၂၀၂၆ ပညာသင်နှစ် ပထမနှစ်အဝေးသင်များကို ဧပြီလကုန်ထိ ကျောင်းအပ်နိုင်

၂၀၂၆ ပညာသင်နှစ်အတွက် ပထမနှစ် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို မတ်လကုန်အထိ လက်ခံဆောင်ရွက်ပေးခဲ့ရာ ယခု ဧပြီလကုန်အထိ ရက်တိုးမြှင့် လက်ခံပေးမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ၂၀၂၆ ပညာသင်နှစ်အတွက် ပထမနှစ် အဝေးသင်သင်တန်း ဝင်ခွင့်ရရှိထားသူများသည် ကျောင်းမအပ်ရသေးပါက လာမည့် ဧပြီလ (၃၀) ရက်နေ့အထိ စနေ၊ တနင်္ဂနွေမပါ ကျောင်းအပ်နိုင်ပါသည်။

ကျောင်းအပ်ရာတွင် တက္ကသိုလ်ဝင်တန်းအောက်လက်မှတ်၊ အမှတ်စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုဇယား၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာနှင့် လိုင်စင်ဓာတ်ပုံ (၈) ပုံတို့ လိုအပ်သည်။

၂၀၂၆ ပညာသင်နှစ်၏ အဝေးသင် ပထမအသုတ်၊ ဒုတိယအသုတ်၊ တတိယအသုတ်များအတွက် ပထမနှစ်မှစ၍ နောက်ဆုံးနှစ်အထိ သင်တန်းကာလနှင့် စာမေးပွဲအချိန်စာရင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

အဝေးသင် ပထမအသုတ် (သိပ္ပံအထူးပြုဘာသာရပ်များအားလုံး)

သင်တန်းကာလ (ပထမနှစ်) - ၁၀.၁.၂၀၂၆ မှ ၂.၈.၂၀၂၆ အထိ။ (သင်ကြားချိန် ၂၉ ရက်)

သင်တန်းကာလ (ဒုတိယနှစ်နှင့်အထက်) - ၂၁-၂-၂၀၂၆ မှ ၂၃-၈-၂၀၂၆ အထိ။ (သင်ကြားချိန် ၂၆ ရက်)

ကိုယ်ပိုင်စာကြည့်ချိန် - ၂၄.၈.၂၀၂၆ မှ ၃၀.၉.၂၀၂၆ အထိ။ 

စာမေးပွဲကာလ - ၁.၁၀.၂၀၂၆ မှ ၇.၁၀.၂၀၂၆ အထိ။ (စနေအပါ ဖြေဆိုရမည်)

အဝေးသင် ဒုတိယသုတ် (ဝိဇ္ဇာအထူးပြုများ - အင်္ဂလိပ်စာ၊ ဥပဒေ၊ ပထဝီဝင်၊ စိတ်ပညာ၊ ဒသနိကဗေဒ၊ အရှေ့တိုင်းပညာ)

အနီးကပ်သင်တန်းကာလ (ပထမနှစ်မှ နောက်ဆုံးနှစ်အထိ) - ၉-၁၀-၂၀၂၆ မှ ၁၈-၁၀-၂၀၂၆ အထိ။ (စနေ၊ တနင်္ဂနွေအပါ (၁၀) ရက် သင်ကြားချိန်)

ကိုယ်ပိုင်စာကြည့်ချိန် - ၁၉.၁၀.၂၀၂၆ မှ ၂၁.၁၀.၂၀၂၆ အထိ

စာမေးပွဲကာလ - ၂၂.၁၀.၂၀၂၆ မှ ၃၀.၁၀.၂၀၂၆ အထိ။ (စနေအပါ၊ သီတင်းကျွတ်ပိတ်ရက်မပါ ဖြေဆိုရမည်)

အဝေးသင် တတိယအသုတ် (ဝိဇ္ဇာအထူးပြုများ - မြန်မာစာ၊ သမိုင်း၊ စီးပွားရေး၊ စီးပွားစီမံပညာ)

အနီးကပ်သင်တန်းကာလ (ပထမနှစ်မှ နောက်ဆုံးနှစ်အထိ) - ၂-၁၁-၂၀၂၆ မှ ၁၁-၁၁-၂၀၂၆ အထိ။ (စနေ၊ တနင်္ဂနွေအပါ (၁၀) ရက် သင်ကြားချိန်)

ကိုယ်ပိုင်စာကြည့်ချိန် - ၁၂.၁၁.၂၀၂၆ မှ ၁၅.၁၁.၂၀၂၆ အထိ

စာမေးပွဲကာလ - ၁၆.၁၁.၂၀၂၆ မှ ၂၅.၁၁.၂၀၂၆ အထိ။ (စနေအပါ၊ တန်ဆောင်မုန်းပိတ်ရက်မပါ ဖြေဆိုရမည်)

ဆက်သွယ်စုံစမ်းရန် - အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၀၁ ၇၅၃၇၆၇၇၊ ၀၁ ၇၅၂၅၆၁၂၊ ၀၁ ၇၅၀၃၁၄၇။

=======================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 211 times