Sales Hotline : 09448001653   Find A Tutor     Download App



ဆေးတက္ကသိုလ်အပါအဝင် ဆေးပညာနှီးနွှယ် တက္ကသိုလ်များသို့ ဝင်ခွင့် စတင် လျှောက်ထားနိုင်

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသူများအနေဖြင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ် များသို့ တက်ရောက်လိုပါက  ဝင်ခွင့် စတင် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသည်။

 

ဆေးပညာနှီးနွှယ်တက္ကသိုလ် တစ်ခုခုသို့ ပထမဦးစားပေး လျှောက်ထားလိုသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ (အဆင့်မြင့်ပညာ ဦးစီးဌာန) မှ ထုတ်ပေးသည့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်ကို ဦးစွာ ရယူရမည် ဖြစ်ပြီး ယင်းစာအိတ်ဖြင့် သက်ဆိုင်ရာ တက္ကသိုလ်များသို့  လျှောက်ထားရမည် ဖြစ်သည်။

 

ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်များနှင့် အခြေခံကျန်းမာရေး တက္ကသိုလ်များသို့ ပထမဦးစားပေး လျှောက်ထားသူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်ကို ပညာရေးဝန်ကြီးဌာနအောက်ရှိ လျှောက်လွှာတင်သွင်းရန် သတ်မှတ်ထားသော တက္ကသိုလ် (၂၆) ခုသို့ ပေးဖို့ လျှောက်ထားရမည် ဖြစ်သည်။

 

တက္ကသိုလ် (၂၆) ခုစာရင်း ကြည့်ရန်

https://t.ly/Dvd7a 

 

 

Advertisement

Click Here >  Asia Pacific Inspection Agency

 

ဆေးတက္ကသိုလ်နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ပထမဦးစားပေး လျှောက်ထားသူများအနေဖြင့်မူ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်ကို အောက်ဖော်ပြပါ လျှောက်လွှာလက်ခံမည့် နေရာ (၈) ခုအနက် တစ်ခုခုသို့ တိုက်ရိုက် ပေးပို့ လျှောက်ထားရမည် ဖြစ်သည်။

 

  • ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန (နေပြည်တော်)
  • ဆေးတက္ကသိုလ် (၁) ရန်ကုန်
  • ဆေးတက္ကသိုလ် (၂) ရန်ကုန်
  • ဆေးတက္ကသိုလ်၊ မန္တလေး
  • ဆေးတက္ကသိုလ်၊ မကွေး
  • ဆေးတက္ကသိုလ်၊ တောင်ကြီး
  • သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်)
  • သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး)

 

အဆိုပါ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်များကို လာမည့် ဩဂုတ်လ (၂၅) ရက်နေ့မှ စတင်၍ စက်တင်ဘာလ (၁၀) ရက်နေ့အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များ အပါအဝင် ပိတ်ရက်မရှိ လက်ခံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ် တက္ကသိုလ်များ၏ ဝင်ခွင့်ရွေးချယ်ရေးကို တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည့်အတိုင်း ရွေးချယ်မည် ဖြစ်သည့်အတွက် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်ကို သေချာ ဖတ်ရှုပြီးမှ ဝင်ခွင့်လျှောက်ထားကြရန်လည်း ကြေညာထားသည်။

Government School Latest Post Local News Read 646 times