UNESCO Myanmar ကနေ ပညာရေးစိတ်ပညာတန်ဖိုးနဲ့ သင်ကြားသင်ယူမှုမှာ အသုံးဝင်ပုံ၊ စာသင်ခန်းထဲမှာ လက်တွေ့အသုံးပြုနိုင်ဖို့ကို ရည်ရွယ်ပြီး ဒီသင်တန်းကို အခမဲ့ ဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်။
ဆရာ၊ ဆရာမတွေအနေနဲ့ ပညာရေးစိတ်ပညာဆိုင်ရာ အတွေးအခေါ်၊ အယူအဆတွေကို သိရှိနားလည်ထားမှ ကလေးတွေအတွက် လုံခြုံနွေးထွေးပြီး သင်ယူမှုအခွင့်အလမ်းကောင်းတွေ ပံ့ပိုးပေးနိုင်တဲ့ သင်ကြားရေးဝန်းကျင်ကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။
သင်ယူရမယ့် မော်ဂျူး (၆) ခု
- ပညာရေးစိတ်ပညာအကြောင်းသိကောင်းစရာများ
- စိတ်ပညာရှင် စကင်နာ၊ ပီယာဂျေးတို့ရဲ့ သီအိုရီတွေနှင့် စေ့ဆော်မှု
- ကျောင်းသားတို့ရဲ့ စိတ်ကျန်းမာရေး
- ဉာဏ်ရည်နှင့်ပတ်သက်တဲ့ သီအိုရီများ
- သင်ယူမှုမှာ လူသာပဓာန သဘောတရားနှင့် ချဉ်းကပ်နည်းများ
- ကမ္ဘာတစ်ဝန်း အသုံးပြုနိုင်တဲ့ သင်ယူမှုပုံစံ
သင်တန်းကို ဘယ်သူတွေ တက်ရောက်နိုင်လဲ?
- လုပ်ငန်းခွင်ဝင်စ ဆရာ၊ ဆရာမများ
- လုပ်ငန်းခွင်ဝင်ပြီး ဆရာ၊ ဆရာမများ
- ပညာရေးစိတ်ပညာကို အခြေခံမှ အဆင့်မြင့်အထိ စနစ်တကျ လေ့လာသင်ယူလိုသူများ
သင်တန်းတက်ရောက်ပြီး ရရှိမယ့်အကျိုးကျေးဇူးများ
- ပညာရေးစိတ်ပညာနဲ့ သင်ကြားရေးအတွေးအခေါ်တွေကို နက်ရှိုင်းစွာ သဘောပေါက်နားလည်လာပါမယ်။
- အရေးပါတဲ့ စိတ်ပညာသီအိုရီတွေကို နားလည်ပြီး သင်ကြားသင်ယူမှုလုပ်ငန်းစဉ်မှာ ပြန်လည် အသုံးချလာနိုင်ပါမယ်။
- ကျောင်းသားတွေရဲ့ သင်ယူမှု၊ စေ့ဆော်မှု၊ စိတ်ကျန်းမာရေးနဲ့ ဉာဏ်ရည်ကွဲပြားမှုတို့ကို သိရှိပြီး ထိရောက်တဲ့ သင်ကြားမှုနည်းလမ်းတွေကို အသုံးပြုလာနိုင်ပါမယ်။
- ကျောင်းသားဗဟိုပြု သင်ကြားရေးနည်းလမ်းတွေကိုလည်း ဒီဇိုင်းရေးဆွဲပြီး လက်တွေ့ အသုံးချနိုင်လာနိုင်မယ်။
- စစ်ဆေးအကဲဖြတ်မှုတွေကို ကျောင်းသားတစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ ဖွံ့ဖြိုးမှုအလိုက် သင့်တော်သလို အကောင်အထည်ဖော်လာနိုင်ပါမယ်။
ဒီသင်တန်းလေးက လုံး၀ အခမဲ့ဖြစ်တဲ့အပြင် ဆရာ၊ ဆရာမတို့ အားလပ်ချိန်မှာ အချိန်ကန့်သတ်ချက်မရှိဘဲ လေ့လာသင်ယူနိုင်တာကြောင့် သင်တန်းအချိန်တွေကို ညှိမရလို့ မတက်ရတာမျိုးလည်း မဖြစ်တော့ပါဘူး။ သင်တန်းပြီးဆုံးသွားရင်လည်း သင်တန်းပြီးမြောက်ကြောင်းလက်မှတ်ကို ရရှိဦးမှာ ဖြစ်ပါတယ်။
သင်တန်းတက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်ကနေတဆင့် အကောင့်ဖွင့်ပြီး Take this course ကို နှိပ်ကာ စတင် လေ့လာနိုင်ပါပြီ။
> https://mmteacherplatform.net
===================================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။