Sales Hotline : 09448001653       Download App



ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်မရလိုက်သူများအား ပြန်လည်ဖြေဆိုခွင့်ပေးမည်

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းသွင်းလျှောက်ထားခဲ့သော်လည်း အခြေအနေအကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲ ဖြေဆိုခွင့်မရခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် စာမေးပွဲ ကျင်းပပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရပါသည်။

 

မတ်လ (၁၁) ရက်နေ့မှာ စတင် ကျင်းပခဲ့သည့် စနစ်သစ်တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုရန် စာရင်းပေးသူဦးရေ စုစုပေါင်း ၁၄၆,၅၂၃ ရှိသည့်အနက် လာရောက်ဖြေဆိုသူဦးရေ ၁၂၈,၆၃၅ ဦးသာ ရှိပါသည်။

 

အဆိုပါ စာမေးပွဲတွင် ဖြေဆိုရန် မှတ်ပုံတင်စာရင်းပေးသွင်းထားပေမဲ့ ဖြေဆိုခွင့်မရလိုက်သည့် ကျောင်းသား၊ ကျောင်းသူများကို အထူးအစီအစဉ်တစ်ရပ်အနေဖြင့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ သက်ဆိုင်ရာ စာစစ်ဌာနများသို့ ခေါ်ယူ၍ စာမေးပွဲဖြေဆိုခွင့်ပေးမည်ဖြစ်ကြောင်း သိရပါသည်။

 

ဖြေဆိုသည့်အခါ မေးမြန်းထားပြီးသား မေးခွန်းကို ဖြေဆိုရမှာ မဟုတ်ဘဲ  တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မေးခွန်းတွေကို ထပ်မံပြုစုပြီး မေးခွန်းအသစ်ထုတ်ပြီး မေးမြန်းမှာဖြစ်ပါသည်။ ဖြေဆိုခွင့်ပေးမည့် နေ့ရက်နှင့် စာစစ်ဌာနများကို ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါသည်။  

 

Source - မြန်မာနိုင်ငံစာစစ်ဦးစီဌာန 

 

Latest Post Local News Read 447 times