၂၀၂၆ ပညာသင်နှစ် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ဇူလိုင်လကုန်အထိ လက်ခံဆောင်ရွက်ပေးခဲ့ရာ ယခုထပ်မံ၍ ဩဂုတ်လ (၁၄) ရက်နေ့အထိ နောက်ဆုံးအကြိမ်ဖြင့် တိုးမြှင့်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်နှင့် ယခင်နှစ်များက တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူများသည် ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ဩဂုတ်လ (၁၄) ရက်နေ့အထိ (စနေနှင့်တနင်္ဂနွေ မပါ) သက်ဆိုင်ရာတက္ကသိုလ်များတွင် သွားရောက်လုပ်ဆောင်နိုင်သည်။
ကျောင်းဝင်မှတ်ပုံတင်ခြင်း နောက်ဆုံးရက်ဖြစ်သော ဩဂုတ်လ (၁၄) ရက်နေ့ နောက်ပိုင်းတွင် မည်သည့်နည်းနှင့်မျှ ကျောင်းအပ်နှံခြင်းကို ခွင့်မပြုပါသဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အချိန်မီကျောင်းအပ်နှံကြပါရန် တိုက်တွန်းထားပါသည်။
ကျောင်းအပ်ရာတွင် တက္ကသိုလ်ဝင်တန်းအောက်လက်မှတ်၊ အမှတ်စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုဇယား၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာနှင့် လိုင်စင်ဓာတ်ပုံ (၈) ပုံတို့ လိုအပ်သည်။
Source :

=================================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။