Sales Hotline : 09448001653       Download App



အင်္ဂလိပ်ဘာသာစကားလေ့လာမှု လျင်မြန်စွာ တိုးတက်လာစေရန် အကြံပြုချက် (၇)ချက်

အင်္ဂလိပ်ဘာသာစကားလေ့လာမှု လျှင်မြန်စွာ တိုးတက်လာစေရန် အကြံပြုချက် (၇)ချက်

၁။ အမှားကို မကြောက်ပါနဲ့

“လူမှန်လျှင် အမှားနှင့်မကင်းနိုင်” ဟူသောစကားသည် ဘာသာစကားတစ်ခုလေ့လာရာတွင်လည်း မမေ့သင့်သော အချက်တစ်ခုဖြစ်ပေသည်။ ကျွန်ုပ်တို့သည်လည်း လူထဲမှလူသားတစ်ယောက် ဖြစ်သဖြင့် အမှားနှင့်မကင်းနိုင်ပေ။ ထို့ကြောင့် ဘာသာစကားတစ်ခုလေ့လာရာတွင်လည်း အမှားလုပ်မိမည်ကို မကြောက်သင့်ပေ။ အမှားများမှ အမှန်ကို ရရှိလာနိုင်ပေသည်။

၂။ အင်္ဂလိပ်စာ အသိုင်းအဝန်းရှိပါစေ။

“တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး” ဟူသော ဆိုရိုးစကားကဲ့သို့ ကျွနု်ပ်တို့နှင့် နီးစပ်သော ပတ်ဝန်းကျင်မှ အမူအကျင့်များကိုသာ အများဆုံး ကူးစက်ကြသည်ဖြစ်သည်။ ထိုနည်းတူ ဘာသာစကားတစ်ခု လေ့လာရန် Exposure (အထိအတွေ့) များများ ရှိရန် လိုအပ်ပေသည်။ ထို့ကြောင့် သင်၏အင်္ဂလိပ်ဘာသာစကား အလျင်အမြန် တိုးတက်စေလိုပါက သင်ကိုယ်တိုင်သည်လည်း အင်္ဂလိပ်စာ ဘာသာစကားကို အများဆုံး အသုံးပြုသော ပတ်ဝန်ကျင် အသိုင်းအဝန်းမျိုးနှင့် နီးနီးစပ်စပ်ရှိရန် လိုအပ်ပေသည်။

၃။ အမြဲမပြတ် အသုံးပြုကာ လေ့ကျင့်ပါ။

လေ့ကျင့်ခြင်းသည် အောင်မြင်ခြင်း၏ သော့ချက်ဖြစ်ပေသည်။ ထို့ကြောင့် အင်္ဂလိပ်ဘာသာစကး တိုးတက်လိုပါက သင်လေ့လာထားသော စကားလုံးများ သဒ္ဒါပုံစံများ အစရှိသည်တို့ကို သင်နေ့စဉ် အသုံးပြုနေဖို့ လိုအပ်ပေသည်။

၄။ စာရင်းပြုစုထားပါ။

သင်နှင့်ရင်းနှီးကျွမ်းဝင်မှုမရှိသော လူတစ်ဦးကို တစ်ကြိမ်မြင်ဖူးရံနှင့် နောက်တစ်ကြိမ် ပြန်လည်မှတ်မိရန် မလွယ်ကူပါ။ ထိုနည်းတူပင် သင်တစ်ကြိမ်လေ့လာဖူးသော စကားလုံးများအား သေချာစာရင်း မပြုစုထားပါက နောက်တစ်ကြိမ် ပြန်လည်မှတ်မိရန် မလွယ်ကူပေ။ ထို့ကြောင့် သင်ကိုယ်ပိုင် Vocabulary Notebook လေး လုပ်ထားခြင်းသည်လည်း သင်၏ဘာသာစကား တုးတက်မှုအား အထောက်အပံ့ ပေးနိုင်ပေသည်။

၅။ ရေတိုစီမံကိန်းများ ချထားပါ။

ဘာသာစကားတစ်ခုသည် နေ့ချင်းညချင်း တတ်မြောက်သွားနိုင်သော အရာမဟုတ်ပေ။ ထို့ကြောင့် သင့်အနေနှင့်လည်း နေ့စဉ်၊ အပတ်စဉ်၊ လစဉ်၊ နှစ်စဉ် စသည်ဖြင့် အစီအစဉ်များ အသေးစိတ် ချမှတ်ကာ လေ့လာသင့်ပေသည်။ ဥပမာ - ယနေ့ အင်္ဂလိပ်စကားလုံး (၁၀)လုံးကျက်မည်ဆိုပါက နေ့စဉ်နေ့တိုင်း (၁၀)လုံးစီ ကျက်မှတ်ကာ အထက်တွင်ဖော်ပြခဲ့သလိုပင် သင်၏ကိုယ်ပိုင် Vocabulary Notebook တွင် မှတ်သားထားခြင်းသည်လည်း သင်၏ဘာသာစကား လေ့လာမှုအး အချိန်တိုအတွင်း တိုးတက်လာစေနိုင်ပါသည်။

၆။ တည်းဖြတ်ပါ။

သင်လ့လာထားသော အင်္ဂလိပ်စာ စာလုံးများ၊ သဒ္ဒါပုံစံများ စသည်တို့နှင့် သင်နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ရေးသားထားသော အင်္ဂလိပ်ဘာသာစကားဆိုင်ရာ စာစီစာကုံးများ၊ ပေးစာများ စသည်တို့ကို တစ်ကြိမ် ရေးသားပြီးသည်နှင့် လျစ်လျူမရှုထားသင့်ပါ။ အကြိမ်ကြိမ် အခါခါဖတ်ရှု၍ ပထမအကြိမ် ရေးထားသည်ထက် ပိုမိုကောင်းမွန်လာစေရန် တည်းဖြတ်ပြုပြင်သင့်ပေသည်။

၇။ သီချင်းနားထာင်ပါ။ ရုပ်ရှင်ကြည့်ပါ။

ဘာသာစကား လေ့လာခြင်းသည် အင်္ဂလိပ်စာအုပ်များဖတ်ခြင်း၊ အင်္ဂလိပ်စာသင်တန်များတက်ခြင်းဖြင့် မလုံလောက်နိုင်ပါ။ English for pleasure ဟူကဲ့သို့ပင် ပျော်ပျော်ရွှင်ရွှင်နှင့် လေ့လာခြင်းမျာလည်း လိုအပ်ပါသည်။ ထိုသို့လ့လာရန် အကောင်းဆုံးနည်းလမ်းမှာ အင်္ဂလိပ်သီချင်းများ၊ နားထောင်ခြင်၊ အင်္ဂလိပ်ရုပ်ရှင်များကြည့်ခြင်းတို့ ဖြစ်ပေသည်။

အထက်ပါ အချက်(၇)ချက်အား လေ့လာမှတ်သားကာ အင်္ဂလိပ်ဘာသာစကားအား လျင်လျင်မြန်မြန် လေ့လာသင်ယူနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။

Credit : Tr. Nway

Source: SayarGuide 

Latest Post Tips Read 1054 times