Sales Hotline : 09448001653   Find A Tutor     Download App



၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ (၉) ရက်နေ့တွင် ထုတ်ပြန်ကြေငြာမည်

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၏ အောင်စာရင်း ရလဒ်များအား တိုင်းနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် ဇွန် (၉) ရက်၊ သောကြာနေ့၊ နံနက် (၆) နာရီမှ စတင်၍ တစ်ချိန်တည်း ကပ်ထားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ထုတ်ပြန်ကြေငြာခဲ့သည်။

Advertisement

Click Here > Golden House

ထို့အပြင် ဇွန် (၉) ရက်၊ နံနက် (၄) နာရီတွင်လည်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ Website စာမျက်နှာဖြစ်သည့် www.myanmarexam.org တွင်လည်း အောင်စာရင်းများအား ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို Website မှ အသိပေးထုတ်ပြန်ကြေညာမည့်အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက် အဆက်အသွယ် ကောင်းစွာ မရရှိသည့် စာစစ်ဌာနများ၏ အောင်စာရင်းများကိုလည်း မြန်မာ့အသံ ရေဒီယိုအစီအစဉ်မှတဆင့် ဇွန် (၉) ရက်နေ့တွင် ကြေညာပေးသွားမည်ဖြစ်သည်။

အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းပါက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်း ၀၁ – ၆၅၃၅၀၉ နှင့် ၀၁-၆၅၃၄၆၇ တို့ကို အောင်စာရင်းထုတ်ပြန်မည့်နေ့တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

Latest Post Local News Read 17925 times