Sales Hotline : 09448001653       Download App



အထက်တန်းကျောင်းဒီပလိုမာအပြင် ဘွဲ့(၃)ခုပါရတော့မယ့် ဆယ်ကျော်သက်ကောင်လေး

အမေရိကန်ပြည်ထောင်စု အနောက်တောင်ပိုင်း၊ အာရီဇိုးနားပြည်နယ်မှာရှိတဲ့ အသက် (၁၇)နှစ်အရွယ် ဆယ်ကျော်သက် ကောင်လေးတစ်ဦးဟာဆိုရင် ယခုနှစ်နွေဦးရာသီမှာ အထက်တန်းကျောင်း ဒီပလိုမာအပြင် ကောလိပ်ဒီဂရီ ၃ခုပါ ရရှိတော့ မှာပဲဖြစ်ပါတယ်။

 

ထရစ်စတန်အန်ဒရာဒီလိုခေါ်တဲ့ ကျောင်းသားလေးဟာဆိုရင် ဆဋ္ဌမတန်းအရွယ်ကတည်းက အွန်လိုင်းကောလိပ် သင်တန်းတွေကို စတင်တက်ရောက်ခဲ့ပါတယ်။ ၈တန်းရောက်တဲ့အချိန်မှာ Estrella Mountain Community College ကပေးအပ်တဲ့ အွန်လိုင်းကရော အပြင်မှာပါ တက်ရောက်လို့ရတဲ့ ကောလိပ်သင်တန်းပရိုဂရမ်ကို  သင်ယူခဲ့ပါတယ်။  အထက်တန်းကျောင်းသင်ရိုးကို ပြီးဆုံးအောင်သင်ယူရင်း တစ်ဖက်မှာလည်း အိမ်ကနေပဲ ကောလိပ်ပရိုဂရမ်တွေကို ပြီးမြောက်အောင်မြင်အောင် သင်ယူခဲ့တာပါ။ 

Advertisement

Click Here > Golden Myanmar

ဒီလိုသင်ယူခြင်းက ကျွန်တော့်အတွက်တော့ အချိန်ကုန်ငွေကုန်အလွန်သက်သာပြီး ကျွန်တော့်ရဲ့ စိတ်ဝင်စားမှု တွေကိုလည်း ပိုပြီးအရှိန်မြင့်လာအောင်အထောက်အပံ့ပေးရာ ရောက်ပါတယ်လို့ ထရစ်စတန်က ဆိုပါတယ်။ ထရစ်စတန်ဟာ လာမယ့်သောကြာနေ့မှာ AI၊ ကွန်ပျူတာသိပ္ပံ၊ သင်္ချာဘာသာရပ်တွေနဲ့ တွဲဖက်ဘွဲ့တွေကို ရရှိတော့မှာပါ။

 

AI က ကျွန်တော်ဝါသနာပါပြီး သဘောကျတဲ့နယ်ပယ်တစ်ခုပါ။ ကျွန်တော့်မှာ အောင်ပွဲခံစရာတွေ အများကြီး ရှိနေပေမယ့် ထပ်ပြီးတော့ ပြီးမြောက်အောင်မြင်ချင်တာတွေ အများကြီးရှိပါသေးတယ်လို့ ထရစ်စတန်ကဆိုပါတယ်။ ထရစ်စတန်အနေနဲ့ ဒါဟာ သူ့ဘဝရဲ့ ကဏ္ဍအသစ်တစ်ခုစတင်လိုက်တယ်လို့ မှတ်ယူထားပါတယ်။

 

ယခုနှစ်ဆောင်းဦးရာသီမှာထရစ်စတန်ဟာအာရီဇိုးနားပြည်နယ်တက္ကသိုလ်ကိုတက်ရောက်တော့မှာဖြစ်ပြီး သူဝါသနာပါတဲ့ AI နဲ့ ကွန်ပျူတာသိပ္ပံမေဂျာကို ရယူဖို့ မျှော်လင့်ထားပါတယ်။ ဒီမေဂျာနဲ့ပဲ မဟာဘွဲ့အထိရယူ ဖို့လည်းစိတ်ကူးထားပါတယ်။ 

 

သူ့ကိုအတုယူချင်တဲ့အခြားကျောင်းသားတွေကိုလည်းအထက်တန်းကျောင်းတက်တုန်းမှာပဲအချိန်ကုန်ငွေကုန် သက်သာရအောင် အွန်လိုင်းရော လူကိုယ်တိုင်ပါ သင်ကြားတက်ရောက်လို့ရတဲ့ ကောလိပ်ကျောင်း ပရိုဂရမ် တွေကို တက်ကြဖို့ အခိုင်အမာအကြံပြုထားပါတယ်။ 

 

အခြားသူတွေကို ကျွန်တော့်အနေနဲ့ ဒီလိုလုပ်ပါလို့ တိုက်တွန်းအားပေးနိုင်တဲ့အချက်ကတော့ ဒီလိုသင်ယူမှုက နေပြီး ကျွန်တော်မသိသေးတဲ့ အကြောင်းအရာတွေရဲ့ အတွေ့အကြုံခံစားချက်တွေကို ရရှိခဲ့သလို အဆက်အသွယ်ကောင်းတွေလည်း အများကြီးရရှိခဲ့လို့ပဲဖြစ်ပါတယ်လို့ ပြောကြားသွားပါတယ်။

 

Ref: 17-year-old set to graduate with 3 college degrees along with HS diploma

Knowledge Latest Post Read 877 times