မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ် (၄၇) ခုရှိ သက်ဆိုင်ရာဘာသာရပ်ဌာနများတွင် လစ်လပ်လျက်ရှိသော သရုပ်ပြ၊ နည်းပြ (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) များ ခန့်ထားမည်ဖြစ်သဖြင့် ဇွန် (၅) ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်သည်။
လျှောက်ထားနိုင်သည့် တက္ကသိုလ်နှင့် ဘာသာရပ်များ
အရည်အချင်းသတ်မှတ်ချက်
- လျှောက်ထားသူသည် တည်ဆဲနိုင်ငံသားဖြစ်မှုဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။
- သက်ဆိုင်ရာဘာသာရပ်နှင့် ဆက်စပ်ဘာသာရပ်များတွင် ဘွဲ့ရပြီး မဟာအရည်အချင်းစစ်သင်တန်း တက်ရောက်ရန် အရည်အချင်း ပြည့်မီသူ (သို့မဟုတ်) ဂုဏ်ထူးတန်းဘွဲ့ ရရှိပြီး မဟာဘွဲ့သင်တန်း တက်ရောက်ရန် အဆင့်မီသူ (သို့မဟုတ်) မဟာဘွဲ့ရရှိသူ (သို့မဟုတ်) ပါရဂူဘွဲ့ ရရှိသူဖြစ်ရမည်။
- ဘောဂဗေဒ/အသုံးချဘောဂဗေဒ ဘာသာရပ်ဌာနအတွက် ဘောဂဗေဒ/ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ/ဖွံ့ဖြိုးမှုပညာဘာသာရပ်တွင် မဟာအရည်အချင်းစစ်သင်တန်း တက်ရောက်ရန် အဆင့်မီသူဖြစ်ရမည်။ ပြည်သူရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (MPA)၊ ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ (MDevS) ရရှိပြီးသူဖြစ်ပါက ပထမဘွဲ့သည် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ပေးအပ်သည့် စီးပွားရေးဘာသာရပ်နှင့်သက်ဆိုင်သောဘွဲ့ ဖြစ်ရမည်။
- စာရင်းအင်းပညာ/အသုံးချရင်းအင်းပညာရပ်ဌာနအတွက် စာရင်းအင်းပညာ/လူဦးရေပညာဘာသာရပ်တွင် မဟာအရည်အချင်းစစ်သင်တန်း တက်ရောက်ရန် အဆင့်မီသူဖြစ်ရမည်။ အသုံးချစာရင်းအင်းပညာမဟာဘွဲ့ (MAS) ရရှိပြီးသူဖြစ်ပါက အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ပေးအပ်သည့် စီးပွားရေးဘာသာရပ်နှင့် သက်ဆိုင်သောဘွဲ့ ဖြစ်ရမည်။
- ဝါဏိဇ္ဇဗေဒနှင့် စီမံခန့်ခွဲမှုပညာဌာနအတွက် ဝါဏိဇ္ဇဗေဒ/ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ/ စာရင်းကိုင်ပညာ/ စီးပွားရေးလုပ်ငန်းသုံးစီမံခန့်ခွဲမှုပညာဘာသာရပ်တွင် မဟာအရည်အချင်းစစ် သင်တန်းတက်ရောက်ရန် အဆင့်မီသူ ဖြစ်ရမည်။ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA)/ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (MBF)/ ဈေးကွက်စီမံခန့်ခွဲမှုပညာမဟာဘွဲ့ (MMM)/ အာမခံလုပ်ငန်းဆိုင်ရာမဟာဘွဲ့ (MI) ရရှိပြီးသူဖြစ်ပါက ပထမဘွဲ့ သည် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ပေးအပ်သည့် စီးပွားရေးဘာသာရပ်နှင့် သက်ဆိုင်သောဘွဲ့ ဖြစ်ရမည်။
