Sales Hotline : 09448001653   Find A Tutor     Download App



ရတနာ ဂဟေဆက်နည်းပညာ သင်တန်းကျောင်း (အောင်ဆန်း) မှာ တက်ရောက်မယ်ဆိုရင်…

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Moattama Gas Transportation (ရတနာစီမံကိန်း) တို့ ပူးပေါင်း၍ ရတနာဂဟေဆက် နည်းပညာသင်တန်းကျောင်း (အောင်ဆန်း) ကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် စတင် တည်ထောင် ဖွင့်လှစ်ခဲ့သည်။

 

အောက်မင်္ဂလာဒုံလမ်းမကြီး၊ စဉ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိပြီး ကျောင်း၏ အကျယ်အဝန်းမှာ (၀.၈၇) ဧကခန့် ရှိသည်။

 

အရှေ့ဘက်၊ အနောက်ဘက်၊ မြောက်ဘက်တို့တွင် ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်း ( ယခင်စက်မှုလက်မှု အထက်တန်းကျောင်း (အောင်ဆန်း)) နှင့် တောင်ဘက်တွင် ပတ်ဝန်းကျင် သန့်ရှင်းရေးဌာနတို့ ရှိသည်။

 

> ရတနာ ဂဟေဆက်နည်းပညာ သင်တန်းကျောင်း (အောင်ဆန်း)

 

ရတနာဂဟေဆက် နည်းပညာသင်တန်းကျောင်းတွင် တက်ရောက်နိုင်မည့် ကာလတိုသင်တန်းများ၊ အခြေခံ လိုအပ်ချက်များနှင့် လိုအပ်သော စာရွက်စာတမ်းများကို အောက်တွင် ဖော်ပြထားသည်။

 

Advertisement

Click Here > YC

 

ကာလတိုသင်တန်းများ

  • Arc Welding Training သင်တန်း
  • Gas Metal Arc Welding Training သင်တန်း
  • Pipe Welding Training သင်တန်း (GTAW)
  • Pipe Welding Training သင်တန်း (SMAW)

 

အခြေခံလိုအပ်ချက်များ

  • အခြေခံပညာအလယ်တန်း အောင်မြင်ထားပြီး အခြေခံအင်္ဂလိပ်စာ နားလည်သူ
  • အကျင့်စာရိတ္တ ကောင်းမွန်ပြီး လုပ်ငန်းခွင့်နှင့် သင့်လျော်သော ကျန်းမာရေးရှိသူ
  • အသက် (၁၈) ပြည့်ပြီး အသက် (၃၅) နှစ်ထက် မကြီးသူ

 

လိုအပ်သော စာရွက်စာတမ်းများ

  • သင်တန်းလျှောက်လွှာ (၁) စောင်
  • ပတ်စ်ပို့ ရောင်စုံဓာတ်ပုံ (၂) ပုံ
  • မှတ်ပုံတင်မိတ္တူ (မူရင်းယူလာရန်) (၁) စောင်
  • ပညာအရည်အချင်း ထောက်ခံချက် မိတ္တူ / မူရင်း (၁) စောင်
  • ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာ (မူရင်း) (၁) စောင်
  • ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ (မူရင်း) (၁) စောင်

 

သင်တန်းဝင်ခွင့်လျှောက်လွှာ ရယူရန်

https://t.ly/FfU-0 

 

ကျောင်းသို့ ဆက်သွယ်ရန်

မေးလ် - [email protected]

ဖုန်း - 09777387369, 01645759

Latest Post Vocational Government School Read 474 times