တက္ကသိုလ်၀င်စာမေးပွဲအတွက် ယာဉ်များ စုံ/မ ခွဲထွက်ရန် မလိုအပ်

မတ်လ (၁၁) ရက်နေ့မှ (၁၇) ရက်နေ့အထိ ဖြေဆိုရမည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း သက်ဆိုင်ရာယာဉ်များ စုံ/မခွဲရန် မလိုဘဲ မောင်းနှင်ခွင့်ပြုထားကြောင်း သိရသည်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပနေစဉ်ကာလအတွင်း မော်တော်ယာဉ်သွားလာခွင့်များ အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ထားကြောင်း မတ်လ (၁၀) ရက်နေ့က မြန်မာအသံနှင့်ရုပ်မြင်သံကြားတွင် ကြေညာထားသည်။

စာမေးပွဲကာလအတွင်း ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ စာမေးပွဲတာဝန်ရှိသူများနှင့် ကျောင်းသားမိဘပြည်သူများသည် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မော်တော်ယာဉ် အသုံးပြုခွင့်ဆိုင်ရာ အစီအမံများဖြစ်သည့် “စာမေးပွဲတာဝန်” သို့မဟုတ် “Car Pass” ကတ်ပြားများကို ကားရှေ့မှန်တွင် ကပ်၍ အသုံးပြုခွင့်ရှိသည်။

စာမေးပွဲတာဝန်ခံယာဉ်များနှင့် ကျောင်းသား ကြို/ပို့ ယာဉ်များကို စုံ/မ အက္ခရာ ခွဲခြားခြင်းမရှိဘဲ သွားလာခွင့်ပြုထားသည့်အပြင် ပြင်ပဖြေကျောင်းသားကျောင်းသူများအနေဖြင့်လည်း မိမိတို့၏ “စာမေးပွဲဖြေဆိုခွင့် ကတ်ပြား” ပြသ၍ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ မောင်းနှင်နိုင်သည်။

====================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Read 439 times