- ခရီးသွားလုပ်ငန်းပညာဘာသာရပ်ဌာနအတွက် ခရီးသွားလုပ်ငန်းနှင့်ဧည့်ဝန်ဆောင်မှုစီမံခန့်ခွဲမှုပညာဘာသာရပ်တွင် မဟာအရည်အချင်းစစ် သင်တန်း တက်ရောက်ရန် အဆင့်မီသူများလည်း လျှောက်ထားနိုင်သည်။ ဧည့်ဝတ်နှင့်ခရီးသွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (MHTM) ရရှိပြီးသူဖြစ်ပါက ပထမဘွဲ့သည် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ပေးအပ်သည့် စီးပွားရေးဘာသာရပ်နှင့် သက်ဆိုင်သောဘွဲ့ ဖြစ်ရမည်။
- စီးပွားရေးပညာဘာသာရပ်ဌာနအတွက် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ပေးအပ်သည့် စီးပွားရေးဘာသာရပ်နှင့် သက်ဆိုင်သောဘွဲ့ ရရှိပြီး မဟာအရည်အချင်းစစ် သင်တန်း တက်ရောက်ရန် အဆင့်မီသူများ ဖြစ်ရမည်။
- ၂၀၂၆ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် မဟာအရည်အချင်းစစ် သင်တန်းတက်ရန် အဆင့်မီသူများနှင့် မဟာတန်း တက်ရောက်ရန် အဆင့်မီသူများ ဖြစ်ပါက အသက် (၃၅) နှစ်ထက် မကျော်သူ၊ မဟာဘွဲ့ ရရှိပြီးသူများနှင့် မဟာသုတေသနဘွဲ့ ရရှိပြီးသူများဖြစ်ပါက အသက် (၃၈) နှစ်ထက် မကျော်သူ၊ ပါရဂူဘွဲ့ ရရှိပြီးပါက အသက် (၄၀) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
- လက်ရှိတာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် အသက် (၄၀) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
- အစိုးရဌာနတစ်ခုခု၏ ရာထူးမှ ထုတ်ပယ်ခြင်း (Removal)၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း (Dismissal) ခံရသူများ လျှောက်ထားခွင့် မရှိပါ။
လျှောက်လွှာပုံစံ

လျှောက်လွှာနှင့်အတူ -
အရည်အချင်း သတ်မှတ်ချက်နှင့် ကိုက်ညီသည့် လျှောက်ထားသူများသည် မိမိလျှောက်လွှာတင်သွင်းခဲ့သည့် သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်တွင် ရေးဖြေ စာမေးပွဲ ဝင်ရောက် ဖြေဆိုပြီး အောင်မြင်လျှင် လူတွေ့ စာမေးပွဲ ဖြေဆိုရမည်။ လူတွေ့စစ်ဆေးခံယူမည့်အချိန်တွင် တိုက်ဆိုင်စစ်ဆေးရန် အထက်ဖော်ပြပါစာရွက်စာတမ်းများ၏ မူရင်းများကို တစ်ပါတည်း ယူဆောင်သွားရမည်။
သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ရေးဖြေစာမေးပွဲ ကျင်းပမည်ဖြစ်ပြီး ဖြေဆိုရမည့် ခုံအမှတ်နှင့် နေရာကို သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ကြေညာထားမည်ဖြစ်ပါသည်။
မြန်မာစာ - ၂၀-၆-၂၀၂၆ - နံနက် (၉)နာရီ မှ (၁၀)နာရီ
အင်္ဂလိပ်စာ - ၂၀-၆-၂၀၂၆ - နံနက် (၁၀)နာရီမှ (၁၁)နာရီ
အထွေထွေဗဟုသုတ - ၂၀-၆-၂၀၂၆ - နံနက် (၁၁)နာရီ (၁၂)နာရီ
လူတွေ့စာမေးပွဲများကို သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၌ ၂၁-၆-၂၀၂၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပါသည်။
====================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။