Sales Hotline : 09448001653       Download App



ဆရာ/ဆရာမများအတွက် သင်ရိုးသစ်ကို အွန်လိုင်းတွင်ပို့ချမည်

** Unicode **

လာမည့် ကျောင်းဖွင့်ချိန်တွင် စတင်ပြောင်းလဲမည့် သင်ရိုးသစ် Grade-4, 7, 10 အတန်းများအတွက် သင်ပြနည်း အွန်လိုင်းပို့ချမှုသင်တန်းများ မေလဆန်းတွင် စတင်မည်ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားေးမှူးချုပ် ဦးကိုလေးဝင်းကပြောပါတယ်။

လာမည့် ၂၀၂၀-၂၁ ပညာသင်နှစ် ကျောင်းဖွင့်ချျိန်တွင် အခြေခံပညာ အတန်းများအနက် စတုတ္ထတန်း၊ သတ္တမတန်း၊ ဒသမတန်း တို့ကို သင်ရိုးသစ်ပြောင်းလဲ သင်ကြားမည်ဖြစ်ပါတယ်။

သင်ရိုးသစ်အတန်းများသင်ပြနည်းအတွက် တစ်နိုင်ငံလုံးရှိ ဆရာ/ဆရာမ လေးသိန်းခွဲကို ဧပြီ၊ မေလတွင် သင်တန်းပေးရန် ပညာရေးဝန်ကြီးဌာနက မူလကစီစဉ်ထားသောလည်း COVID-19 ကူးစက်ကပ်ရောဂါကြောင့် သင်တန်းမျာကို ဆိုင်းငံ့ခဲ့ရပါတယ်။

သင်ရိုးသစ်အတွက် ဆရာ/ဆရာများကို မဖြစ်မနေ သင်တန်းပေးထားရန် လိုအပ်ခြင်းကြောင့် အွန်လိုင်းနှင့် ရုပ်မြင်သံကြားမှတစ်ဆင့် သင်တန်းပို့ချရန် စီစဉ်နေကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားေးမှူးချုပ်က ပြောပါတယ်။

၎င်းသင်တန်းကို မေလ ပထမပတ်လောက်မှာ စတင်နိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်။သင်တန်းများ မစခင် ကြိုတင်၍ ပြည်သူကို အသိပေးခြင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)၊ Education Online Channel၊ ပညာရေးဝန်ကြီးဌာန Facebook&Website တို့မှကြိုတင်ကြေညာမည်ဖြစ်ပါတယ်။
အွန်လိုင်းသင်တန်းမစခင်မှာ ဆရာ/ဆရာမများ Registration လုပ်ရမည်များရှိပါတယ်။

English (819) အင်္ဂလိပ် စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်း (၈၁၉) ခုရှာရန်နှိပ်ပါ။

သင်တန်းတက်ရမည့် သူများ Website မှာ မှတ်ပုံတင်(Registration) လုပ်ရမည်ဖြစ်ပါတယ်။ ဖောင်များလည်းဖြည့်ရမည်ဟုသိရပါတယ်။

(www.edge.com.mm)
 

** Zawgyi **

လာမည့္ ေက်ာင္းဖြင့္ခ်ိန္တြင္ စတင္ေျပာင္းလဲမည့္ သင္ရိုးသစ္ Grade-4, 7, 10 အတန္းမ်ားအတြက္ သင္ျပနည္း အြန္လိုင္းပို႔ခ်မႈသင္တန္းမ်ား ေမလဆန္းတြင္ စတင္မည္ဟု အေျခခံပညာဦးစီးဌာန ညႊန္ၾကားေးမွဴးခ်ဳပ္ ဦးကိုေလးဝင္းကေျပာပါတယ္။

လာမည့္ ၂၀၂၀-၂၁ ပညာသင္ႏွစ္ ေက်ာင္းဖြင့္ခ်ိ်န္တြင္ အေျခခံပညာ အတန္းမ်ားအနက္ စတုတၳတန္း၊ သတၱမတန္း၊ ဒသမတန္း တို႔ကို သင္ရိုးသစ္ေျပာင္းလဲ သင္ၾကားမည္ျဖစ္ပါတယ္။

သင္ရိုးသစ္အတန္းမ်ားသင္ျပနည္းအတြက္ တစ္ႏိုင္ငံလံုးရွိ ဆရာ/ဆရာမ ေလးသိန္းခြဲကို ဧၿပီ၊ ေမလတြင္ သင္တန္းေပးရန္ ပညာေရးဝန္ႀကီးဌာနက မူလကစီစဥ္ထားေသာလည္း COVID-19 ကူးစက္ကပ္ေရာဂါေၾကာင့္ သင္တန္းမ်ာကို ဆိုင္းငံ့ခဲ့ရပါတယ္။

သင္ရိုးသစ္အတြက္ ဆရာ/ဆရာမ်ားကို မျဖစ္မေန သင္တန္းေပးထားရန္ လိုအပ္ျခင္းေၾကာင့္ အြန္လိုင္းႏွင့္ ရုပ္ျမင္သံၾကားမွတစ္ဆင့္ သင္တန္းပို႔ခ်ရန္ စီစဥ္ေနေၾကာင္း အေျခခံပညာဦးစီးဌာန ညႊန္ၾကားေးမွဴးခ်ဳပ္က ေျပာပါတယ္။

၄င္းသင္တန္းကို ေမလ ပထမပတ္ေလာက္မွာ စတင္ႏိုင္ေအာင္ ေဆာင္ရြက္လ်က္ရွိပါတယ္။သင္တန္းမ်ား မစခင္ ႀကိဳတင္၍ ျပည္သူကို အသိေပးျခင္း၊ ျမန္မာ့အသံႏွင့္ ရုပ္ျမင္သံၾကား(MRTV)၊ Education Online Channel၊ ပညာေရးဝန္ႀကီးဌာန Facebook&Website တို႔မွႀကိဳတင္ေၾကညာမည္ျဖစ္ပါတယ္။
အြန္လိုင္းသင္တန္းမစခင္မွာ ဆရာ/ဆရာမမ်ား Registration လုပ္ရမည္မ်ားရွိပါတယ္။

English (819) အဂၤလိပ္ စကားေျပာသင္တန္းနွင့္ ပတ္သက္ျပီး သင္တန္း (၈၁၉) ခုရွာရန္ႏွိပ္ပါ။

သင္တန္းတက္ရမည့္ သူမ်ား Website မွာ မွတ္ပံုတင္(Registration) လုပ္ရမည္ျဖစ္ပါတယ္။ ေဖာင္မ်ားလည္းျဖည့္ရမည္ဟုသိရပါတယ္။

(www.edge.com.mm)
 

Latest Post News News News Read 43314 times