မြန်မာ့တက္ကသိုလ်များကို နိုင်ငံတကာအဆင့်မီရေး ဆောင်ရွက်

ပညာရေးဝန်ကြီးဌာနသည် တက္ကသိုလ်များကို နိုင်ငံတကာအဆင့်မီရေးအတွက် သင်ရိုးညွှန်းတမ်းများ နိုင်ငံတကာအဆင့်မီရေးနှင့် ပေါင်းစပ်ဘာသာရပ်များနှင့် အသုံးချဘာသာရပ်များ တိုးချဲ့သင်ကြားရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတကာအဆင့်မီ သင်ရိုးများဖြစ်စေရန်အတွက် သင်ရိုးသစ်များ နှစ်စဉ်ပြင်ဆင်ရေးဆွဲခြင်းတို့ကို ဘာသာရပ်သင်ကြားရေးအဖွဲ့များက ဆောင်ရွက် လျက်ရှိသည်။

Tutorials၊ Assignments၊ Practicals များကို ပုံမှန်ဆောင်ရွက်စေပြီး တီထွင် ဆန်းသစ်သော သင်ကြားသင်ယူမှုဖြစ်စေရန် Project- based Learning (PBL) အပါအဝင် ကျောင်းသား ဗဟိုပြုသင်ကြားနည်းများ အကောင်အထည်ဖော်ခြင်း၊ ဒီဂျစ်တယ်နည်းပညာအသုံးပြု သင်ကြားသင်ယူမှုဖြစ်စေရန် Learning Management System (LMS) တည်ထောင်ခြင်းနှင့် Digital Library များ ဖွင့်လှစ်ထားရှိခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိသည်။

သင်ကြားရေး ဆရာဆရာမများ၏ အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများ၊ ရက်တိုလေ့လာရေးခရီးစဉ်များနှင့် နှစ်ရှည် နိုင်ငံခြားပညာတော်သင်စေလွှတ်ခြင်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်များ အဆင့်မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတကာပညာသင်ဆုများမှတစ်ဆင့် နိုင်ငံခြားတက္ကသိုလ်များတွင် ပါရဂူဘွဲ့သင်တန်း တက်ရောက်နိုင်ရေးနှင့် ပါရဂူဘွဲ့ရများ မွေးထုတ်ပေးရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ကော်မတီကိုဖွဲ့စည်းပြီး အရည်အသွေးအာမခံမှုစနစ်လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

တက္ကသိုလ်များတွင် Internal Auditing နှင့် External Auditing of ASEAN University Network ၏ "AUN QA Criteria" ကျင့်သုံးလျက် Programme Level နှင့် Institutional Level တို့တွင် အရည်အသွေးအာမခံမှုနှင့် အသိအမှတ် ပြုခြင်းများရရှိအောင် ဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာ့တက္ကသိုလ်အဆင့်သတ်မှတ်ချက် စနစ်ဖြစ်သော Times Higher Education (THE) ၏ စံသတ်မှတ်ချက်များဖြစ်သည့် 5 Pillars နှင့် 17 Performance Indicators များကို အခြေခံပြီး အခြားနာမည်ကြီး ကမ္ဘာ့တက္ကသိုလ် အဆင့်သတ်မှတ်ချက်တစ်ခုဖြစ်သော QS Asia University Rankings ၏ လက်ရှိ စံသတ်မှတ်ချက်ဖြစ်သော 11 Indicators ကိုပြည့်မီရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာတက္ကသိုလ်များ နိုင်ငံတကာအဆင့်မီရေးအတွက် "Quality Education, Digital Transformation, Research & Innovation, Internationalization & Quality Assurance" ဟူသောကဏ္ဍများကို အဓိကထား၍ စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Source - မီဒီယာဖွံ့ဖြိုးရေးဦးစီးဌာန

Local News Read 15 times