တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းများကို တိုင်းနှင့်ပြည်နယ် (၁၁) ခုအတွက် ပြန်လည်ထုတ်ပေးမည်

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်းများကို ဩဂုတ်လ (၁၃) ရက်နေ့မှ စပြီး တိုင်းနှင့်ပြည်နယ်အလိုက် ကောင်တာခွဲ၍ တစ်ဦးချင်းထုတ်သူများကိုသာ ဦးစားပေး ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်းများကို ပြီးခဲ့သည့် ဇူလိုင်လ (၃၀) ရက်နေ့က စတင်ထုတ်ပေးခဲ့သော်လည်း မှားယွင်းမှုအချို့ကြောင့် ဩဂုတ်လ (၄) ရက်နေ့တွင် အမှတ်စာရင်းထုတ်ပေးမှုများ ယာယီရပ်နားခဲ့သည်။

ယခုအခါ ဩဂုတ်လ (၁၃) ရက်နေ့တွင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့အတွက် ထုတ်ပေးမည်ဖြစ်ပြီး ဩဂုတ်လ (၁၄) ရက်နေ့တွင် အထက်ပါ ပြည်နယ်များအပါအဝင် စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့အတွက် ထပ်၍ ထုတ်ပေးမည်ဖြစ်သည်။

ရန်ကုန်တိုင်းအပါအဝင် ကျန်တိုင်းဒေသကြီးများအတွက် အမှတ်စာရင်းထုတ်ပေးမည့်ရက်ကို ထပ်မံ ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်တွင် ကောင်တာ (၄) ခုနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးခွဲ)၊ ရန်ကုန်တို့တွင် ကောင်တာ (၁၀) ခုခွဲ၍ တိုက်ရိုက်လာထုတ်သော တစ်ဦးချင်းထုတ်သူများကိုသာ ထုတ်ပေးပြီး အဖွဲ့လိုက် ထုတ်မပေးသေးကြောင်း သိရသည်။

ယခင်ကဲ့သို့ စောင်ရေကောင်တာခွဲ၍ ထုတ်ပေးမည်မဟုတ်ဘဲ ပြည်နယ်/တိုင်းဒေသကြီးအလိုက် ကောင်တာများ သတ်မှတ်ထုတ်ပေးပါမည်။ မိမိထုတ်ယူလိုသော ခုံနံပါတ်တွင် ကချင်ပြည်နယ်မှ ခုံနံပါတ်ဖြစ်ပါက ကချင်ပြည်နယ်ထုတ်ပေးသည့် ကောင်တာတွင်သာ အမှတ်စာရင်းလျှောက်လွှာ တင်ရပါမည်။ 

တိုကင်စနစ်ဖြင့် ထုတ်ပေးမည်ဖြစ်ပြီး ကနဦးတွင် တိုကင် (၅၀) ဖြင့် စတင်ဆောင်ရွက်မည်ဖြစ်သောကြောင့် တစ်ဦးလျှင် အများဆုံး (၃) စောင်အထိသာ ထုတ်ပေးပါမည်။ 

လည်ဆွဲကတ်နှင့် တိုကင်ထုတ်ယူရန်အတွက် သွားမည့်သူတိုင်း မှတ်ပုံတင် (သို့မဟုတ်) ဝန်ထမ်းကတ် (သို့မဟုတ်) ကျောင်းသားကတ် (သို့မဟုတ်) အခြားအထောက်အထားကတ် တစ်ခုခုယူသွားရပါမည်။

အမှတ်စာရင်းလျှောက်လွှာတွင် ခုံအမှတ်၊ အမည်၊ အောင်/ရှုံး၊ ဂုဏ်ထူးရဘာသာများ ဖြည့်စွက် တင်သွင်းရမည်ဖြစ်ပြီး အချက်အလက်မပြည့်စုံပါက လက်ခံဆောင်ရွက်ပေးမည်မဟုတ်ကြောင်း သိရသည်။ 

Source -

=====================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Read 202 times