ရန်ကုန်တွင် ဖွင့်လှစ်မည့် အခြေခံသံတမန်ရေးရာသင်တန်း အွန်လိုင်းမှ လျှောက်ထားနိုင်

သံတမန်ရေးရာကိစ္စရပ်များနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို စိတ်ပါဝင်စား၍ လေ့လာလိုသူများအတွက် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်တွင် ဖွင့်လှစ်ပါမည်။ 

သင်တန်းဝင်ခွင့်အတွက် ပြည်တွင်း/ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်သည်။

သင်တန်းကာလသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့မှ စက်တင်ဘာလ (၂၉) ရက်နေ့အထိ (၁၅) ပတ် ဖြစ်သည်။ သင်တန်းပြီးဆုံးပါက (Certificate in Basic Diplomatic Skills-BDS) လက်မှတ် ရရှိပါမည်။

သင်တန်းအချိန်များမှာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် (၇) နာရီမှ (၉) နာရီအထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်တွင် တက်ရောက်ရပါမည်။

အဆိုပါသင်တန်းတွင် -

  • သံတမန်ရေးရာဘာသာရပ်များ၊
  • နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်များ၊
  • နိုင်ငံတကာဥပဒေဆိုင်ရာဘာသာရပ်များ၊
  • စီးပွားရေး ဘာသာရပ်များနှင့် အထွေထွေဗဟုသုတဆိုင်ရာဘာသာရပ်များ စသည်တို့ကို သင်ကြားရပါမည်။

သင်ကြားပေးမည့် ဆရာ/မများ

  • အငြိမ်းစား သံအမတ်ကြီးများ၊
  • ဝါရင့်သံတမန်များ၊
  • နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊
  • ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊
  • ဘာသာရပ် ဆိုင်ရာကျွမ်းကျင်သူများ၊
  • တက္ကသိုလ်များမှ ပါမောက္ခများမှ စာတွေ့/လက်တွေ့ သင်ကြား ပို့ချပေးသွားမည်ဖြစ်ပါသည်။

လျှောက်လွှာတင်သွင်းခြင်း

သင်တန်းသို့ လျှောက်ထားလိုသူများအနေဖြင့် အောက်ဖော်ပြပါစာရွက်စာတမ်းများနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်သို့ လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်း (https://forms.gle/dNMHQY3MHLVMPL4E8) မှဖြစ်စေ မေလ (၂၁) ရက်နေ့မှ (၂၉) ရက်နေ့အတွင်း လျှောက်ထားနိုင်ပါသည်။

  • ဘွဲ့လက်မှတ် (သို့မဟုတ်) ယာယီဘွဲ့ထောက်ခံစာမိတ္တူ 
  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ
  • နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်း တက်ရောက်ခွင့်ပြုကြောင်းထောက်ခံစာ (မူရင်း)
  • ၆ လအတွင်း ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာ (နိုင်ငံ့ဝန်ထမ်းဖြစ်က မလို)
  • လိုင်စင်ဓာတ်ပုံ(၃)ပုံ (၁.၅” x ၂” အရွယ်အစား၊ နောက်ခံအပြာ)

(မှတ်ချက်။ လျှောက်လွှာအရေအတွက် ကန့်သတ်ထားပါသဖြင့် သတ်မှတ် အရေအတွက် ပြည့်ပါက 
လျှောက်လွှာများ ထပ်မံလက်ခံသွားမည် မဟုတ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။) 

လျှောက်လွှာတင်သွင်းသူများအနက်မှ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအား လူတွေ့စစ်ဆေးခြင်းကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး အွန်လိုင်းမှ လျှောက်လွှာတင်ထားသူများအနေဖြင့် လူတွေ့ လာရောက်ဖြေဆိုရာတွင် အထက်ဖော်ပြပါ စာရွက်စာတမ်းမူရင်းများကိုပါ တစ်ပါတည်း ယူဆောင်လာရန်ဖြစ်ပါသည်။

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖုန်း - ၀၁-၂၂၁၅၃၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

=========================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational Read 658 times