ပညာရေးဒီဂရီကောလိပ်များတွင် နည်းပြ/သရုပ်ပြရာထူးများ လျှောက်ထားနိုင်

ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များတွင် နည်းပြ/သရုပ်ပြရာထူးများ လစ်လပ်လျက်ရှိပါသဖြင့် နီးစပ်ရာ ပညာရေးဒီဂရီကောလိပ်များတွင် လျှောက်လွှာများ အခမဲ့ ရယူလျှောက်ထားနိုင်သည်။

နည်းပြ/သရုပ်ပြရာထူး (လစာနှုန်းကျပ် ၂၁၆,၀၀၀-၂၀၀၀-၂၂၆,၀၀၀) နေရာများအတွက် လျှောက်ထားလိုသူများသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့ (သောကြာနေ့) နောက်ဆုံးထား လျှောက်ထားနိုင်သည်။

လျှောက်ထားသူသည် -

- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

- ပညာရေးဘာသာရပ်များ (ပညာရေးသဘောတရား၊ ပညာရေးစိတ်ပညာ) တွင် ပညာရေးပါရဂူဘွဲ့ (သို့) မဟာပညာရေးဘွဲ့ (သို့) ပညာရေးဘွဲ့ ရရှိပြီးသူဖြစ်ရမည်။

- သင်ပြနည်းဘာသာရပ်များ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထဝီဝင်၊ သမိုင်း) တွင် ပညာရေးပါရဂူဘွဲ့ (သို့) မဟာပညာရေးဘွဲ့ (သို့) ပညာရေးဘွဲ့ ရရှိပြီးသူဖြစ်ရမည်။

- စာပေဘာသာရပ်များ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒ) တွင် ပါရဂူဘွဲ့ (သို့) မဟာသုတေသနဘွဲ့ (သို့) မဟာဝိဇ္ဇာ/မဟာသိပ္ပံဘွဲ့ ရရှိပြီးသူဖြစ်ရမည်။  

- ပညာရေးဖွံ့ဖြိုးမှုဘာသာရပ်များ (စက်မှု၊ အိမ်တွင်းမှု၊ ပန်းချီ၊ ဂီတ၊ ကာယ၊ စိုက်ပျိုးရေး) အတွက် သက်ဆိုင်ရာဖွံ့ဖြိုးရေးဘာသာရပ်ဘွဲ့ (သို့) ပညာရေးဘွဲ့ရရှိပြီးသူများ ဖြစ်ရမည်။

- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်နေ့တွင် ပါရဂူဘွဲ့ ရရှိပြီးသူဖြစ်ပါက အသက် (၃၈) နှစ်ထက် မကျော်လွန်သူ၊ မဟာဘွဲ့နှင့် ပညာရေးဘွဲ့ ရရှိပြီးသူဖြစ်ပါက အသက် (၃၅) နှစ်ထက် မကျော်လွန်သူ၊ သက်ဆိုင်ရာဖွံ့ဖြိုးရေးဘာသာရပ်ဘွဲ့ ရရှိပြီးသူဖြစ်ပါက အသက် (၃၀) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။

- အစိုးရဝန်ထမ်း ဖြစ်ဖူးပါက ဌာန၏ နုတ်ထွက်ခွင့်ပြုကြောင်း အမိန့်စာ တင်ပြနိုင်သူဖြစ်ရမည်ဖြစ်ပြီး ဌာနဆိုင်ရာ အရေးယူ အပြစ်ပေးခြင်း ခံရဖူးသူများ လျှောက်ထားခွင့် မရှိပါ။

- လက်ရှိ အစိုးရဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ ခွင့်ပြုချက် ရရမည်။

- ပညာရေးဒီဂရီကောလိပ်များတွင် ခန့်အပ်ခြင်း ခံရပါက အနည်းဆုံး (၃) နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

လျှောက်လွှာနှင့်တကွ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

- (၆) လအတွင်း ရိုက်ကူးထားသည့် လိုင်စင်ဓာတ်ပုံ (၃) ပုံ

- ပညာအရည်အချင်းအထောက်အထားအတွက် ဘွဲ့လက်မှတ်မိတ္တူ (သို့) ယာယီဘွဲ့ထောက်ခံစာမိတ္တူ (မူရင်းပြသနိုင်ရမည်။)

- တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မိတ္တူ

- နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

- (၁) လအတွင်း ရယူထားသည့် ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက် မူရင်း

- (၁) လအတွင်း ရယူထားသည့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်း ထောက်ခံချက်မူရင်း (နိုင်ငံ့ဝန်ထမ်းမဟုတ်သူများသာ လိုအပ်သည်)

- သက်တမ်းမကုန်သေးသော အလုပ်သမားမှတ်ပုံတင်မူရင်း (နိုင်ငံ့ဝန်ထမ်းမဟုတ်သူများသာ လိုအပ်သည်)

ရေးဖြေနှင့် နှုတ်ဖြေစာမေးပွဲ ကျင်းပမည့်ရက်

သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် လျှောက်ထားသူများသည် လျှောက်လွှာတင်ခဲ့သည့် ပညာရေးဒီဂရီကောလိပ်တွင် ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲ ဖြေဆိုရပါမည်။ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် နိုင်ငံသားစိစစ်ရေးကတ် ပြပြီး စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို လူကိုယ်တိုင် သွားရောက် ထုတ်ယူရပါမည်။

ဇန်နဝါရီ (၁၇) ရက်၊ စနေနေ့တွင် မြန်မာစာကို မနက် (၉) နာရီမှ (၁၀) နာရီအထိ၊ အင်္ဂလိပ်စာကို မနက် (၁၀) နာရီမှ (၁၁) နာရီအထိ၊ အထွေထွေဗဟုသုတကို မနက် (၁၁) နာရီမှ နေ့လယ် (၁၂) နာရီအထိ ဖြေဆိုရပါမည်။  

ပါရဂူဘွဲ့ ရရှိပြီးသူများသည် ရေးဖြေ ဖြေစရာမလိုဘဲ လူတွေ့နှုတ်ဖြေ စစ်ဆေးခြင်းကိုသာ ဖြေဆိုရမည်ဖြစ်ပြီး ဇန်နဝါရီလ (၁၈) ရက်နေ့တွင် ကျင်းပပါမည်။

========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational Read 43 times