Sales Hotline : 09448001653   Find A Tutor     Download App



ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် ရရှိသူများနှင့် နေ့ရက်၊ အချိန်များ

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားသူများအနက် ပထမအကြိမ်ဝင်ခွင့် လူတွေ့ နှုတ်မေးစာမေးပွဲ ဝင်ရောက် ဖြေဆိုခွင့် ရရှိသူများ စာရင်းကို စက်တင်ဘာလ (၁၄) ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

 

ဝင်ရောက် ဖြေဆိုခွင့် ရရှိသူများ စာရင်းနှင့် ခုံအမှတ်၊ ဖြေဆိုရမည့် နေ့ရက်၊ အချိန်နှင့် နေရာကို ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာ၊ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၊ အဆင်မြင့်ပညာ ဦးစီးဌာနများက ကြေညာထားခြင်း ဖြစ်သည်။

 

ဖြေဆိုခွင့် ရရှိသူများစာရင်း ကြည့်ရန်

> https://www.moh.gov.mm/page/19351 

> https://www.hrh.gov.mm/uid/6ed56009-c66b-4d30-84f9-631e01e72822 

 

Advertisement

Click Here > Super Apollo

 

ကြေညာချက်ပါ အချက်အလက်များကို သေချာစွာ ဖတ်ရှုပြီး ဖြေဆိုခွင့် ရရှိသူများက သွားဖွားသင်တန်းကျောင်း၊ နေပြည်တော်တွင် ကျင်းပ ပြုလုပ်မည့် ဝင်ခွင့် လူတွေ့ နှုတ်မေးစာမေးပွဲသို့ မိမိတို့ ဖြေဆိုရမည့် သတ်မှတ်နေ့ရက်များအတိုင်း မပျက်မကွက် သွားရောက် ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။

 

ဖြေဆိုရမည့် ခုံအမှတ်နှင့် ဖြေဆိုရမည့် နေ့ရက်၊ အချိန်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ခုံအမှတ် (၁) မှ (၁၆၅) အထိ စက်တင်ဘာ (၁၉) ရက်၊ မနက် (၈) နာရီမှ (၁၂) နာရီအထိ
  • ခုံအမှတ် (၁၆၆) မှ (၃၃၀) အထိ စက်တင်ဘာ (၁၉) ရက်၊ နေ့လည် (၁) နာရီမှ (၅) နာရီအထိ
  • ခုံအမှတ် (၃၃၁) မှ (၄၉၆) အထိ စက်တင်ဘာ (၂၀) ရက်၊ မနက် (၈) နာရီမှ (၁၂) နာရီအထိ
  • ခုံအမှတ် (၄၉၇) မှ (၆၅၉) အထိ စက်တင်ဘာ (၂၀) ရက်၊ မနက် (၁) နာရီမှ (၅) နာရီအထိ

 

ကျန်းမာရေးဝန်ကြီးဌာန

Facebook Page : Ministry of Health, Myanmar

Website : www.moh.gov.mm 

 

ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန

Website : www.hrh.gov.mm  

Latest Post Government School Local News Read 1004 times