ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့၏ ဘာသာရပ်ဌာနများတွင် နည်းပြ/သရုပ်ပြ (လစာနှုန်း ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးများ ခေါ်ယူလျက်ရှိသည်။
လျှောက်ထားသူ၏ အရည်အချင်းသတ်မှတ်ချက်များ
- တည်ဆဲနိုင်ငံသားဖြစ်မှု ဥပဒေနှင့်ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။
- ဂုဏ်ထူးတန်းဘွဲ့ (Honors) သို့မဟုတ် မဟာတန်းတက်ရောက်ရန် အရည်အချင်းပြည့်မီသူ (Qualified) ဖြစ်ရမည်။ (မဟာဘွဲ့ရရှိပြီးသူများကို ဦးစားပေးမည်။)
- ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) အင်ဂျင်နီယာဌာနများနှင့် အလုပ်ရုံဌာနအတွက် B.E ဘွဲ့၊ ကွန်ပျူတာသိပ္ပံဌာနအတွက် B.C.Sc ဘွဲ့၊ သုတေသနနည်းပညာဌာနအတွက် B.E (IT) ဘွဲ့ ရရှိရမည်။
-တိုင်းရင်းသားဘာသာနှင့် ယဉ်ကျေးမှုဌာနအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးရမည့်အပြင် (ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း) တိုင်းရင်းသားဘာသာစကား ကျွမ်းကျင်မှုရှိရမည်။
- စီးပွားရေးပညာဌာနအတွက် ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ဒီဂရီကောလိပ်ရန်ကုန်တွင် B.Econ (Economic)၊ ဒီဂရီကောလိပ်စစ်ကိုင်းတွင် B.Econ (Statistic) ဘွဲ့ရရှိပြီး မဟာအရည်အချင်းစစ်သင်တန်း တက်ရောက်ရန် အဆင့်မီသူ ဖြစ်ရမည်။
- ၂၀၂၆ ခုနှစ် မေလ (၃၁) ရက်နေ့တွင် မဟာအရည်အချင်းစစ်သင်တန်း/မဟာတန်းတက်ရောက်ရန် အဆင့်မီသူဖြစ်ပါက အသက် ၃၅ နှစ်ထက် မကျော်လွန်ရ။ မဟာဘွဲ့ရရှိပြီးသူဖြစ်ပါက အသက် ၃၈ နှစ်ထက် မကျော်လွန်ရ။ ပါရဂူဘွဲ့ရရှိပြီးသူဖြစ်ပါက အသက် ၄၀ နှစ်ထက် မကျော်လွန်ရ။
- နိုင်ငံ့ဝန်ထမ်းဖြစ်ပါက ၂၀၂၆ ခုနှစ် မေလ (၃၁) ရက်နေ့တွင် အသက် ၄၅ နှစ်ထက် မကျော်လွန်ရ။ (သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ ခွင့်ပြုချက်ပါရှိရမည်။)
- ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံသန်စွမ်းသူဖြစ်ရမည်။
- အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismissal) သို့မဟုတ် ရာထူးမှထုတ်ပယ် (Removal) ခံရဖူးသူများ လျှောက်ထားခွင့်မရှိပါ။
လျှောက်လွှာပုံစံ
> https://moba.gov.mm/sites/default/files/2026-
လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ
၁။ လျှောက်လွှာနှင့်အတူ (၂) လအတွင်း ရိုက်ကူးထားသော လိုင်စင်ဓာတ်ပုံ (၂) ပုံ
၂။ ပညာအရည်အချင်းဘွဲ့လက်မှတ်၊ ဘွဲ့ထောက်ခံစာ (မိတ္တူ)
၃။ နောက်ဆုံးနှစ် အမှတ်စာရင်း (မူရင်း)
၄။ အခြေခံပညာအထက်တန်း/တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် (မိတ္တူ)
၅။ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ (၁) လအတွင်း ထောက်ခံချက် (မူရင်း)
၆။ ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ (၁) လအတွင်း ထောက်ခံချက် (မူရင်း)
၇။ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)
၈။ အလုပ်သမားမှတ်ပုံတင်ကတ် (မိတ္တူ)
(မှတ်ချက်။ ။ လူတွေ့စစ်ဆေးခံရမည့်အချိန်တွင် မူရင်းစာရွက်စာတမ်းများကို တစ်ပါတည်း ယူဆောင်လာရမည်။)
လျှောက်ထားခြင်း
လျှောက်လွှာပုံစံနှင့်တကွ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများကို ရယူပြီး ဇူလိုင် (၁၅) ရက် (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထား၍ လူကိုယ်တိုင်ဖြစ်စေ၊ အမြန်ချောပို့ဖြင့်ဖြစ်စေ၊ စာတိုက်မှ မှတ်ပုံတင်၍ဖြစ်စေ လျှောက်ထားလိုသည့်တက္ကသိုလ်သိုလ်သို့ ပေးပို့လျှောက်ထားရမည်။
ဆက်သွယ်ရန်ဖုန်းများ:
ဖွံ့ဖြိုးရေးတက္ကသိုလ် ညွှန်ကြားရေးမှူး(စီမံ) - ၀၉-၇၈၁၄၀၅၅၇၀
ဒီဂရီကောလိပ် (ရန်ကုန်) ညွှန်ကြားရေးမှူး(စီမံ) - ၀၉-၄၂၀၇၂၅၅၆၁
ဒီဂရီကောလိပ် (စစ်ကိုင်း) ညွှန်ကြားရေးမှူး(စီမံ) - ၀၉-၅၃၁၃၂၇၃
ဝင်ခွင့်စာမေးပွဲ
အရည်အချင်းကိုက်ညီသူများသည် သက်ဆိုင်ရာ တက္ကသိုလ်/ဒီဂရီကောလိပ်များတွင် ရေးဖြေစာမေးပွဲ ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်မှသာ လူတွေ့စစ်ဆေးခြင်း ခံယူရမည်။ (ပါရဂူဘွဲ့ရရှိပြီးသူများသည် လူတွေ့စာမေးပွဲကိုသာ ဖြေဆိုရမည် ဖြစ်သည်။)
ရေးဖြေစာမေးပွဲအချိန်ဇယား (၂၀-၇-၂၀၂၆)
မြန်မာစာ (နံနက် ၉ မှ ၁၀ နာရီအထိ)
အင်္ဂလိပ်စာ (နံနက် ၁၀ မှ ၁၁ နာရီအထိ)
အထွေထွေဗဟုသုတ (နံနက် ၁၁ မှ ၁၂ နာရီအထိ)
လူတွေ့စာမေးပွဲ: ရေးဖြေအောင်မြင်သူများကို သက်ဆိုင်ရာ တက္ကသိုလ်/ဒီဂရီကောလိပ်များ၌ ဇူလိုင် (၂၄) ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။
=================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။