ရန်ကုန်ပညာရေးတက္ကသိုလ်က ဖွင့်လှစ်မည့် ပညာရေးဒီပလိုမာသင်တန်း

ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာရေးဒီပလိုမာ (စာပေးစာယူ) သင်တန်း [Diploma in Education (Correspondence Courses)] အား ဖွင့်လှစ်မည်ဖြစ်သဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသူများ လျှောက်ထားခွင့်ရှိသည်။

ဝင်ခွင့်စာမေးပွဲဖြေဆိုရန် လျှောက်ထားခွင့်ရှိသူများ

- အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများတွင် အထက်တန်းပြ၊ မူလတန်းကျောင်းအုပ်၊ အလယ်တန်းပြ၊ မူလတန်းပြ၊ ဒုတိယအလယ်တန်းပြ၊ ဒုတိယမူလတန်းပြအဖြစ် တာဝန်ထမ်းဆောင်နေသူများ

- အထက်တန်းပြ (သို့) အလယ်တန်းပြနှင့် လစာနှုန်းတူ သင်ကြားရေးနှင့် သက်ဆိုင်သူများ၊ ပညာရေးဒီဂရိကောလိပ်များတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသူများ

- ပညာရေးဒီဂရီကောလိပ်များတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသူများ

- ဆရာ၊ ဆရာမများဖြစ်ပါက သင်ကြားရေးလုပ်သက် တစ်ဆက်တည်း (၂) နှစ် ပြည့်ပြီးသူများ

- အထက်တန်းပြနှင့် လစာနှုန်းထား တူညီသည့် သင်ကြားရေးနှင့် သက်ဆိုင်သော ဒုဦးစီးမှူးများ၊ ဒုကြီးကြပ်ရေးမှူးများနှင့် PGDMA ဘွဲ့ရကွန်ပျူတာလုပ်ဆောင်ရေးမှူးများ (၂၀၂၆ ခုနှစ် အောက်တိုဘာလ (၃၁) ရက်တွင် တစ်ဆက်တည်း လုပ်သက် (၅) နှစ် ပြည့်ပြီးသူများဖြစ်ရမည်။)

- အလယ်တန်းပြ (သို့) မူလတန်းကျောင်းအုပ်များနှင့် လစာနှုန်းထား တူညီသည့် သင်ကြားရေးနှင့် သက်ဆိုင်သော ဒု-လ/ထကြီးကြပ်ရေးမှူးများ၊ PGDMA ဘွဲ့ရ လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးများ (၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်တွင် တစ်ဆက်တည်း လုပ်သက် (၅) နှစ် ပြည့်ပြီးသူများ ဖြစ်ရမည်။)

- ဘွဲ့တစ်ခုခုရရှိပြီး ပညာရေးဘွဲ့ (B.Ed) မရရှိသေးသူများ (ဝိဇ္ဇာ/သိပ္ပံ မဟာဘွဲ့ ရရှိသူများကို ဦးစားပေးမည်။)

- အခြားသင်တန်းတစ်ခုခုသို့ တက်ရောက်မနေသူများ

- ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်တွင် အသက် (၅၇) နှစ်ထက် မကြီးသူများ လျှောက်ထားနိုင်သည်။

လျှောက်လွှာတင်သွင်းခြင်း

အထက်ပါသတ်မှတ်ချက်နှင့် ကိုက်ညီသူများသည် ဝင်ခွင့်စာမေးပွဲ လျှောက်လွှာပုံစံများကို တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများတွင် ရယူပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၏ ထောက်ခံချက်နှင့်အတူ မြို့နယ်ပညာရေးမှူးရုံးများသို့ မတ်လ (၃၀) ရက်မှ ဧပြီ (၉) ရက်အထိ လျှောက်လွှာတင်သွင်းရမည်။

