ထိုင်းနိုင်ငံ မှာ ဘဝတိုးတက်ရာ တိုးတက်ကြောင်းရှာဖွေဖို့ထိုင်းဘာသာစကားကို အကျိုးရှိရှိ အသုံးချလိုပါသလား?
ထိုင်းနိုင်ငံမှာ နေထိုင်စဉ် နေ့စဉ်ဘဝ အဆင်ပြေစေဖို့ ထိုင်းလို မဖြစ်မနေပြောဖို့ လိုနေပြီလား?
ဒါဆိုရင်တော့ ဒီသင်တန်းလေးက သင့်အတွက်ပါ။ ထိုင်းနိုင်ငံမှာ နေ့စဥ်လူနေမှုဘဝ အဆင်ပြေဖို့ မရှိမဖြစ်လိုအပ်တဲ့ ထိုင်းဘာသာစကားကို သင်ယူထားသင့်ပါတယ်။
အချိန်တိုအတွင်း ထိုင်းလို စနစ်တကျပြောတတ်စေဖို့ ခေတ်မီဘာသာစကားသင်ကြားရေးနည်းစနစ်များကို အသုံးပြုပြီး Bangkok ရှိ Thai Global Business Address Technological College (TGBC) မှ ထိုင်း/မြန်မာ ဆရာ/မများ ကိုယ်တိုင် သင်ကြားပေးမယ့် ထိုင်းဘာသာစကားအခြေခံသင်တန်း (အပတ်စဉ် ၃) နဲ့ (အပတ်စဥ် ၄)ဖြစ်ပါတယ်။
Online သင်တန်းများဖြစ်လို့ ထိုင်းနိုင်ငံမှာဘဲနေနေ၊ မြန်မာနိုင်ငံမှာဘဲ နေနေ၊ ဘယ်နေရာမှာဘဲနေနေ တက်ရောက်နိုင်ပါတယ်။
မေးမြန်းစုံစမ်းကြတဲ့ ကျောင်းသူကျောင်းသားများရဲ့ တောင်းဆိုမှုကြောင့် အခုလိုသင်တန်းအချိန် နှစ်ခု ခွဲပြီး စီစဥ်လိုက်ရတာပဲဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု Thai Global Business Administration Technological College (TGBC) မှ သင်တန်းအောင်လက်မှတ်ကို ထိုင်း/ English နှစ်ဘာသာဖြင့် ထုတ်ပေးသွားမှာဖြစ်လို့ အလုပ်လျှောက်တဲ့အခါ အထောက်အကူဖြစ်စေမှာပါ။
လူမျိုးဘာသာ ကျား/မ မရွေး၊ အသက်အရွယ်/ ပညာအရည်အချင်း ကန့်သတ်မှုမရှိ၊ မြန်မာစကားပြောတတ်ရုံနဲ့ ထိုင်းနိုင်ငံပညာရေးဝန်ကြီးဌာနအသိအမှတ်ပြု Bangkok မြို့ရှိ Thai Global Business Administration Technological College မှာ ဖွင့်လှစ်သော ထိုင်းဘာသာစကားအခြေခံသင်တန်းကို တက်ရောက်သင်ယူခွင့်ရမှာဖြစ်ပါတယ်။
Thai Language Efficiency Course ထိုင်းဘာသာစကား (Zoom) သင်တန်း
သင်တန်းကာလ - နှစ်လခွဲ (10 weeks)
ရွေးချယ်တက်ရောက်နိုင်တဲ့သင်တန်းအချိန်များကတော့ -

အပတ်စဥ် ၃ - စနေနေ့တိုင်း၊
ထိုင်းအချိန်: မနက် (၈-၁၁) နာရီ/ မြန်မာအချိန် မနက် (၇:၃၀ - ၁၀:၃၀)နာရီ။
အပတ်စဥ် ၄ - အင်္ဂါနေ့ နှင့် ဗုဒ္ဓဟူးနေ့တိုင်း၊
ထိုင်းအချိန်: ည(၈နာရီမှ ၉နာရီခွဲ)/ မြန်မာအချိန် ည(၇:၃၀ မှ ၉)နာရီ။

သင်တန်းကြေး - (၂၄၉၉) ဘတ် (No Other Fees)
(မြန်မာမှ သင်တန်းသားများ KBZ pay ဖြင့် ပေးသွင်းနိုင်ပါသည်။)
သင်တန်းများ စမည့်နေ့တွေကတော့ -
အပတ်စဥ်(3) - 08 Aug 2026 (Saturday)
အပတ်စဥ်(4) - 12 Aug 2026 (Wednesday)
သင်တန်းတက်ချင်တယ်ဆိုရင်တော့ -
TGBC College (Bangkok) တွင် လူကိုယ်တိုင်လာရောက် သင်တန်းအပ်နှံနိုင်သလို Online မှလည်း သင်တန်းအပ်နှံနိုင်ရန် စီစဉ်ထားပါတယ်။
082-139-2133 (Thai Phone: မြန်မာဘာသာဖြင့်စုံစမ်းရန်)
062-338-1085 (Thai Phone: မြန်မာဘာသာဖြင့်စုံစမ်းရန်)
082-875-1956 (Thai Phone: ထိုင်းဘာသာဖြင့်စုံစမ်းရန်)
Viber only (မြန်မာဖုန်း : ၀၉၇၈၉၆၆၇၁၁၆)
Facebook : https://www.facebook.com/share/p/1NnwVj9ef2/