ဘွဲ့မရသေးလည်း လျှောက်လို့ရတဲ့ ဆေးဘက်ဆိုင်ရာ နည်းပညာ သင်တန်း (၂) ခု

ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (ရန်ကုန်နှင့် မန္တလေး) တို့တွင် အောက်ပါ ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ (ပေါင်းကူး) သင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

- ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်းပညာ

- ဆေးဘက်ဆိုင်ရာ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ

အရည်အချင်းသတ်မှတ်ချက်

- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်/

- သိပ္ပံဘာသာတွဲဖြင့် အခြေခံပညာအထက်တန်း (က) အဆင့်ဖြင့် အောင်မြင်ပြီးသူ ဖြစ်ရမည်။

- ဆေးဘက်ကျွမ်းကျင်(၃) (ဓာတ်ခွဲ) / (ဓာတ်မှန်) သင်တန်းအောင်မြင်ပြီးနောက် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများတွင် ဆေးဘက်ကျွမ်းကျင်(၃) (ဓာတ်ခွဲ)၊ (ဓာတ်မှန်) ရာထူးဖြင့် အနည်းဆုံး လုပ်သက် (၅) နှစ် တာဝန်ထမ်းဆောင်ပြီးသူ ဖြစ်ရမည်။

- လျှောက်လွှာပိတ်သည့်ရက်တွင် အသက် (၄၅) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။

- သင်တန်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲ (ရေးဖြေ/နှုတ်ဖြေ) ဖြေဆိုအောင်မြင်ရမည်။

- သင်တန်းတက်ရောက်အောင်မြင်ပြီးပါက နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး (၃) နှစ် ဆက်လက် တာဝန်ထမ်းဆောင်ရမည်။

လျှောက်လွှာနှင့်အတူ ပေးပို့ရမည့် အချက်များကို ပြည့်စုံစွာ ဖြည့်စွက်၍ သက်ဆိုင်ရာဌာနဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးမှတစ်ဆင့် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ ရန်ကုန် (သို့) မန္တလေးသို့ လျှောက်ထားရမည် ဖြစ်ပြီး ကြိုတင်လျှောက်လွှာမိတ္တူ (၁) စောင်ကို သက်ဆိုင်ရာတက္ကသိုလ်သို့ မပျက်မကွက် ပေးပို့ လျှောက်ထားရမည်။

လျှောက်လွှာနှင့်အတူ ပေးပို့ရမည့်အချက်များ -

ကိုယ်ရေးရာဇဝင်အပြည့်အစုံ

- နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဝန်ထမ်းစိစစ်ရေးကတ်မိတ္တူနှင့် ဝန်ထမ်းကိုယ်ရေးမှတ်တမ်း မိတ္တူမှန်

- သိပ္ပံဘာသာတွဲဖြင့်အနိမ့်ဆုံး အခြေခံပညာအထက်တန်း (က)အဆင့် အောင်လက်မှတ်မိတ္တူမှန်

- လက်ရှိ တာဝန်ထမ်းဆောင်နေကြောင်း သက်ဆိုင်ရာဌာနအကြီးအမှူး၏ ထောက်ခံစာမူရင်း

- ဝင်ခွင့်စာမေးပွဲကြေး (၁) ထောင်ကျပ် ပေးသွင်းထားသည့် ချလန်မူရင်း

- (၆) လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ဓာတ်ပုံတစ်ပုံကို လျှောက်လွှာတွင် ကပ်ပြီး အပို (၂) ပုံ၏ ကျောဘက်တွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်ရေးသားရန်
   
လျှောက်လွှာပိတ်ရက်မှာ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့ (ဗုဒ္ဓဟူးနေ့) ဖြစ်ပါသည်။ လျှောက်လွှာပိတ်ရက်ထက် နောက်ကျပြီး ပေးပို့သော လျှောက်လွှာများ၊ သတ်မှတ်ချက် မပြည့်စုံသော လျှောက်လွှာများ၊ သက်ဆိုင်ရာဌာနအကြီးအမှူးမှတစ်ဆင့် လျှောက်ထားခြင်း မရှိသော လျှောက်လွှာများကို လုံးဝ လက်ခံစဉ်းစားမည် မဟုတ်ပါ။

သင်တန်းဝင်ခွင့်အတွက် ရေးဖြေစာမေးပွဲကို ဒီဇင်ဘာ (၃) ရက် (ကြာသပတေးနေ့) တွင် စစ်ဆေးပါမည်။ လူတွေ့နှုတ်ဖြေ စာမေးပွဲ ဖြေဆိုရမည့်ရက်ကို ရေးဖြေစာမေးပွဲ အောင်မြင်သူများနှင့်အတူ ထပ်မံ ကြေညာသွားမည်ဖြစ်သည်။

ရန်ကုန်တွင် သင်တန်းဝင်ခွင့်လျှောက်ထားသူများသည် စာမေးပွဲကြေး (၁) ထောင်ကျပ်ကို ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ ရန်ကုန်၏ မြန်မာ့စီးပွားရေးဘဏ် (အင်းစိန်) တွင် ဖွင့်လှစ်ထားသော MD-011670 သို့ ပေးသွင်းရမည်။

မှတ်ချက်။ ။ မြို့နယ်စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် မြန်မာ့စီးပွားရေးဘဏ် အင်းစိန်ရှိ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ ရန်ကုန် ငွေစာရင်းအမှတ် MD-011670 သို့ လိပ်မူ၍ ငွေလွှဲစနစ်ဖြင့်လည်း ပေးပို့နိုင်ပါသည်။

မန္တလေးတွင် သင်တန်းဝင်ခွင့်လျှောက်ထားသူများသည် စာမေးပွဲကြေး (၁) ထောင်ကျပ်ကို ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ မန္တလေး၏ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ (၂) တွင် ဖွင့်လှစ်ထားသော ငွေစာရင်းအမှတ် MD-013017 သို့ ပေးသွင်းရမည်။

မှတ်ချက်။ ။ မြို့နယ်စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ (၂)၊ မန္တလေးမြို့ရှိ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ မန္တလေး ငွေစာရင်းအမှတ် MD-013017 သို့ လိပ်မူ၍ ငွေလွှဲစနစ်ဖြင့်လည်း ပေးပို့နိုင်ပါသည်။

အသေးစိတ်အချက်အလက်များကို ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ ရန်ကုန် ဖုန်း - ၀၁-၆၄၅၇၅၃၊ ၀၁-၆၄၅၇၄၆ နှင့် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ မန္တလေး ဖုန်း - ၀၉-၂၀၁၇၆၈၄၊ ၀၉-၉၇၀၉၃၅၅၀၂ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန် - ( www.umty.gov.mm )

ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ မန္တလေး - ( www.umtmandalay.edu.mm ) သို့လည်း ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

==================================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

> https://t.me/eudcationguide (Telegram)

> https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

> https://shorturl.at/ktCaP

Latest Post Local News Vocational Read 10 times