မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ (၂) သိန်းခွဲကျော်ရှိ

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ (၁၁) ရက်နေ့မှ စတင်ကာ ပြည်တွင်းပြည်ပ စာစစ်ဌာနပေါင်း (၈၈၇) ခုဖြင့် ကျင်းပခဲ့ရာ စာမေးပွဲဝင်ရောက်ဖြေဆိုသူ (၂) သိန်းခွဲကျော်ရှိပြီး ယခင်နှစ်ကထက် ပိုများလာသည်ဟု သိရသည်။

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံခြားစာစစ်ဌာန (၁၆) ခုနှင့် ပြည်တွင်းစာစစ်ဌာန (၈၇၁) ခု စာစစ်ဌာနစုစုပေါင်း (၈၈၇) ခု ဖွင့်လှစ်ကျင်းပခဲ့သည်။

စာမေးပွဲဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူ (၂၆၈,၇၅၃) ဦးရှိသည့်အနက် ပထဆုံးဘာသာရပ် မြန်မာစာကို ဝင်ရောက်ဖြေဆိုသူ (၂၅၅,၂၂၈) ရှိပြီး ဖြေဆိုသူ (၉၄.၉၇)% ရှိကြောင်း သိရသည်။ 

၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်တွင်းစာစစ်ဌာန (၅၃) ခုဖြင့် ဖွင့်လှစ်ကျင်းပခဲ့ရာ စာရင်းပေးသွင်းသူ (၃,၃၈၆) ဦး ရှိပြီး မြန်မာစာကို လာရောက်ဖြေဆိုသူ (၃,၃၆၄) ဦးရှိသည့်အတွက် ဖြေဆိုသူ (၉၉.၃၅)% ရှိကြောင်း သိရသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ပထမဆုံးနေ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၂၅၈,၅၉၂) ဦး ရှိပြီး ယနှစ်ကထက် ပိုများလာပါသည်။

၂၀၂၅ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၂၀၇,၈၉၈) ရှိသည့်အနက် (၉၉,၉၂၄) ဦး အောင်မြင်ခဲ့သည့်အတွက် အောင်ချက်ရာခိုင်နှုန်းမှာ (၄၈) ရာခိုင်နှုန်းကျော် ဖြစ်ကြောင်း သိရသည်။

Local News Read 6 times