ဂျပန်ဘာသာစကားသင်ဆရာ/ဆရာမတို့အတွက် အသံထွက်သင်ကြားနည်းစနစ်ကို အခမဲ့ လေ့လာသင်ယူခွင့် ရရှိမယ့် အစီအစဉ်ကို ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG) မှ ပြုလုပ်ပေးထားပါတယ်။
ဒီသင်တန်းမှာတော့ အသံထွက်ပိုင်းကို လေ့ကျင့်ပေးခြင်းပညာရပ်ကို အခုမှ စတင် လေ့လာမယ့် ဆရာ/ဆရာမတွေအတွက် နားလည်ရလွယ်ကူစေမယ့် အခြေခံက စတင်ပြီး သင်ကြားပေးမှာဖြစ်ပါတယ်။
ဂျပန်ဘာသာစကားအသံထွက်ကို လေ့လာခြင်းဆိုင်ရာ ပညာရပ်များနှင့် လေ့ကျင့်သင်ကြားနည်းများကို သင်ယူခွင့် ရရှိမှာ ဖြစ်ပြီး နောက်ပိုင်း မိမိ သင်တန်းမှာ လက်တွေ့အသုံးချနိုင်တဲ့ သင်ကြားနည်းစနစ်များကို လေ့လာခွင့် ရမှာ ဖြစ်ပါတယ်။
သင်တန်းအမည်
ဂျပန်ဘာသာ သီးခြားစွမ်းရည် သင်ကြားမှုနည်းစနစ်သင်တန်း
ခေါင်းစဉ်
"အသံထွက်ကို သင်ကြားပေးမယ်"
ဘာတွေ သင်ကြားပေးမှာလဲ?
သင်တန်းကာလ
၂၀၂၆ ခုနှစ် ဇွန်လ (၂၆) ရက်မှ ဇူလိုင်လ (၂၄) ရက်အထိ အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့ မြန်မာစံတော်ချိန် ညနေ (၆) နာရီမှ (၈) နာရီအထိ Zoom ကတဆင့် တက်ရောက်ရမှာ ဖြစ်ပါတယ်။
သင်တန်းနေ့ရက်များ
ဇွန်လ ၂၆ ရက် (သောကြာ)
ဇူလိုင် ၁ ရက် (ဗုဒ္ဓဟူး)
ဇူလိုင် ၈ ရက်(ဗုဒ္ဓဟူး)
ဇူလိုင် ၁၀ ရက် (သောကြာ)
ဇူလိုင် ၁၅ ရက် (ဗုဒ္ဓဟူး)
ဇူလိုင် ၁၇ ရက် (သောကြာ)
ဇူလိုင် ၂၂ ရက် (ဗုဒ္ဓဟူး)
ဇူလိုင် ၂၄ ရက် (သောကြာ)
မှတ်ချက်။ ။ ဇူလိုင် ၃ ရက် (သောကြာ)သည် JLPT စာမေးပွဲမတိုင်မီဖြစ်သောကြောင့် သင်တန်းနားပါသည်။ (စုစုပေါင်း သင်တန်းအကြိမ် ၈ ကြိမ်)
ကန့်သတ်လူဦးရေ
(၃၀) ဦး
သင်တန်းကြေး
အခမဲ့
လျှောက်ထားရန် သတ်မှတ်ချက်များ
- JLPT N2 နှင့် အထက်ရှိပြီး ဂျပန်ဘာသာဖြင့် ပို့ချသော သင်တန်းအကြောင်းအရာများကို နားလည်နိုင်သူ
(လျှောက်ထားပြီးနောက် တာဝန်ခံဆရာမှ ဂျပန်ဘာသာဖြင့် အင်တာဗျူးမေးခြင်းများ ရှိနိုင်ပါသည်။ မိခင်ဘာသာစကားအနေဖြင့် ဂျပန်ဘာသာစကားကို အသုံးပြုသူများလည်း လျှောက်ထားနိုင်သည်။)
- မြန်မာနိုင်ငံတွင် နေထိုင်နေသူဖြစ်ပြီး မြန်မာလူမျိုးများကို (၁) နှစ်အထက် ဂျပန်ဘာသာစကား သင်ကြားပေးဖူးသူ
- သင်တန်းပြီးဆုံးပြီးနောက်တွင်လည်း မြန်မာနိုင်ငံအတွင်းတွင် ဂျပန်ဘာသာသင်ကြားရေးဆရာအဖြစ် ဆက်လက်လုပ်ကိုင်မည့်သူ
- သင်တန်း (၈) ကြိမ်အား မပျက်မကွက် တက်ရောက်နိုင်သူ
- လက်တော့ကွန်ပျူတာဖြင့် တက်ရောက်နိုင်ပြီး သင်တန်းချိန်အတွင် ကင်မရာဖွင့်ထားနိုင်သူ
ဖတ်စာအုပ်
သင်တန်းဆရာမှ ပြင်ဆင်ထားတဲ့ စာရွက်စာတမ်းတွေနဲ့ သင်ကြားပါမယ်။
သင်တန်းဆင်းလက်မှတ်
သင်တန်းတက်ရောက်တဲ့ အကြိမ်အရေအတွက်၊ Assignment တင်သွင်းခြင်း၊ သင်တန်းဆင်းစာမေးပွဲ စတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူတွေကိုသာ ပေးအပ်သွားပါမယ်။
သင်တန်းဆင်းစာမေးပွဲ ကျင်းပမယ့်ရက်
ဇူလိုင်လ ၂၂ ရက် (ဗုဒ္ဓဟူး)
လျှောက်ထားရန်
အောက်ပါ လင့်ခ်မှတဆင့် ဇွန်လ (၁၇) ရက်၊ နေ့လည် (၁၂) နာရီ နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။ သင်တန်းတက်ရောက်ခွင့် ရရှိသူစာရင်းကို ဇွန်လ (၂၂) ရက် မနက်ပိုင်းတွင် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။
> https://forms.cloud.microsoft/pages/responsepage.aspx?
စုံစမ်းမေးမြန်းရန် - ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ
Email : [email protected]
ဖုန်း : 09-891055553
တာဝန်ခံ : KD Sunday Seng Htoi Khawn Taung
တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
အသေးစိတ်ဖတ်ရှုရန် > https://www.facebook.com/share/p/1FArgiJjQ2/
===========================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။