နိုင်ငံတကာထက်တန်းအောင်လက်မှတ်ဖြင့် တက်ရောက်နိုင်သည့် မြန်မာတက္ကသိုလ်များ

၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ GCE/International 'A'Level (သို့) International Baccalaureate IB Diploma Programme အောင်မြင်သူများသည် မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် ဝင်ခွင့်လျှောက်ထားနိုင်ပြီဖြစ်သည်။

တက်ရောက်သင်ကြားနိုင်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ

၁။ ဆေးတက္ကသိုလ်များ

၂။ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ

၃။ ဆေးဝါးတက္ကသိုလ်များ

၄။ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ 

၅။ သူနာပြုတက္ကသိုလ်များ

၆။ အခြေခံကျန်းမာရေးတက္ကသိုလ်၊ မကွေး 

၇။ နည်းပညာတက္ကသိုလ်များ

၈။ ကွန်ပျူတာတက္ကသိုလ်များ

၉။ ပိုလီတက္ကနစ်တက္ကသိုလ်များ

၁ဝ။ မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်

၁၁။ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် 

၁၂။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်

၁၃။ စီးပွားရေးတက္ကသိုလ်များ

၁၄။ ပညာရေးတက္ကသိုလ်များ

၁၅။ နိုင်ငံခြားဘာသာတက္ကသိုလ်များ

၁၆။ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်များ

၁၇။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

၁၈။ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ရေဆင်း

၁၉။ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)

၂၀။ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း 

၂၁။ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ

၂၂။ သမဝါယမကောလိပ်များ

၂၃။ ယွန်းပညာကောလိပ်၊ ပုဂံမြို့

၂၄။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ

၂၅။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များ

မြန်မာတက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားမည်ဆိုပါက လျှောက်ထားသူသည် GCE/ International 'A' Level (သို့) IB Diploma Programme စာမေးပွဲကို ဝင်ခွင့်လျှောက်လွှာခေါ်ယူသည့်ရက်မတိုင်မီ တစ်နှစ်အတွင်း အောင်မြင်ခဲ့သူဖြစ်ရမည်။

ဆေးနှင့်ဆေးပညာနှီးနွယ်တက္ကသိုလ်များနှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်/မန္တလေး) တို့အတွက် သက်ဆိုင်ရာတက္ကသိုလ်က သတ်မှတ်သော အသက်ကန့်သတ်ချက် ရှိမည်ဖြစ်ပြီး ကျန်တက္ကသိုလ်များအတွက် အသက်ကန့်သတ်ချက်မရှိပါ။
 
သက်ဆိုင်ရာတက္ကသိုလ်၏ ဝင်ခွင့်ရွေးချယ်ရေး အစီအစဉ်အတိုင်း လျှောက်ထားရမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနက ကျင်းပသော မြန်မာစာ၊ မြန်မာ့ပထဝီဝင်၊ မြန်မာ့သမိုင်းဘာသာရပ် တတ်မြောက်မှုအရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုအောင်မြင်ရမည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အလိုက် ဝင်ခွင့်သတ်မှတ်ချက်များအား တက္ကသိုလ်လမ်းညွှန်စာအုပ်တွင် အောက်ပါအတိုင်း ဖော်ပြထားကြောင်း တွေ့ရသည်။

===================================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

> https://t.me/eudcationguide (Telegram)

> https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

> https://shorturl.at/ktCaP

Latest Post Local News University / College Read 30 times