ဒီနေ့မှာတော့ MYEO ကနေ ပထမဆုံး ဖွင့်လှစ်မယ့် Psychological First Aid and Psychosocial Support Training (Batch 1) ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ဒီပရိုဂရမ်က (၃) လ ကြာမြင့်မှာ ဖြစ်ပြီး ကျောင်းသားတွေနဲ့ မိမိပတ်ဝန်းကျင်ကလူတွေကို Mental Support လုပ်ပေးနိုင်မယ့် ဆရာဖြစ်လိုသူတွေ တက်ရောက်သင့်ပါတယ်။
ဆရာ၊ ဆရာမတွေဟာ စာသင်ပြရုံတင်မကဘဲ ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်ဖြေရှင်းပေးနေရသူတွေ ဖြစ်ပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာပြသနာတွေ ဖြေရှင်းရတဲ့အခါ မိမိကိုယ်တိုင်က စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုနည်းတွေကို တတ်မြောက်ထားမှသာ ပရော်ဖက်ရှင်နယ်ဆန်ဆန် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် MYEO ကနေ စာတွေ့ (၁) လ၊ လက်တွေ့ (၂) လ အချိန်ယူပြီး ဆရာ၊ ဆရာမတွေကို စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုနည်း (PFA) နှင့် လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု (PSS) သင်တန်းကို အွန်လိုင်းကတဆင့် သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။
Phase 1: Foundation (ပထမလ)
ပထမတစ်လမှာတော့ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုနည်း (PFA) ရဲ့ အခြေခံသဘောတရားတွေကို အပြန်အလှန်ဆွေးနွေးရမယ့် Workshop တွေနဲ့အတူ သင်ယူရမှာပါ။ တစ်ဖက်သူကို ထိရောက်စွာ နားထောင်ပေးနိုင်မယ့် Active Listening စွမ်းရည်တွေ၊ Trauma-informed Communication နည်းလမ်းတွေကိုလည်း လေ့လာရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်တွေ့ကွင်းဆင်းတဲ့အခါ လုံခြုံစိတ်ချရအောင် Safety Protocols တွေကိုပါ သေချာလေး သင်ပေးသွားမှာပါ။
Phase 2: Practicum (ဒုတိယလနဲ့ တတိယလ)
ဒါကတော့ စာတွေ့သင်ယူထားတာတွေကို လက်တွေ့ပြန်လည် အသုံးချရမယ့် အပိုင်းပဲ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အကူအညီလိုအပ်နေတဲ့ ကိုယ့်အသိုင်းအဝိုင်းနဲ့ ကျောင်းသားတွေကို ကူညီပံ့ပိုးပေးရင်း လက်တွေ့ သင်ယူရမှာ ဖြစ်ပါတယ်။ လက်တွေ့ဆင်းချိန်မှာ မိမိတစ်ယောက်တည်း လုပ်ရမှာမဟုတ်ဘဲ MYEO အဖွဲ့ဆီကနေ အပတ်စဉ် အနီးကပ် ကြီးကြပ်လမ်းညွှန်မှုတွေ ရရှိမှာ ဖြစ်ပါတယ်။ ပြီးတော့ လက်တွေ့လုပ်ဆောင်နေတဲ့ကာလမှာ ဆရာ၊ ဆရာမတို့ လိုအပ်တာတွေအတွက်ကိုလည်း MYEO ဘက်ကနေ Support ပေးသွားဦးမှာ ဖြစ်ပါတယ်။
ဒီပရိုဂရမ်မှာ ပါဝင်ခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူးများ
ဇွန်လ (၃၀) ရက်နေ့မှာ ပရိုဂရမ်ကို စတင် မိတ်ဆက် ပြောကြားမှာဖြစ်ပြီး ဇူလိုင်လ (၁) ရက်နေ့မှာတော့ သင်တန်းကို စတင် ဖွင့်လှစ်သင်ကြားမှာ ဖြစ်ပါတယ်။
တက်ရောက်ရမယ့် သင်တန်းရက်နှင့် အချိန်ကတော့ အပတ်စဉ် ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့တို့မှာ ည (၆) နာရီကနေ (၉) နာရီအထိ တက်ရောက်ရမှာ ဖြစ်ပါတယ်။
ပရိုဂရမ်မှာ ပါဝင်ဖို့ စိတ်ဝင်စားတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ MYEO Messenger ကနေတဆင့် "mhpss pfa training" လို့ စာရိုက်ပို့ပြီး ဇွန်လ (၁၆) ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။
Original Post Link - https://www.facebook.com/share/p/18hdKVzgUx/
============================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။