့် စက်မှုလက်မှုသိပ္ပံကျောင်း တည်ဆောက်လျက်ရှိ

Image Source: MRTV

နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သော အဆောက်အအုံ၊ လမ်း၊ တံတား၊ ဆည်မြောင်း၊ တာတမံများတည်ဆောက်ရာတွင် လိုအပ်သော စက်မှုလက်မှု အတတ်ပညာရှင်များဖြစ်သည့် အင်ဂျင်နီယာများကို ပြည်တွင်း၌ ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒလမြို့နယ်၌ တစ်နှစ်လျှင် အင်ဂျင်နီယာ (၃၀၀)ဦး မွေးထုတ်ပေးနိုင်မည့် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းကို တည်ဆောက်လျက်ရှိသည်။

အဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းကို ဒလမြို့နယ်၊ သပြေကုန်း ကျေးရွာအနီး (၁၁/၁၄)ရပ်ကွက်ရှိ မြေ (၂၅) ဧကပေါ်၌ ဆောက်လုပ်နေခြင်း ဖြစ်ပြီး ဆောက်လုပ်ရေးကုမ္ပဏီ (၁၀) ခုမှ ဆောက်လုပ်ရေး လုပ်ငန်းပေါင်း (၁၅) ခုကို အကောင်အထည်ဖော် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အစိုးရစက်မှုလက်မူသိပ္ပံကျောင်း တည်ဆောက်ခြင်းအတွက် ခွင့်ပြုရန်ပုံငွေ ကျပ် သန်းပေါင်း (၄၀၀၀) ကျော် ခွင့်ပြုထားပြီး၊ နှစ်အလိုက်ရရှိသည့် ဘတ်ဂျက်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း တည်ဆောက်ပြီးစီးပါက တစ်နှစ်လျှင် နိုင်ငံတော်အတွက် အင်ဂျင်နီယာ ဦးရေ (၃၀၀) မွေးထုတ်ပေးနိုင်မည် ဖြစ်ကြောင်း ဒလမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၏ ပြောကြားချက်အရ သိရသည်။

Source: MRTV

Latest Post News Read 637 times