အခြေခံပညာကျောင်းများ စံကိုက်ဖြစ်စေရေး သတ်မှတ်ချက်များ ထုတ်ပြန်

နိုင်ငံတွင် အခြေခံပညာကျောင်းပေါင်း (၅၀,၀၀၀) ခန့် ရှိပြီး စံကိုက်သည့်ကျောင်းမှာ (၁၀%) ခန့်သာရှိသည့်အတွက် အခြေခံပညာကျောင်းများကို စံကိုက်ညီမှု ဖြစ်စရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဩဂုတ်လ (၂၅) ရက်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။ 

အခြေခံပညာမူလတန်းကျောင်းအနေဖြင့် သတ်မှတ်ဧရိယာမှာ (၃) ဧကမှ (၅) ဧက၊ အခြေခံပညာ အလယ်တန်းကျောင်းအနေဖြင့် (၅) ဧကမှ (၇) ဧက၊ အခြေခံပညာအထက်တန်းကျောင်းအနေဖြင့် (၇) ဧကမှ (၁၀) ဧက ရှိရန် သတ်မှတ်ထားသည်။

ကိုက်ကျောင်းများအဖြစ် ဆောင်ရွက် ရာတွင် ကျောင်းသား ကျောင်းသူများ တန်းစီသည့် နေရာများ၊ အားကစားပြုလုပ်ရန်နေရာများနှင့် ကစားကွင်းများ ရှိရန်လိုသကဲ့သို့ အဆောက်အအုံ များကိုလည်း စနစ်တကျ ဆောက်လုပ်ရန် လိုသည်။

စာသင်ကျောင်းများ ဆောက်လုပ်ရာတွင်လည်း စနစ်တကျ ဆောက်လုပ်ရန်နှင့် ရေရှည်အတွက်ထည့်သွင်း စဉ်းစားလျာထား၍ စီမံချက်များ စနစ်တကျရေးဆွဲ ဆောင်ရွက်သွားရန် လိုသည်။

စာသင်ကျောင်းများ လုံခြုံမှုရှိစေရေး၊ စနစ်တကျရှိစေရေး၊ သန့်ရှင်း သာယာမှု ရှိစေရေး၊ စာသင်ကျောင်းများအနီးပတ်ဝန်း ကျင်ကောင်းများဖြစ်စေရေးအား ကျောင်းုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများက စနစ်တကျ ဆောင်ရွက်သွားကြရန် လိုသည်။

ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများအနေဖြင့် အခြေခံပညာကျောင်းများ၏ မြေပြင်အခြေအနေများကို စနစ်တကျစာရင်း ကောက်ယူပြီး စံကိုက် ကျောင်းများအဖြစ် ဦးစားပေးအဆင့်အလိုက် အဆင့် မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Latest Post Local News Read 14 times