တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ခုံနံပါတ်ဖြင့် အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရှုနိုင်

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယခင်နှစ်နည်းတူ ခုံအမှတ်ဖြင့် တိုက်ရိုက်ရှာဖွေကြည့်ရှုနိုင်မည့် ဝက်ဘ်ဆိုက်ဒ် စီစဉ်ထားသည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။ 

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုထားသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ရင်အခုန်ရဆုံးအချိန်ဖြစ်သည့် အောင်စာရင်းထုတ်ပြန်မည့် ရက်အတိအကျကို ယခုထိတိုင် တရားဝင်ကြေညာထားခြင်း မရှိသေးပါ။ 

အောင်စာရင်းထုတ်ပြန်မည့်အစီအစဉ်ကို နိုင်ငံပိုင်ရုပ်မြင်သံကြား၊ သတင်းစာနှင့် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website များနှင့် Facebook Page တို့တွင်သာ  ရက်အနည်းငယ် ကြိုတင်၍ တရားဝင်ကြေညာပေးလေ့ရှိသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းအပေါ် စိတ်ပါဝင်စားမှု မြင့်မားခြင်းကို အခွင့်ကောင်းယူ၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် "အောင်စာရင်းနှင့် အမှတ်စာရင်းများကို ကြိုတင်ကြည့်ရှုပေးမည်" ဟူသော ဆွဲဆောင်မှုများဖြင့် အခကြေးငွေ လိမ်လည်တောင်းခံနေသည့် မသမာသူများကိုလည်း သတိထားရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အသိပေးကြေညာထားသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ရာတွင်လည်း မိမိတို့၏ ခုံအမှတ်ဖြင့် တိုက်ရိုက်ရှာဖွေကြည့်ရှုနိုင်မည့်စနစ်ကို https://result.dme.gov.mm ဝက်ဘ်ဆိုက်တွင် လွှင့်တင်ထားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် မည်သည့် အောင်စာရင်းကြည့် Application ကိုမျှ တရားဝင် ထုတ်ပြန်ထားခြင်း မရှိကြောင်းနှင့် ပြင်ပ Application များ အသုံးပြုခြင်းသည် ကိုယ်ရေးအချက်အလက် လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်ကြောင်း သတိပေးထားသည်။  

Latest Post Local News Read 98 times