Sales Hotline : 09448001653    



နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ်အကြောင်း

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) ကို ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင်  ပညာရေး၀န်ကြီးဌာနမှ စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန၊ စက်မှုနည်းပညာ မြှင့်တင်ရေး သင်တန်းဌာန (ဘယ်လင်း) အဖြစ် စတင် ဖွင့်လှစ်ခဲ့သည်။

 

ထို့နောက် ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်၍ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နည်းပညာမြှင့်တင်ရေး သင်တန်းဌာန (ဘယ်လင်း) အမည်ဖြင့် ပြောင်းလဲ သတ်မှတ်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့မှစ၍ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) အမည်သို့ ပြောင်းလဲ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် တည်ရှိသော အဆိုပါ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ်သည် လုပ်ငန်းခွင်အကြိုနှင့် လုပ်ငန်းခွင်ရောက် ဆရာများ၏  သင်ကြား၊ သင်ယူမှုနှင့် ဘာသာရပ်ဆိုင်ရာ လက်တွေ့ကျွမ်းကျင်မှုတို့ကို အရည်အသွေး မြှင့်တင်ပေးရန် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

 

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန (TVET) မှ ဆရာ၊ ဆရာမများ၏ လက်တွေ့သင်ခန်းစာများအား…

  • ကျောင်းသား၊ ကျောင်းသူများသို့ ထိရောက်စွာ သင်ကြား ပြသနိုင်သော စွမ်းရည် (Pedagogy Skills)၊ 
  • ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်မှု (Practical Skills) များကိုသာမက 
  • တီထွင်ဖန်တီးနိုင်စွမ်းရှိမှု၊ 
  • အဖွဲ့လိုက် ဆောင်ရွက်နိုင်မှု၊ 
  • ဆန်းသစ်သော နည်းပညာများအား အစဉ်မပြတ် ထိတွေ့နေမှု စသည့် စွမ်းရည်များနှင့် အရည်သွေးများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ကာ သင်တန်းများအား စဉ်ဆက်မပြက် ဖွင့်လှစ်ပေးလျက် ရှိသည်။

 

ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် လက်တွေ့ ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲနှင့် Innovation Project ပြိုင်ပွဲများကိုလည်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) တွင် နှစ်စဉ် ကျင်းပ ပြုလုပ်ပေးလျက် ရှိသည်။

 

သင်ကြားရေးရာဌာနများ အနေဖြင့်…

  • မြို့ပြအင်ဂျင်နီယာဌာန
  • အီလက်ထရောနစ် အင်ဂျင်နီယာဌာန
  • လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဌာန
  • သုတနည်းပညာဌာန
  • မော်တော်ယာဉ်နည်းပညာဌာန
  • စက်မှုပုံစံပြဌာန
  • CNC ဌာန ဟူ၍ သင်ကြား၊ သင်ယူမှုနှင့် ဘာသာရပ်အလိုက် လက်တွေ့ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ် သင်ကြားပေးနေသည်။

 

သင်ကြားသင်ယူမှုနှင့် လက်တွေ့ကျွမ်းကျင်မှု ကာလတိုသင်တန်းများအပြင် Post Graduate Diploma in TVET Education (1) Year Program, Advance Diploma in TVET Education (1) Year Program, Bachelor of TVET Education စသည့် ကာလရှည်သင်တန်းများအားလည်း တိုးချဲ့ ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိသည်။

 

ဆက်သွယ်ရန်

ဘယ်လင်း- ရဲရွာလမ်း၊ ရှမ်းကန်ကျေးရွာ၊ စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်ခရိုင်၊ မန္တလေးတိုင်းဒေသကြီး
၀၉-၇၈၁၁၃၆၃၅၁
[email protected]
http://www.tttcbaelin.edu.mm/ 

Latest Post University / College Read 577 times