ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ နေပြည်တော်တွင် သွားဘက်ဆိုင်ရာအကူ သူနာပြု (ပြင်ပ) သင်တန်းကို (၉) လကြာ ဖွင့်လှစ်မည်ဖြစ်သည်။
သွားဘက်ဆိုင်ရာ အကူသူနာပြု (ပြင်ပ) (၉)လ သင်တန်းအောင်မြင်သူများအား ကုသရေးဦးစီးဌာနမှ အသိအမှတ်ပြု သင်တန်းဆင်းအောင်လက်မှတ်ချီးမြှင့်မည်ဖြစ်သည်။
လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ရမည် _
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
- တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
- အသက် (၁၈) နှစ်မှ (၂၅) နှစ်အတွင်း ဖြစ်ရမည်။
- အိမ်ထောင်မရှိသူ အပျို/လူပျို ဖြစ်ရမည်။
- သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။
- သင်တန်းပြီးဆုံးပါက နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး (၂) နှစ် တာဝန်ထမ်းဆောင်ရမည်။ သင်တန်းပြီးဆုံးအောင် မတက်ရောက်နိုင်ခြင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး (၂) နှစ် တာဝန်မထမ်းဆောင်နိုင်ခဲ့ပါက သတ်မှတ်လျော်ကြေးငွေ ငါးသိန်းကျပ်တိတိပေးလျော်ရမည်။
- သင်တန်းဖွင့်လှစ်မည့် နေပြည်တော်ရှိ ဆေးရုံကြီးများတွင် သင်တန်းတက်ရောက်နိုင်သူဖြစ်ရမည်။
- အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ ထုတ်ပယ်ခြင်း၊ ရာထူးခန့်အပ်ခြင်းမှ အမိန့်စာ ပယ်ဖျက်ခံထားရသူများ လျှောက်ထားခွင့်မရှိပါ။
- ပြစ်မှုကင်းရှင်းသူဖြစ်ရမည်။
- သင်တန်းစရိတ်နှင့် နေထိုင်စားသောက်ရေးကို သင်တန်းသားများကိုယ်တိုင် စီစဉ်ကျခံရမည်။
အောက်ဖော်ပြပါ သင်တန်းဝင်ခွင့်လျှောက်လွှာပုံစံကို ရယူပြီး သွားကျန်းမာရေးပညာဌာနခွဲ၊ ကုသရေးဦးစီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်သို့ လိပ်မူ၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်၊ ညနေ (၄) နာရီခွဲထက် နောက်မကျဘဲ လျှောက်ထားရမည်ဖြစ်သည်။

လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲတင်ပြရမည် _
- (၃) လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ (၃) ပုံ
- တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် ရမှတ်စာရင်း မိတ္တူ (တစ်စောင်စီ)
- နိုင်ငံသားစီစစ်ရေးကတ်ပြား (မိတ္တူ)
- ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းထောက်ခံချက် (မူရင်း)
- အပျို/လူပျို ဖြစ်ကြောင်းသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် (မူရင်း)
- ကျန်းမာရေးကောင်းမွန်ကြောင်း သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာန၏ ဆေးထောက်ခံစာမူရင်း
- ပြည့်စုံစွာ ဖြည့်စွက်ထားသော ကိုယ်ရေးမှတ်တမ်း
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးပညာဌာနခွဲ၊ ဖုန်းနံပါတ်(၀၆၇-၃၄၁၁၁၄၂) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
============================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။
> https://shorturl.at/ktCaP