ပညာရေးဒီဂရီကောလိပ်များမှ လျှောက်ထားသူများသည် သက်ဆိုင်ရာ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၏ ထောက်ခံချက်နှင့်အတူ ဆရာအတတ်ပညာဦးစီးဌာန၏ ခွင့်ပြုချက် ရယူ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများသို့ ရက် ဧပြီ (၉) ရက် နောက်ဆုံးထား၍ လျှောက်လွှာများ တင်သွင်းရမည်။

အထူးပြုဘာသာရပ် ရွေးချယ်လျှောက်ထားခြင်း

ပညာရေးဒီပလိုမာ(စာပေးစာယူ) သင်တန်းသည် (၂) နှစ်သင်တန်းသာဖြစ်သဖြင့် ဘာသာရပ်ကျွမ်းကျင်မှု၊ သင်ပြနည်းကျွမ်းကျင်မှုတို့အတွက် အထူးပြုဘာသာရပ်တစ်ခုတည်းကိုသာ ရွေးချယ်ဖြေဆို သင်ယူခွင့်ပြုမည်ဖြစ်သည်။

လျှောက်ထားသူ၏ မူလဘွဲ့ရ ဘာသာရပ်ကို သင်ယူလိုသည့် အထူးပြုဘာသာရပ်အဖြစ် လျှောက်ထားရမည်ဖြစ်သည်။ မူလဘွဲ့ရဘာသာရပ်နှင့် သင်ယူလိုသည့် အထူးပြုဘာသာရပ် ကိုက်ညီမှု မရှိပါက လျှောက်လွှာအား လက်ခံစဉ်းစားမည် မဟုတ်ပါ။

စိတ်ပညာ၊ ဒဿနိကဗေဒ၊ ဥပဒေပညာ၊ အရှေ့တိုင်းပညာ စသည့် ဘာသာရပ်များဖြင့် ဘွဲ့ရရှိထားသူများသည် အင်္ဂလိပ်စာ/ မြန်မာစာ/ သင်္ချာ (သို့မဟုတ်) ဝိဇ္ဇာဘာသာရပ်တစ်ခုခုကို သင်ယူလိုသည့် အထူးပြုဘာသာရပ်အဖြစ် လျှောက်ထားရန်ဖြစ်သည်။

ရွေးချယ်ရေးမူများ

လျှောက်ထားသူများအား တိုင်းဒေသကြီး/ပြည်နယ် ဆရာလိုအပ်ချက်နှင့် ဘာသာရပ်လိုအပ်ချက်တို့ပေါ် မူတည်၍ ဝင်ခွင့်စာမေးပွဲရမှတ် များ/နည်း တန်းစီဇယားဖြင့် စိစစ်ရွေးချယ်မည်။ ရာထူးအလိုက် ဝင်ခွင့်ပြုမည့် ဦးရေအချိုးအတိုင်း စိစစ်ရွေးချယ်မည်။

စာစစ်ဌာနများ

အခြေခံပညာဦးစီးဌာနမှ သတ်မှတ်ပေးသော စာစစ်ဌာနများတွင် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည်ဖြစ်သည်။

ဝင်ခွင့်စာမေးပွဲ စစ်ဆေးမည့် အစီအစဉ်

နေ့ရက် ။ ၂၀၂၆ ခုနှစ်၊ မေလ (၁၂)ရက် (အင်္ဂါနေ့)

အချိန် ။ နံနက် (၉) နာရီမှ (၁၂) နာရီအထိ

ပညာရေးဒီပလိုမာသင်တန်း ဝင်ခွင့်စာမေးပွဲအတွက် မေးခွန်းဟောင်းများ

>> https://www.edge.com.mm/article/diploma-in-education-entrance-exams.html

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရန်ကုန်ပညာရေးတက္ကသိုလ် (စာပေးစာယူသင်တန်းဌာန)၊ ဖုန်းနံပါတ် ၀၉-၂၅၀၁၂၃၅၉၄ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

==================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 682 times