အဝေးသင်ပညာရေးစနစ်တွင် သင်ကြားရေးနှင့် မေးခွန်းပုံစံများ ပြောင်းလဲမည်

အဝေးသင်ပညာရေးစနစ် ပိုမိုကောင်းမွန်ရေးအတွက် သင်ကြားရေးနှင့်မေးခွန်းပုံစံများ စနစ်တကျပြောင်းလဲဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က နိုဝင်ဘာ (၇) ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် အစည်းအဝေးခန်းမ၌ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

သင်ကြားရေးနှင့်စပ်လျဉ်း၍ အဝေးသင်ပညာရေးစနစ် ပိုမိုကောင်းမွန်စေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ (Workshop) များ ကျင်းပ၍ သင်ကြားရေးစနစ်ပြုပြင်ပြောင်းလဲမှုများကို  ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အဝေးသင်စနစ် သင်ကြားရေးတွင် ဝိဇ္ဇာဘာသာရပ်များအတွက် Assignment နှစ်ကြိမ်ပြုလုပ်ရမည်ဖြစ်ရာ ပထမတစ်ကြိမ်ကို သတ်မှတ်ထားသည့် အချိန်အတိုင်း ပုံမှန်တင်သွင်းရမည်ဖြစ်သည်။

ဒုတိယတစ်ကြိမ်ကို ကျောင်းသို့ လူကိုယ်တိုင်လာရောက်အတန်းတက်ရောက်၍ သင်ယူမှုနှင့်အတူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Latest Post Local News Read 17 times