Sales Hotline : 09448001653    



ညောင်ရွှေသက်မွေးပညာ သင်တန်းကျောင်းအကြောင်းနှင့် သင်ကြားနိုင်မည့် ဘာသာရပ်များ

၂၀၁၆ ခုနှစ်၊ မတ်လ (၇) ရက်နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ  ညောင်ရွှေသက်မွေးပညာ သင်တန်းကျောင်း Nyaung Shwe Vocational Training Institute (NVTI) ကို ဖွင့်လှစ်ခဲ့သည်။

 

သင်တန်းကျောင်းမှ ဒေသတွင်း လူငယ်/လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး ဒေသနှင့် ကိုက်ညီသော ကာလတိုသင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက် ရှိသည်။

 

ကာလတိုသင်တန်းများ

  • အခြေခံကွန်ပျူတာ အသုံးချ ကျွမ်းကျင်မှုသင်တန်း  
  • အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းသင်တန်း
  • မော်တော်ဆိုင်ကယ် ပြုပြင်ခြင်းသင်တန်း
  • တစ်လုံးထိုးအင်ဂျင် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း
  • အခြေခံစက်ချုပ်သင်တန်း
  • ဟိုတယ်ဆိုင်ရာ အတတ်ပညာသင်တန်းများ
  • အခြေခံ မြေတိုင်းတာနည်းသင်တန်း

 

> ညောင်ရွှေသက်မွေးပညာ သင်တန်းကျောင်း (NVTI)


 

Advertisement

Click Here > Green Leaf

 

သင်တန်းကျောင်း စတင် ဖွင့်လှစ်သည့်နေ့မှ စတင်၍ ယနေ့ထိ ကာလတိုသင်တန်းများဖွင့်လှစ်နေမှု အခြေအနေကို အောက်တွင် ကြည့်ရှုနိုင်သည်။

  • အခြခံ မြေတိုင်းတာနည်းသင်တန်း    (၆) ကြိမ်
  • အခြေခံကွန်ပျူတာ အသုံးချ သင်တန်း (၁၁) ကြိမ်
  • အခြေခံအိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းသင်တန်း (၁၁) ကြိမ်
  • တစ်လုံးထိုး အင်ဂျင်ပြုပြင်းခြင်းသင်တန်း (၉) ကြိမ်
  • မော်တော်ဆိုင်ကယ် ပြုပြင်ခြင်းသင်တန်း (၄) ကြိမ်
  • အခြေခံစက်ချုပ်သင်တန်း (၅) ကြိမ်
  • ငါးဖိန်းသားဖောက်သင်တန်းနှင့် ငါးဆေးထိုး သားဖောက်သင်တန်း (၁) ကြိမ်
  • အစားအသောက်နှင့် အဖျော်ယမကာသင်တန်း (၆) ကြိမ်
  • ဧည့်ကြိုသင်တန်း (၅) ကြိမ်
  • အိပ်ခန်းဆောင် ထိန်းသိမ်းရေးသင်တန်း (၅) ကြိမ်
  • ဝန်ဆောင်မှုသင်တန်း (၁) ကြိမ်
  • ဟိုတယ်ဝန်ဆောင်မှုသင်တန်း (၂) ကြိမ်
  • လယ်ယာသီးနှံနှင့် ဥယျာဉ်ခြံသီးနှံများအား GAP နည်းစနစ်ဖြင့် စိုက်ပျိုးခြင်းသင်တန်း (၁) ကြိမ်

 

ကျောင်းသို့ ဆက်သွယ်ရန်

> 09254102237

Latest Post Vocational Read 943 times